Monday, October 31, 2011

ရန်ကုန်မြို့ တော်ခန်းမ မနေ့ ည ဗုံးကွဲ



  ယနေ့ည ၉ နာရီကျော်ခန့်မှာ ရန်ကုန် မြို့တော်ခန်းမအနီး ဒုတိယအကြိမ်မြောက် ဗုံးထပ်မံပေါက်ကွဲပါတယ်။ မြို့တော်ခန်းမရဲ့ဆင်ဝင်နားမှာ ပေါက်တာဖြစ်ပြီး ပေါက်ကွဲတဲ့အသံ တော်တော်ကျယ်တဲ့အတွက် မီးခိုးလုံးတွေ ထွက်လာတာကိုပါမြင်ရတယ်လို့ ဟေမာနွေလ ခရစ်ယာန်ဘုရားကျောင်းနေရာမှနေ ရပ်ကြည့်နေတဲ့ မျက်မြင် တွေ့ရှိသူတဦးက ဆိုပါတယ်။ ပထမတလုံးက ည ၇ နာရီကျော်ခန့်မှာ ပေါက်သွားတာဖြစ်ပြီး ပေါက်ကွဲတဲ့အသံ သိပ်မကျယ်ဘူးလို့ သိရပါတယ်။ အခုအချိန်မှာတော့ မြို့ တော်ခန်းမအနီးတဝိုက်ကို လုံခြုံရေးတွေလည်း ပိုမို တိုးမြှင့်ချထားတယ်လို့ မျက်မြင်တွေ့ရှိသူတဦးက ဘားမားဗီဂျေသို့ ပြောဆိုခဲ့ပါတယ်။

             

Saturday, October 29, 2011

ကန်တော်လေး ၉၆ လမ်း တိုက်ဟောင်း ပြိုကျ၊ တဦးသေ တဦး ဒဏ်ရာရ



သေဆုံးသွားသူအား လူနာတင်ယာဉ်ဖြင့် သယ်ထုတ်သွားသည် (ဓာတ်ပုံ - Yangon Press International)

ယနေ့ ည ၉ နာရီ ၂၅ မိနစ်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ၉၆ လမ်းတွင်းရှိ လေးခန်းတွဲ ၂ထပ်တိုက်ဟောင်း တလုံး ၏ နောက်ဖေး ဘယ်ဘက်ခြမ်း တခြမ်းပြို ကျမှုကြောင့် လူတဦးသေဆုံးပြီး တဦး ဒဏ်ရာရရှိသွားသည်။

"ကျွန်တော် တို့ ထမင်းစားပွဲမှာစားနေကြတာ ညီမက နောက်ဖေးဘက်မှာ ဟင်းခွက် သွားယူတဲ့အချိန် ၀ုန်းခနဲ အသံကြီး ကြားပြီးတော့ ပြိုကျသွားတာဘဲ ကျန်တဲ့မိသားစုတွေလည်း အိမ်ရှေ့က ပြေးဆင်းသွားကြတယ် ။ ညီမက ပြိုကျသွားတဲ့ အပျက်အစီးပုံပေါ်မှာ ပက်လက်ကလေး လန်နေတယ်" ဟု ပြိုကျမှုကြောင့် ဒဏ်ရာရရှိသူ မနုကြမ်း၏ အစ်ကိုဖြစ်သူ ဦးမောင်ထွန်းက ပြောသည်။

တိုက်ပြိုကျမှုကြောင့် အောက်ထပ်တွင်ရှိသော အသက် ၄၆ နှစ်အရွယ် အမျိုးသားတဦး အုပ်ချပ်ပြားများပိပြီး သေဆုံးခဲ့သည်ဟု သိရသည်။

" အဲဒီတုန်းက သူက နောက်ဖေးမှာ မီးပြင်နေတာ ပြိုပြီး တော်တော်နဲ့ ၀င်မရဘူးကြားတယ်။ သူ့ကိုတွေ့ပြီး ကယ်နေတုန်းမှ ဆုံးသွားတာ" ဟု ယင်းတိုက်နောက်ဖေးမှ အိမ်နီးချင်းတဦး ကပြောသည်။

တိုက်ပြိုကျပြီး ၂ နာရီကျော်အကြာ ည၁၂ နာရီ ၁၀မိနစ်အကြာတွင် ရုပ်အလောင်းကို သယ်ထုတ်နိုင်ခဲ့သည်။

ရန်ကုန်မြို့စဉ်ပင်သာယာရေး အဆောက်အအုံဌာန မှ တာဝန်ရှိသူတဦးက "ကျွန်တော်တို့ မနက်ဖြန် အဖွဲ့တွေနဲ့ ဆင်းစစ်ပြီးရင် DB( dangerous building) သတ်မှတ်မယ် မူလနေတဲ့သူတွေကို ဖယ်ရှားဖို့ လုပ်မယ်" ဟု ပြောသည်။

ပြိုကျသော အခြမ်း အပေါ်ထပ်တွင် မိသားစုဝင် ၁၀ ဦး နေထိုင်ပြီး အောက်ဘက်ခြမ်းတွင် ၁၁ ဦး နေထိုင်သည်ဟု သိရသည်။

အဆိုပါ တိုက်ခန်းကိုလျှပ်စစ်မီးဖြတ်တောက်ပြီးနောက် နေထိုင်သူများအားလုံးကို ညတွင်းခြင်းပင် ရွှေ့ပြောင်းနေရာချပေးခဲ့သည်ဟု အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးဝင်းနိုင်က ပြောသည်။

အဆိုပါအိမ်မှာ ၄င်းတို့ မိသားစု အစဉ်အဆက် နေထိုင်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၀ ၀န်းကျင်ခန့်က တည်ဆောက်ဖြစ်သည်ဟု သိရသည်။

စွယ်စုံရအနုပညာရှင် ထပ်ဆင့်အကယ်ဒမီ မြတ်လေး


ပန်းချီ - ညိုဝင်း

ကျနော်ငယ်စဉ်က မြတ်လေး၏ ‘ရေပွက်ပမာ’ ‘မလိခချစ်သူ’ ၊ ‘ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း’ ၊ ‘မြခြူသံ’၊ ‘ရွှေလက်ဖြင့်ခေါ်လည်းမလာ’၊ ‘ရင်ထဲမှာရွာသောမိုး’ ၊ စသည့်ရုပ်ရှင်ဇာတ်ကားများကို ကြည့်ဖူးသည်။ ထိုအချိန်မှစ၍ မြတ်လေး၏ ဖနောင့်ကလေးကြွကာ၊ မျက်ခုံးကြီး တဖက် ပင့်ကာ ပင့်ကာနှင့် ကဗျာဆန်ဆန်စကားရှည်ကြီးတွေပြောသော သူ့အမူအယာကို နှစ်ခြိုက်သွားခဲ့သည်။ ထိုခေတ်က သူ့အမူ အယာကို ‘မြတ်လေးစတိုင်’ ဟုခေါ်ကြသည်။ ကျနော့်အထင် သူပါဝင်သောကားတိုင်း၌ အပြောကို လိုအပ်သည်ထက် ‘ကဲ’ လေ့ရှိသည်။

‘ရေပွက်ပမာ’ဇာတ်ကားတွင် မြတ်လေးသည် လူဆိုးဂိုဏ်းဝင်အဖြစ် သရုပ်ဆောင်သည်။ မြတ်လေးသည် မေတ္တာဘွဲ့၊ ဟာသ၊ ဇာတ်ကြမ်း စသည်ဖြင့် ဇာတ်ကောင်စရိုက်မျိုးစုံကို ကျရာဇာတ်ရုပ်အတိုင်း ပီပြင်စွာသရုပ်ဆောင်လေ့ရှိသည်။

၁၉၈၅ ခုနှစ်တွင် သူ ဒုတိယအကြိမ် အမျိုးသားဇာတ်ပို့ဆုအဖြစ် အကယ်ဒမီရွှေစင်ရုပ်ရရှိသော ‘ရင်ထဲမှာရွာသောမိုး’ ကို ဒါရိုက်တာ မောင်မောင်မြင့်ရိုက်ကူး၍ ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ အောင်လွင်တို့နှင့်အတူ သရုပ်ဆောင်ခဲ့သည်။ ၂၃ နှစ်ကြာပြီးမှ ဒုတိယအကြိမ် အကယ် ဒမီ ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဇာတ်ကားတွင် မိဘပစ်သွားသော မွေးကင်းစကလေး (ကျော်ဟိန်း) ကို ကြီးပြင်းသည်အထိ ပညာသင်ကျွေးမွေးစောင့်ရှောက်ထားသော သုဿန်စောင့်ကြီးအဖြစ် မြတ်လေးက သရုပ်ဆောင်ထားသည်။ အချိန်တန်အရွယ်ရောက် လူလားမြောက်လာ သောကျော်ဟိန်းကို မိဘအရင်းများက လာရောက်ပြန်လည်တောင်းဆိုသောအခါ ငယ်ငယ်ကတည်းက မွေးစားခဲ့သောကလေးကို သံယော ဇဉ်ငြိတွယ်နေသဖြင့် မပေးရက်၊မပေးပြန်လျှင်လည်း ကလေး၏ဘ၀သည် သုဿန်ထဲတွင်နေ သုဿန်ထဲ၌ပင် ဘ၀ဆုံးသွားမည်ဖြစ်သည်။ ပေးလိုက်မှသာ မိဘအရင်းတို့က ရွေဘုံပေါ်တွင်ထားပြီး ကလေးဘ၀ကောင်းစားမည်။ သို့ကလို ချီတုန်ချတုန် အပြန်ပြန်အလှန်လှန်စဉ်းစားပြီး ရင်ထဲတွင်မချိဝေဒနာခံစားနေရပုံကို ပီပြင်စွာသရုပ်ဆောင်သွားရာ ကြည့်ရသူတိုင်း ၀မ်းနည်းကြေကွဲမျက်ရည်ကျရသည်အထိ ဖြစ်ခဲ့ရလေ သည်။ ထို့ကြောင့်လည်း အဆိုပါဇာတ်ကားတွင် မြတ်လေးသည် အမျိုးသားဇာတ်ပို့ဆုကို ထိုက်တန်စွာဆွတ်ခူးရရှိသည်ဟု ထင်မြင်မိ ပါသည်။

မြတ်လေးသည် ရုပ်ရှင်ဘက်၌သာ ထူးချွန်သည်မဟုတ်။ စာပေဂီတဘက်၌လည်း ခေသူမဟုတ်ပင်။ သူသည် ကဗျာသမားစာ သမားလည်း ဖြစ်သည်။ တေးရေးတေးဆိုဘက်၌လည်း ထင်ရှားသူဖြစ်သည်။ သူသည် စာပေမှလာသူဖြစ်သောကြောင့် သီချင်းအရေးအလွန်ကောင်း သည်။ သူရေးစပ်သီကုံးခဲ့သော တေးသီချင်းပေါင်း ၂၀၀ ခန့်ရှိရာ ထင်ရှားသည့်သီချင်းများမှာ မေတ္တာစစ်ဆိုသည်မှာ၊ ဝေးပြီမွှေးရယ်၊ မခင် နှင်းဆီ၊ မခင်နှင်းဆီရဲ့နှင်းဆီ၊ မခင်နှင်းဆီရဲ့နှင်း ဆီဇာတ်သိမ်း (မခင်နှင်းဆီသို့ပေးစာကို ကိုတင်ကိုးရေးခဲ့သည်) ပန်းတိုင်းပွင့်ပါစေ၊ ပင်လုံထိပ်ထားဦး၊ ချစ်သက်ပိုင်၊ တစ်ရံရောအခါက၊ ဘာပဲလုပ်ရလုပ်ရ စသည့်သီချင်းများသည် ရေပန်းစားခဲ့သည်။ ယနေ့တိုင်ပြန်ဆိုနေရဆဲပင်မဟုတ်ပါလော။ မြတ်လေး၏သီချင်းများကို သူကိုယ်တိုင်သာမက မောင်မောင်ကြီး၊ ကိုမင်းနောင်၊ ကိုမြကြီး၊ စန္ဒရားချစ်ဆွေ၊ ခင် မောင်လွင်၊ သန်း ဖေလေး၊ သုမောင်၊ မြင့်မြင့်ခင်၊ လီလီကြာညွန့်၊ တင်တင်မြ၊ တင်တင်လှ၊ စသည်တို့က သီဆိုခဲ့ကြသည်။

မြတ်လေးသည် အသစ်အဆန်းကိုရှာဖွေလို၍ အဆင်အလာဟောင်းမှလမ်းခွဲထွက်လိုသူလည်း ဖြစ်သည်။ မြတ်လေးသည် ဇာတ်ကား နာမည်များကိုပင် လူထုသုံးစကားလုံးများရွေး၍ သုံးစွဲတတ်သဖြင့် သူ့ဇာတ်ကားနာမည်များသည် လူထုကြား၌ရေပန်းစားခဲ့သည်။ သူ၏သီ ချင်းဆို၍ငိုရသည်။ သွေးနဲ့ ချွေးနဲ့ ရင်းသည့်မြေ၊ ငို၍ ရယ်၍ မရသော မျက်နှာ၊ ချစ်သူကလ ကိုယ်ကည၊ သူများရီဖို့ ကိုယ်ငိုမယ်၊ ပုဂံအလှရှာပုံတော်၊ ရွှေပန်းကန်ပေါ်ကျတဲ့မျက်ရည် စသည့်နာမည်များမှာ ပရိတ်သတ်ရင်ထဲကို စွဲငြိစေခဲ့သည်။

မြတ်လေးကို ရန်ကုန်တစ်ဖက်ကမ်းခနောင်တိုတွင် အဖစတီးဘရားစာရေးကြီး ဦးဘရှင်၊ အမိဒေါ်မိုးလုံးမှ ၁၉၂၈ခု ဇူလိုင်လ ၂ ရက်၊ တနင်္လာနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းငါးဦးအနက် စတုတ္ထမြောက်ဖြစ်ပြီး ငယ်မည်မှာ မောင်လေးဖြစ်သည်။

ငယ်စဉ်က ခနောင်တိုရွာဦးကုဏ္ဍလ ဘုန်းတော်ကြီးကျောင်းတွင် လေးတန်းအထိ ပညာသင်ကြားခဲ့သည်။ ယင်းနောက်လမ်းမတော် မော် တင်ကျောင်းတွင် လေးတန်းစာမေပွဲဝင် ရောက်ဖြေဆိုသည်။ မြတ်လေး မူလတန်းကျောင်းသားဘ၀မှာပင် ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉ - ၁၉၄၅) ဖြစ်ပွားခဲ့သည်။

ထို့နောက် ဆရာဦးဘအေး၊ ဆရာဦးမြမောင်၊ စာတိုက်ဝန်ထောက်ဦးစံရင်တို့ထံတွင် ပညာကို ဆက်လက်သင်ယူသည်။ စနစ်တကျ သင်ကြားရခြင်းမျိုးမဟုတ်ပေ။ ဆရာတစ်ဦးထံ တွင် ဂဏန်းသင်္ချာ၊ ဆရာတစ်ဦးထံတွင် မြန်မာစာ၊ ဆရာတစ်ဦးထံတွင် အင်္ဂလိပ်စာစသည်ဖြင့် သင်ယူရခြင်းမျိုးဖြစ်သည်။ ဆရာအားလုံးမှာ စေတနာဆရာများသာဖြစ်သည်။ ရေနံဆီဖိုးမျှဖြင့် သင်ကြားပေးကြခြင်းဖြစ်သည်။

သို့ကလို ပညာသင်ကြားနေစဉ်မှာပင် ဒလမြို့သန်းခေါင်စာရင်းရုံး၌ အောက်တန်းစာရင်း ၀င်လုပ်သည်။ ထို့နောက် ရန်ကုန်မြို့ (ပန်းဆိုး တန်းလမ်း) ထောက်ပံ့ရေးရုံး၌ အလုပ်ဝင်လုပ်သည်။ ထိုအချိန်ကပင် မြတ်လေးသည် စာပေအနုပညာနှင့် နိုင်ငံရေးလမ်းကြောင်းပေါ်သို့ တပြိုင်တည်း စမ်းလျှောက်နေသည်ဟု ဆိုနိုင်သည်။

ယောက်ဖ၀မ်းကွဲတော်သူ တယောဝိဇ္ဖာကိုအေးကိုအကြောင်းပြု၍ သူ့ဂီတတမျိုးစေ့ကို သန္ဓေတည်ခဲ့သည်။ ထိုစဉ်က ကိုအေးသည် ဒရမ် တီးဝိုင်းတည်ထောင်ထားသည်။ မြတ်လေးသည် ဇာတ်၊ ရုပ်သေး၊ ကွက်စိပ်ပွဲများသို့လည်း လက်လှမ်းမီသမျှ လေ့လာဆည်းပူးသည်။ သူသည် စာပေ၊ ဂီတပေါ် မြတ်နိုးတွယ်တာစိတ်ရှိသလို နိုင်ငံရေး၌စိတ်ပါဝင်စားသည်။ ထောက်ပံ့ရေးရုံးတွင် စာရေးအဖြစ် လုပ်ကိုင်နေ စဉ်မှာပင် သမဂ္ဂအဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။ ထို့အပြင် ခနောင်တိုမြို့နယ် ဗလစလူငယ်ပြန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

သို့ကလို စာပေဂီတနှင့် နိုင်ငံရေးတို့၌သာ အချိန်ပေးနေသည့်အတွက် ဆယ်တန်းစာမေးပွဲကို နှစ်ခါချခဲ့ရသည်။ ထို့နောက် ညကျောင်း တက်ရင်း ဆက်လက်ဖြေဆိုရာမှ အသက်၂၃ နှစ်အရွယ် ၁၉၅၁ တွင် ဆော်လမွန်ကျောင်းမှ ဆရာကြီးဘဆူးထံတွင် ဆက်လက်ပညာ ဆည်းပူးသည်။ ယင်းကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၀ တန်းအောင်မြင်ပြီးနောက် မြတ်လေးသည် အလုပ်တစ်ဖက်ဖြင့်ပင် သက်ကြီးတက္ကသိုလ်တွင် ဆက်လက်ပညာသင်ယူသည်။ ထိုစဉ်မှာပင် ဂီတပညာကိုလေ့လာသည်။ သူသည် ဆရာဂျူဗလီစိန်ထံတွင် အဆိုသဘောနှင့် သီချင်းရေးနည်းများ လေ့လာသင်ယူခဲ့သည်။ အေးဝမ်းခင်မောင်၊ စန္ဒရားသီဟ၊ ဒုံမင်းလှိုင်ထင်တို့ထံမှ ဂီတသံစဉ်ကို ဆည်းပူးသည်။ ဆရာရွှေပြည်အေး၊ ဂီတနက်သန်ကို စောညိန်း၊ ဂီတာအုန်းလွင်၊ စန္ဒရားကိုမျိုးလှိုင်၊ စန္ဒရားချစ်ဆွေ၊ ဂီတလုလင်မောင်ကိုကို၊ ဗိုလ်က လေးတင့်အောင်၊ စာရေးဆရာအောင်လင်းတို့ထံမှ ဂီတအခြေခံကောင်းများရရှိခဲ့သည်ဟု သိရသည်။

ယင်းနောက် အရှေ့ပိုင်းတူရိယာအဖွဲ့နှင့်နီးစပ်သွားပြီး ထိုဝိုင်းအတွက် သီချင်းများရေးပေးရသည်။ မြတ်လေး၏သီချင်းများသည် မြန်မာ ဆန်၍ သံစဉ်ပြေပြစ်သည်။ သီချင်းစာသား အဓိပ္ပါယ်လည်း လေးနက်၍ အတွေးအခေါ်ဆန်းသစ်သည်။ မြန်မာ့ဂီတလောက၌ မြန်မာအသံ မှ ဓာတ်ပြားရ သီချင်းတစ်ပုဒ်ဖြစ်လာအောင် အတော်ကြိုးပမ်အားထုတ်ယူရသည်။ မြတ်လေးသည် ဓာတ်ပြားရတေးအတော်များများကို ရေးသားဖန်တီးနိုင်ခဲ့သည်။ သူသည် ရုပ်ရှင်ဇာတ်ဝင်တေးများကိုလည်း ရေးသားခဲ့သည်။ အချို့ကို ကိုယ်တိုင်သီဆိုသည်။ မြတ်လေးသည် ဂီတလောကတွင် စန္ဒရားချစ်ဆွေနှင့် အတွဲများသလောက် အချို့သီချင်းများကို ပူးတွဲရေးသားခဲ လေသည်။

မြတ်လေးရေးစပ်သီကုံး၍ စတင်သီဆို အသံလွှင့်ခဲ့သောတေးမှာ ‘မေတ္တာအင်အား’ ဖြစ်သည်။ တိုက်ပွဲဝင်ကျောင်းသားတစ်ဦး သီချင်းများ၊ ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ၊ ဧရာဝတီငိုသံ၊ ဒို့ကြားရသည်၊ ဘော်လဂါနဒီ-ဧရာဝတီတေးများအဖြစ် တရုပ်ဖြူဆန့်ကျင်ရေးသီချင်း များဖြစ်သည်။ ထို့နောက် မေတ္တာစစ်ဆိုသည်မှာ၊ လက်ဆောင်မွန်၊ ဝေလေလေ၊ ထာဝစဉ်အချစ်၊ မစ္စ၀ီစကီ၊ ကပြားမလေးဂိုရာရမ်၊ သီချင်းဆို၍ငိုရသည်၊ သည်ဇာတ်သည်တွင်ဆုံးပြီကွယ်နှင့် စစ်ကိုမောင်းထုတ်ကြစို့ သီချင်းများကိုလည်း ကိုယ်တိုင်ရေးစပ်သီဆိုခဲ့သည်။ အခြားဂီတစာဆိုများရေးသား၍ မြတ်လေးသီဆိုခဲ့သော သီချင်းများမှာ မနည်းလှပေ။ ယင်းတို့အနက် ကလေးချော့ (ရင်မှာပျိုးသော ဇာတ် ကားအတွက် ဆရာရွှေပြည်အေးရေးခဲ့သည့်သီချင်း) သီချင်းသည် ထင်ရှားသည်။

မြတ်လေးသည် စာပေ၀ါသနာပါသူလည်းဖြစ်ရာ ဂီတစာဆိုတော်များအကြောင်းကို လည်း စာနယ်ဇင်းများ၌ ရေးသားသည်။ ယင်းတို့အနက် ဆရာရွှေပြည်အေး၏ ဂီတစွမ်းရည်အ ကြောင်းကို ‘ရွှေအောင်လံ’ မဂ္ဂဇင်းတွင် တစ်နှစ်နီးပါးမျှ အခန်းဆက်ဆောင်းပါးများရေးသားသည်။ စာရေးဆရာ၊ ဂီတစာဆိုအောင်လင်းအကြောင်းကိုလည်း ‘ရုပ်ရှင်တေးကဗျာ’ မဂ္ဂဇင်း တွင် အခန်းဆက်ရေးသားသည်။ တယောထိုး အလွန် ကောင်းသူ စာရေးဆရာ ဗန်းမော်တင်အောင်အကြောင်းနှင့် တက္ကသိုလ်ဘုန်းနိုင်အကြောင်းကိုလည်း ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွင် (၈) လကြာမျှ အခန်းဆက်ရေးခဲ့သည်။

မြတ်လေးရေးခဲ့သည့်ဝတ္ထုများတွင် အကြောင်းအရာအသစ်၊ အတွေးအခေါ်သစ်၊ အယူအဆအသစ်များကို တင်ပြလေ့ရှိသည်။ သူရေးခဲ့ သည့် ၀တ္ထုများအနက် ဆေးစက်မကျသေးသော အဖြူ၊ မီးရောင်အောက်ကအမှောင်၊ ငှက်ခတ်သမားဘကျား၊ ဆံမြိတ်လည်းပြေ ပန်း လည်းကြွေ၊ ဇရာနှင့်ဗေဒါအနမ်းတို့မှာ ထင်ရှားသည်။

မြတ်လေးသည် ဆရာဦးဉာဏထံ ချဉ်းကပ်၍လည်း ဇာတ်ညွန်းရေးနည်းကို နည်းခံခဲ့ သည်။ ကျောင်းသားဘ၀က ၀ါသနာတူလူငယ်များနှင့်တွဲ၍ အရပ်ပြဇာတ်များကို စတင်ကပြခဲ့ သည်။ အဆိုပါပြဇာတ်များ၌ သူကိုယ်တိုင်ဒါရိုက်တာမင်းသားနေရာယူ ကပြခဲ့သော ဒို့အိမ်ကြီး၊ ယမနေ စသည့်ပြဇာတ်မှာ ထိုစဉ်က ပရိသတ်အကြိုက်တွေ့ခဲ့သည့် ပြဇာတ်များဖြစ်သည်။ ထို့နောက် တက္ကသိုလ်သို့ရောက်သောအခါ မြတ်လေး သည် တက္ကသိုလ်အနုပညာအသင်း၌ ပါ ၀င်လှုပ်ရှား၍ သူ့အနုပညာအရည်အသွေးကို ပြသခဲ့သည်။ ထို့ကြောင့်လည်း ဥပစာအောက် တန်းစာမေးပွဲကို ၅ ကြိမ်မြောက်ဖြေဆိုမှ အောင်မြင်ခဲ့သည်။ မြတ်လေးစာမေးပွဲကျသည်မှာ အဆန်းမဟုတ်ပေ။ အချိန်ပြည့် အနုပညာ လှုပ်ရှားမှုများ ပါဝင်ဆောင်ရွက်နေသူဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀ ကျောင်းသားပွဲတော်များတွင် မြတ်လေးရေးသား၍ ကပြခဲ့ သောပြဇာတ်များမှာ ညီမလေးမာလာ၊ ဆံမြိတ်လည်ပြေ ပန်းလဲကြွေ၊ ၁၃၀၀ ပြည့်အရေးတော်ပုံ စသည်တို့ဖြစ်သည်။

သက်ကြီးတက္ကသိုလ်မှ စာမေးပွဲအောင်မြင်ပြီးနောက် မြန်မာနိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်တွင် အကြီးတန်းစာရေး၊ စတင်လုပ် ကိုင်ခဲ့သည်။ ၆ လအကြာတွင် လက်ထောက်ကြီးကြပ်ရေးမှူးရာထူး တိုးမြှင့်ခံရသည်။ ယင်းဘဏ်တွင် ၂ နှစ်ခွဲခန့်ထမ်းရွက်ပြီးနောက် ရုပ်ရှင်လောကသို့ ခြေစုံပစ်ဝင်ခဲ့သည်။
ရုပ်ရှင်လောကသို့ ဓနဂုဏ်၊ ငအ၊ မွှေး၊ သစ္စာရှင်၊ မြတ်နိုးသူ၊ အရိုင်းစပယ်၊ ဪ ယောက်ျားရုပ်ရှင်ကားများတွင် တေးဂီတတာဝန်ခံအဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုအတွေ့အကြုံများသည် နောင်တွင် မြတ်လေးအား ရုပ်ရှင်သရုပ်ဆောင်မှုဘက်၌ များစွာအထောက်အပံ့ဖြစ်စေခဲ့သည်။

မြတ်လေး၏ ပွဲဦးထွက်ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားမှာ ‘ပင်လုံထိပ်ထားဦး’ ဖြစ်သည်။ ပင်လုံထိပ်ထားဦး ဇာတ်ကား၏ဇာတ်ညွန်းနှင့်ဒါရိုက်တာမှာ မြတ်လေးပင်ဖြစ်သည်။ ယင်းဇာတ်ကား၏ဦးတည်ချက်မှာ ပဒေသရာဇ်ဆန့်ကျင်ရေး အခြေခံဇာတ်လမ်းဖြစ်သည်။ ယင်းကား ကိုသုံးသပ်၍ ၀ါရင့်ဒါရိုက်တာအားလုံးလိုလိုက မြတ်လေးကို အရည်အချင်းရှိသောဒါရိုက်တာအဖြစ် လက်ခံခဲ့ကြသည်။ မြတ်လေးရိုက် ကူးသော ဇာတ်ကားတိုင်းလိုလိုမှာ မြန်မာ့ရုပ်ရှင်သမိုင်းတွင် အထင်ကရနေရာတွင် မှတ်တမ်းတင်ခြင်းခံရသည်။

မြတ်လေးသည် စိတ်ကြိုက်အမူအယာကို မှန်မှာကြည့်၍ကိုယ်တိုင် လေ့ကျင့်သည်။ သရုပ်ဆောင်သောအခါ ဇာတ်ကောင်စရိုက်လိုက်၍ ဆိုင်ရာဆိုင်ရာ အခန်းများတွင် အမူအယာ များကို ထည့်သွင်းအသုံးပြုသည်။ ထို့ကြောင့် မြတ်လေး၏အမူအယာများမှာ ရုပ်ရှင်ဇာတ်ကား တစ်ကားနှင့်တစ်ကား မတူဘဲ အမြဲတမ်းဆန်းသစ်၍နေသည်။

စကားပြောကောင်းသူပီပီ ‘ပန်းပန်လျက်ပါ’ ဇာတ်ကားတွင် မြတ်လေးသည် မြန်မာဆန်ဆန် တိုက်ပုံကလေးဝတ်လျက် ဆေးတံခဲကာ မျက်ခုံးကလေးပင့်၍ စကားပြောဟန်မှာ ရုပ်ရှင်ကြည့်ပရိတ်သတ်၏ရင်ထဲတွင် အရိပ်ထင်စွဲကျန်ရစ်ခဲ့သော အမူအယာများပင်ဖြစ်သည်။ ယင်း ဇာတ်ကား၌တက္ကသိုလ်ကျောင်းဆရာ ကိုကျော်စိန်(မြတ်လေး) က အငြိမ့်မင်းသမီးမဗေဒါ (ကြည်ကြည်ဌေး) အိမ်လာတွေ့၊ အကြောင်းအရင်းမှာ သူ့သူငယ်ချင်း ကိုစောထွန်း (ကောလိပ်ဂျင်နေ၀င်း) က ချစ်သူမဗေဒါကို လက်မထပ်ဘဲ ဂုဏ်ကြီးရှင် ခင်မမ(ဘေဘီနွဲ့) ကို မင်္ဂလာဆောင်သွား၊ မဗေဒါကို မယူရကောင်းလားဟု ကိုကျော်စိန်က ကရုဏာဒေါသဖြင့် ခံစားမှုအပြည့်ဖြစ်ပြောရာ မဗေဒါက ‘ဒါဖြင့် ဆရာ ကျမကို လက်ထပ်ယူနိုင်မလား’ ယင်းတွင် မြတ်လေး က ‘ဗျာ’ ဟု ပြန်ပြောရာ ထိုအပြောစကားတို့သည် ရုပ်ရှင်ကြည့်ပရိတ်သတ်အတွက် ရင်ခုန်သွားခဲ့ရသော စကားပြောခန်းများပင်ဖြစ်သည်။

‘သီတာဘယ်သို့ချစ်ရမယ်’ စကားတွင် ဟာသသရုပ်ဆောင်အဖြစ် မြတ်လေးက သရုပ်ဆောင်ထားသည်။ ‘ချစ်သူကလ ကိုယ်ကည’ ဇာတ် ကားတွင် သူသည် ခါးပိုက်နှိုက် သူခိုးအဖြစ် သရုပ်ဆောင်ခဲ့သည်။ ယင်းဇာတ်ကားတွင် ခါးပိုက်နှိုက်ဘ၀ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ သည့်အတွက် ပရိတ်သတ်အကြိုက်တွေ့စေခဲ့သည်။ ‘ရေပွက်ပမာ’ ဇာတ်ကားတွင် မြတ်လေးသည် လူဆိုးဂိုဏ်းဝင်သရုပ်ဆောင်ခဲ့သည်။

သူဇာရုပ်ရှင်မှ ဒါရိုက်တာစာရေးဆရာ ဦးမင်းအောင်၏ ‘အမုန်း၏နောက်ဝယ်’ ဇာတ် ကားတွင် မြတ်လေးသည် ပန်းချီဆရာအဖြစ် သရုပ် ဆောင်သည်။ သရုပ်ဆောင်ချက်ပီပြင်မှု ကြောင့် မြတ်လေး၏အသွင်ပျောက်၍ တကယ့်ပန်းချီဆရာ၏ ဘ၀ဇာတ်လမ်းကို ကြည့်ရှုနေရ သကဲ့သို့ ထင်မှတ်မှားအောင် သူ၏သရုပ်ဆောင်မှုက အောင်မြင်ခဲ့သည်။ ထို့ကြောင့်လည်း ၁၉၆၁ ခုနှစ်အတွက် အမျိုးသားအကောင်းဆုံးသရုပ်ဆောင်ဆုကို ‘အမုန်း၏နောက်ဝယ်’ ဇာတ်ကားတွင် ဆွတ်ခူးရရှိခဲ့သည်။ မြတ်လေးအကယ်ဒမီထပ်ဆင့်ရရှိသောဇာတ်ကားမှာ ၁၉၈၄ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆုအဖြစ် ရရှိခဲ့သော ‘ရင်ထဲမှာရွာသောမိုး’ ဇာတ်ကားဖြစ်သည်။ မြတ်လေးပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားအချို့မှာ ပင်လုံထိပ်ထားဦး၊ မောင့်ကို သေစေညွန်းရော့သလား၊ ပန်းတိုင်းပွင့်ပါစေ၊ သီချင်းဆို၍ငိုရသည်၊ ချစ်ပါသည်ဆိုသော် လည်း၊ ၀မ်းနည်းဝမ်းသာ၊ သွေးနဲ့ချွေးနဲ့ရင်းသည့်မြေ၊ ရင်မှာပျိုးသောပန်း၊ မိရွှေမာ၊ မောင်ချစ်နှမချစ်၊ မိုးကျော်သူ၊ ရန်ကုန်သားနဲ့မန္တလေးသူ၊ ချစ်သူပေးသောတေးတစ်ပုဒ်၊ စိမ်းနှမစန္ဒာ၊ လျော်ကြေးဖူးစာ၊ ညီမအတွက် ပုံတသွယ်၊ ပန်းကလေးများမနွမ်းစေချင်၊ မောင်ခေါ်ရာ လိုက်တော့မယ်၊ သူတို့ဖို့လည်းပိုချစ်ပါ၊ ချစ်ခြင်းမေတ္တာ၊ မြခြူသံ၊ လျှို့ဝှက်မေတ္တာ၊ ပေါင်း၍နုတ်၍မရသော မေတ္တာ၊ တေးဆိုလို့ချစ်ပါ့မယ်၊ ရွှေလက်ဖြင့်ခေါ်လည်းမလာ၊ အချစ်၏ကျေးကျွန်များ၊ တက်ခါး နဲ့ဇာနည်၊ မျက်နှာတစ်ခြမ်းအိုးမဲနဲ့၊ အရှိုက်၊ ရွှေပန်ကန်ပေါ်ကျတဲ့မျက်ရည် စသည့် ဇာတ်ကား များဖြစ်သည်။

မြတ်လေးသည် ၁၉၆၂ တွင် ကမ္ဘာ့လူငယ်ပွဲတော်တက်ရန် တရုတ်ပြည်မန်ချူးရီးယား၊ မွန်ဂိုလီးယား၊ ဆိုက်ဗေးရီးယားမှ တစ်ဆင့် ဖင်လန်နိုင်ငံ ဟယ်ဆင်လီးမြို့သို့ သွားရောက်သည်။ ထိုစဉ်အခွင့်ကြုံ၍ ကမ္ဘာ့ရုပ်ရှင်ပညာရုပ်များကို ၀ါရင့်ရုပ်ရှင်အတတ်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့သည်။ ဆိုဗီယက်နိုင်ငံသို့ရောက်ရှိစဉ် ကမ္ဘာကျော် ‘စစ်ငြိမ်းချမ်းရေး’ ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာကြီး ဘောင်ဒါချတ်နှင့် တွေ့ဆုံပြီး ရုပ်ရှင်ပညာအကြောင်း ဆွေးနွေးခဲ့သည်။

မြတ်လေးသည် Method Acting စာအုပ်ကို ကိုယ်တိုင်ရေးသားပြီးကိုယ်တိုင်လည်း သင်တန်းဖွင့်လှစ်ပို့ချသည်။

သို့ကလို စွယ်စုံရ အနုပညာရှင်တစ်ဦးဖြစ်သော စာရေးဆရာ၊ ဒါရိုက်တာ၊ ဇာတ်ညွန်း ရေးဆရာ၊ မင်းသား၊ ဂီတစာဆို၊ အဆိုတော် ထပ်ဆင့်အကယ်ဒမီ မြတ်လေးသည် ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်မြင့်မြင့် (ဘီအေ၊ ဘီအီးဒီ) နှင့် သားအောင်မြတ်မိုး၊ သမီးသွယ်သွယ်မြတ်၊ သားအောင် မြတ်မျိုးတို့ ကျန်ရစ်ခဲ့သည်။

စာကိုး
  • (၁) သမိန်ကောင်း “ဒါရိုက်တာမင်းသား အကယ်ဒမီမြတ်လေး” ငွေတာရီ မဂ္ဂဇင်း အမှတ် ၁၂၃ (၁၉၇၀ စက်တင်ဘာ) စာ ၁၇၃ - ၁၇၇။
  • (၂) ခင်မျိုးသန့် (ပြန်/ဆက်) “မြတ်လေးအကယ်ဒမီ” (၁၉၂၈-၂၀၀၀) မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ် ၂၀၀၁ စာ ၂၂၉ - ၂၃၁။
  • (၃) မိုးမြင့်ဦး “မြတ်လေး” မိုးဂျာနယ် ၁၉၉၈ ၊ ဧပြီ၊ စာ ၁၅၄-၁၆၀။
  • (၄) ပန်းတောက်ပွင့်သစ် အမှတ် (၂၆) ၂၀၀၉ စက်တင်ဘာလ။

G-talk အကောင့်ဖွင့်မရတော့ဘူးဆိုရင်

ကျွန်တော် အခုရေးမဲ့ ပို့စ်လေးက အခုတလောမှာ နေရာတိုင်းနီးပါးမှာ ကြုံနေရတဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ဖွင့်လို့မရတော့ဘူး Hack ခံလိုက်ရပြီလို့ ထင်တဲ့သူတွေ မိမိ G-mail ဖွင့်လို့ မရတော့တဲ့ အတွက် စိတ်ညစ်နေရသူတွေ အတွက်ပါ .. သတိထားမိ ကြရင်တော့ သိပါလိမ့်မယ် .. အခုလိုမျိုးတွေ ကြားနေရတာ ဒီလပိုင်းအတွင်းမှာပါ .. အဲ့ဒါဘာကြောင့် ဖြစ်ရလည်းဆိုတော့ ကျွန်တော်တို့ရဲ့ Google ကြီးကနေပြီးတော့ သူရဲ့ User တွေရဲ့ အကောင့်တွေကို အခိုးခံရတာတွေ မဖြစ်ရလေအောင် G-mail အကောင့် Password လွယ်လွယ်လေးတွေ ပေးထားတဲ့ အကောင့်တွေကို Verify ပြန်လုပ်ခိုင်းပြီး Password တွေကို လွယ်လွယ်ကူကူနဲ့  ယူလို့မရအောင်  Security ပိုင်းမြှင့် လိုက်တာကြောင့် ဖြစ်ပါတယ် .. ကြုံဖူးတဲ့သူတွေ သတိထား ကြည့်လိုက်ပါ .. အခုလိုမျိုး ဘယ်လိုအကောင့် မျိုးတွေမှာ ဖြစ်တက်လည်း ဆိုရင် Password ကို ( ဥပမာ ။  ။  12345 , linnzawhtike  , zawhtikelinn , 5201457  ) အစရှိသဖြင့် ပေးထားတဲ့ အကောင့်မျိုး တွေဖြစ်တာများ ပါတယ် .. 

အခုလိုမျိုး မိမိတို့ရဲ့ G-talk အကောင့်ဟာ အသုံးပြုနေရင်းနဲ့ ရုတ်တရက် အကောင့်က ပိတ်သွားပြီး ပြန်ဝင်လို့ မရတော့ ဘူးဆိုရင် မိမိတို့ရဲ့ အကောင့်ကို Google က Verify လုပ်ခိုင်းနေ ပြီဆိုတာကို တန်းသိလိုက်ပါတော့ .. သိတဲ့သူတွေအတွက် လွယ်ပေမယ့် မသိသေးတဲ့ သူတွေအတွက်တော့ အခက်အခဲရှိတာမို့  ကျွန်တော် Verify ဘယ်လို လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..

အရင်ဆုံး မိမိတို့ရဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ပိတ်သွား ပါလိမ့်မယ် .. အဲ့ဒါနဲ့ ပြန်ဖွင့်ကြည့် လိုက်ရင် အောက်က ပုံအတိုင်း ပြနေပါလိမ့်မယ် .. 


ဒါဆိုရင်တော့ G-talk ကိုမဖွင့်ပါနဲ့တော့ .. Google ကနေပြီးတော့ Gmail ကိုဝင်လိုက်ပါ ..  ပြီးရင် မိမိတို့ အကောင့်ကို ပုံမှန်အတိုင်း Sign in ၀င်လိုက်ပြီဆိုရင် အောက်က ပုံအတိုင်း Verify လုပ်ခိုင်းပါလိမ့်မယ် .. အောက်က ပုံမှာ မြင်ရတဲ့ အတိုင်း ကျွန်တော်တို့ အနေနဲ့ G-mail အကောင့် အသစ်တစ်ခု ဖောက်သလိုပဲ Phone နဲ့ Verification လုပ်ပေးရမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော့် အနေနဲ့ Voice Call ကိုရွေးလိုက်ပါတယ် .. ဘာလို့လည်းဆိုတော့ Text Massage က ဖုန်းနံပါတ် တစ်ခုကို အကောင့် ငါးခုသာ Verification Code ပို့ဖို့ ခွင့်ပြုထားလို့ပါ .. ဒါကြောင့် ကျွန်တော်တို့က Voice Call ကိုရွေးချယ် ပေးလိုက်တာပါ ..


အောက်က ပုံအတိုင်း မိမိတို့ Phone number ကိုဖြည့်ပြီးလို့ Send Verification code ကိုနှိပ်လိုက်ပြီ ဆိုရင် ခဏစောင့် နေလိုက်ပါ .. ဖုန်းကိုတော့ ဖွင့်ထားပေးပါ .. 1 မိနစ် 2 မိနစ်လောက် ကြာရင် မိမိတို့ ဖုန်းကို ဖုန်းဝင်လာပါလိမ့်မယ် .. ဖုန်းကိုင်လိုက်ပါ .. ဒါဆိုရင် Google ကနေပြီးတော့ ထည့်ရမယ့် ကုဒ်ကို ပြောပေးပါလိမ့်မယ် ..  နှစ်ကြိမ်ပြောပေးပါလိမ့်မယ် ..


Google ကပြောပေးတဲ့ ကုဒ်နံပါတ်ကို အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Verfication code မှာထည့်ပေးလိုက်ပါ .. ပြီးရင် Verify ကိုနှိပ်ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ G-mail ကိုပြန်ဝင်ခိုင်းပါလိမ့်မယ် ..




ဒီအောက်က အဆင့်မှာတော့ တစ်ချို့ အကောင့်တွေက Current password ဆိုပြီး အရင် Password ကိုပြန် ထည့်ခိုင်းတက်ပါတယ် .. ဒီနေရာမှာ Password ပြန်ပေးတဲ့အခါမှာ အရင်တုန်းကလို လွယ်လွယ်ကူကူ မပေးပါနဲ့တော့ .. Password ပေးတဲ့အခါမှာ အနည်းဆုံး 15 လုံး ပြည့်အောင် ပေးဖို့လိုပါလိမ့်မယ် ..  15 လုံးအောက်ဆို စိတ်မချရပါဘူး .. ပြီးရင် Password ပေးတဲ့အခါမှာ & ^ % # @  % $ * စတဲ့ သင်္ကေတ တွေကို ထည့်ပြီးပေးတာ ပိုစိတ်ချရပါတယ် .. သတိထားရမှာက မိမိတို့ ပေးလိုက်တဲ့ Password က 15 လုံးအောက် မဖြစ်ဖို့ပါ .. နောက်ပြီး Password တွေကို ရိုးရိုး နားမည်တွေ ဂဏန်းပဲ မပေးပါနဲ့ စိတ်ချရမှု မရှိပါဘူး ..


ဒီလောက် ဆိုရင်တော့ G-Mail အကောင့်ကို Google က Verify လုပ်ခိုင်းလို့ ဖွင့်မရတော့ ဘူးဆိုရင် ကျွန်တော် ရှင်းပြပေးထားတဲ့ နည်းလမ်း အတိုင်း ဖြေရှင်းနိုင်သွား ပါလိမ့်မယ်လို့ ထင်ပါတယ် .. 

Evolution...


 Description: cid:AB10EDA8DFBB4C0596ADF702BFDCDA1C@maxp10510

 
Description: cid:361B0C1334FC47BF8B35B5650108E449@maxp10510 
 
Description: cid:F524A884F5494C9A9E818016B1FD6B24@maxp10510
 
 
 
Description: cid:48DC6356DE6E412ABA211437EF9D0FC1@maxp10510
 
 
 
Description: cid:7BB228B68D954F3E8C899C91AC3883F8@maxp10510
 
 
 
Description: cid:03DF640F79744EF0AFB9498D3F6B4469@maxp10510
 
 
 
Description: cid:6FF2CDC3370247DDB2EC2B66F252CBB8@maxp10510
 
 
 
Description: cid:C8AC4A6E798940A98183A30F5EACAC6E@maxp10510
 
 
 
 
 
 Description: cid:4418054AA5E1479984646F4CE8F55791@maxp10510
 
 
 
Description: cid:E3BA718B711B42A4BEC14116C72E440D@maxp10510
 
 Description: cid:F7EB9E993882424094311E18CD59C028@maxp10510
 
Description: cid:E082E34DE78542F3A846E3ABED888784@maxp10510
 
 Description: cid:9AAB60ADB147446BBE8E6C9BD2B085D3@maxp10510
  
Description: cid:040AFEB8771E44AC9CE4DD735BD6F53B@maxp10510
  
Description: cid:384171D9025B4E5E974454DEAC909650@maxp10510
 
 
 
Description: cid:D21218740BF44346927E665F20BD8CB2@maxp10510
 
 Description: cid:D7F54744C5E246F2B5144C935E91831A@maxp10510
 
 
 
Description: cid:5FB29E9A7CD142B98A52510E7CA27E28@maxp10510

Friday, October 28, 2011

Laptop Speedကိုမြန်အောင်ပြန်လုပ်မယ်


သင့်ရဲ့ Laptop ဟာ ၀ယ်ခါစတုန်းက ထက်စာရင် အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးနှေးကွေးသွားပြီဆိုတာ သင်သတိပြုမိတယ် ဆိုပါစို့။ သင်ဘာလုပ်မလဲ။ အလုပ်လုပ်တာ ပိုမြန်မယ့် နောက်အသစ်တလုံး ထပ်ဝယ်ဖို့ကလည်း သင့်အတွက် ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။

အဲဒီအတွက် အကုန်အကျသက်သာမယ့် ပြုပြင်မွမ်းမံမှုတွေကို သင်ကိုယ်တိုင် ပြုလုပ်ရ တော့မှာပါ။ ဒါဆိုရင်တော့ အောက်မှာ ရေးသားထားတဲ့ အချက် ၇ ချက်ကို စမ်းသပ် လုပ်ကိုင်ကြည့်ပါ။ သင့် Laptop ပိုမိုမြန်ဆန် လာတာ တွေ့ရပါလိမ့်မယ်။

အောက်မှာဖော်ပြထားတဲ့ အချက်တွေဟာ အမေရိကန်အခြေစိုက် Laptop မဂ္ဂဇင်းအဖွဲ့က လက်တွေ့ စမ်းသပ်ထားတဲ့ အချက်တွေပါ။ စမ်းသပ်တဲ့နေရာမှာ အင်မတန်နှေးကွေးတဲ့ xp နဲ့ vista ၀င်းဒိုးစနစ် သုံး Laptop နှစ်လုံးကို အသုံးပြုခဲ့ပါတယ်။

၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ

RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင် လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက် ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်
မယ်လို့ သိရပါတယ်။

Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို RAM ပမာဏ 1GB နှင့် zip ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်ကြာခဲ့ပြီး RAM ပမာဏ 2GB နှင့်အစားထိုးစမ်းသပ်ရာတွင် ၁ နာရီ ၁၀ မိနစ်ခန့်သာ အချိန်ကြာခဲ့သည်။


၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ

သင့် Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာ အသုံးပြုမှုအချိန်ပမာဏ ပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။

အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီလိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှုကို လျော့ချနိုင်ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့်သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေကို နေရာတကျစီပေးလိုက်ပါ။

Laptop မဂ္ဂဇင်းအဖွဲ့ရဲ့ စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါတယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန်ဆန် လာပါတယ်။ နောက်ထပ် စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခုကို Hard Disk ရဲ့ အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာ ခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။

၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ

တချို့ Laptop တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေ အလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။ ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်းက နှေး ကွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာဏ တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ဘဲ။ ဒါကြောင့် ကွန်ပြူတာစဖွင့်ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လိုအပ်တဲ့ system ဖိုင်တ ချို့ကိုသာ အလုပ်ပေးလုပ်စေသင့်ပါတယ်။

သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့ Google Talk,iTune, Quicktimeplayer တို့လို ပရိုဂရမ်ဖိုင်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အတွက် ၀င်းဒိုးXP မှာ Start – Run ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်ထဲမှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကွန်ပြူတာဖွင့်ဖွင့်ချင်း အလုပ်မလုပ်စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထားတဲ့ အမှတ်လေးတွေ့ရင် ကလစ်နှိပ်ပြီး ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့ Search box ကနေ့တဆင့် သွားရောက်ချိန်ညှိရမှာပါ။

အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ် program တွေကို ပိတ်ထားရမယ်ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့် နားလည်တတ်ကျွမ်းတဲ့ မိတ်ဆွေတွေကို အကူညီတောင်းပြီး လုပ်ခိုင်းတာအကောင်းအဆုံးပါဘဲ။ မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆိုရင်တော့ အင်တာနက်ပေါ်က အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ PC Decrapifier (www.pcdecrapifier.com) ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့ ပရိုဂရမ်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုချိန်ညှိလိုက်ခြင်းအားဖြင့် Laptop ရဲ့အလုပ်လုပ်နှုန်း ပိုမြန်လာတာကို တွေ့ရပါတယ်။

၎။ သင့် Laptop ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ

သင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software တွေကို စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်းတွေ မလုပ်တဲ့အတွက် စနစ်ပိုင်း ဆိုင်ရာမှာ အမှားတွေဖြစ်လာပါတယ်။ ဒီအတွက်သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာ တွေချိန်ညှိဖို့ သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲနေမယ်ဆိုရင် တော့ ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၀ တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7 ပရိုဂရမ်ကိုအင်တာနက်ပေါ်ကတဆင့်ဝယ်ယူပြီးအသုံးပြုဖို့တိုက်တွန်းပါရစေ။

Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေးလိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ်တဲ့နေရာမှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။

တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်။

၅။ Search Indexing ကိုပိတ်ထားပါ

Search Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွားပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab အောက်က “Allow Indexing Service to index this disk for fast file searching” ကို အမှန်ခြစ်ထားတာတွေ့တယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင် သင် Search Indexing ကို ပိတ်ပြီးသွားပါပြီ။

စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။

၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ

Spyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေ တယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက်သူထံ တိတ်တဆိတ်ပြန်လည်ပို့ဆောင်ပေးနေပါတယ်။ Spyware တွေဟာ အင်တာနက်ကနေတဆင့် သင့်ကွန်ပြူတာထဲကိုဝင်ရောက်လာတာများပါတယ်။ သင့် ကွန်ပြူတာထဲမှာ Spyware ရှိနေတဲ့အတွက် သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သလို သင့်ကွန်ပြူတာကို လည်းနှေးကွေးစေပါတယ်။

အဲဒီ Spyware တွေကို ရှာဖွေဖော်ထုတ်ပြီး သတ်ဖို့အတွက် Spybot Search & Destroy ဆိုတဲ့ဆော့ဝဲကို (www.safer-networking.org/en) မှာဒေါင်းလုပ်ပါ။ ပြီးတော့ သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်ရုံနဲ့ Spyware တွေရဲ့ရန်ကို အထိုက်လျှောက်ကာကွယ်ပြီးသားဖြစ် သွားသလို အလုပ်လုပ်တာလည်း ပိုမြန်သွားပါလိမ့်မယ်။

စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေးတာတွေရပါတယ်။ အဲဒီတော့သင့်ကိုလည်း Spybot Search & Destroy ဆော့ဖ်ဝဲအ သုံးပြုဖို့ ထောက်ခံပါတယ်။

၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါ

သင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါတယ်။ ဒါတွေဟာ ကွန်ပြူတာကို အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ နှေးကွေးသွားစေ ပါတယ်။ အဲဒါတွေကို ရှာဖွေပြီးပိတ်ဖို့ Run box ထဲမှာ services.msc ဆိုပြီးရိုက်ထည့်လိုက်ပါ။

သင့် ကွန်ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက သင့်အနေနဲ့ မလိုအပ်ဘူးလို့ ယူဆတဲ့ဟာကို မော့က်စ် right click နှိပ်ပြီး properties ကို ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့ ဘေးအကွက်ထဲမှာ manual ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက်ပါ။ လက်တွေ့ စမ်းသပ်မှုအရ ကွန် ပြူတာ ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်

gmail. နောက်ခံမှာ ကိုယ်ဓါတ်ပုံလေးကို ထည့်ချင်သူများ....

1...ညာဘက် အပေါ် ထောင့်က settings ကို ကလစ်ပါ...
2...Themes ကို ကလစ်ပါ...
3...ပြီးရင် အပေါ်က ပုံလို အောက် ဆုံးနား ညာဖက် က create your own theme ကို ကလစ်ပါ..
4...ပြီးရင် ပေးလာတဲ့ ၀င်းဒိုးရဲ့ ညာဘက်ဒေါင့် ( အပေါး်က ပုံလို ) က Text Link မှာ ကလစ် လုပ်ရင် မိမိစိတ်ကြိုက် ကာလာ ရွေးစရာ
နေရာ ကို တွေ့ ရပါမယ်...

5...ပြီးရင် အပေါ်ကပုံလို Aling ကတော့ Left / Right ကြိုက်တာရွေးပါ...
နောက် Tiling ကတော့ Both ရွေး ရင် ပုံ ကဘေး ဘယ် ညာ ပေါ်မယ်...

6...ပြိးရင် ပုံတင်ဖို့ Select ကို ကလစ်လုပ် ပုံရွေး ..ပြီးရင် အောက်နားက
www.freeimagehosting.net/newuploads/f0905.jpg%5Dhttp://www.freeimag..."/>

7...Upload ပေါ့
8...ပြီးရင် body ၇ယ် Sidebar ရယ် Header ၇ယ် Footer တို့ မှာ Background color , Link color , Text color တို့ ကို
အသေးစိတ်ရွေး...လှအောင်ရွေး...
www.freeimagehosting.net/newuploads/ce0a6.jpg%5Dhttp://www.freeimag..."/>
9...ပြီးရင် Save
10...မိမိပုံအကြီး အသေးပေါ်မူတည် ပြီး Gmail မှာ နောက်ခံလေးပေါ်နေပါမယ်...

မှတ်ချက်။   ။ format က gif ဆို လှုပ်နေတာကိုတွေ့ရပါမယ်........

အင်တာနက်ကွန်ရှင်မြန်စေသောဆောစ့်ဝဲလ်


                                 SpeedConnect.Interne Accelerator.8.0 ပါ သူက ကွန်နက်ရှင်ကိုမြန်အောင်အထောက်ပံပေးနိုင်တဲ့ ဆောစ့်ဝဲလ်ကောင်းလေးပါ အမှန်တကယ်ကောင်းတဲ့ဆောစ့်ဝဲလ်လေးပါ ကွန်နက်ရှင်နှေးသူအတွက်သတင်းကောင်းပေါ့ဗျာ
Download>>>http://www.ziddu.com/ (or)http://ifile.it/ (or)http://www.4shared.com/ အဆင်ပြေကျပါစေ

Wednesday, October 26, 2011

လူ့ဘ၀၏ ၆ပုံ



တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့ သွားရောက် လည်ပတ် ခဲ့သည်။ ရွာသို့ရောက်သော်                                         လှေတစီးငှားပြီးမြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
“ ခင္ဗ်ား သခ်ာၤေဗဒတတ္သလား”

“ ကျွန်တော် မတတ်ပါဘူး”
“ရူပဗေဒ တတ်သလား”
“ဒါလဲ မတတ်ပါဘူး”
“ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား”
“စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး”
ဆရာမှာ ခေါင်းခါပြီး “သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်”
“ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်”
“ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘ၀ ၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ”

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။ မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား “ ခင်ဗျား ရေကူးတတ်သလား” ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး “ကျွန်တော် မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး” ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..“ ဒါဆိုရင် ခင်ဗျားရဲ့ဘ၀ ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်” ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့ အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။ လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက သူ့အတွက် “ရှင်သန်” ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင် ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

တပါးသူကို အထင်မသေးပါနဲ့။
“ငါ”ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကို မကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ “အရည်အချင်း” သူ့မှာ မရှိသလို သူ့ရဲ့ “အရည်အချင်း”လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။

မှုရင်းကို ဒီဆိုက်မှာ ကြည့်နိုင်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးအဆိုအမိန့်များ......



၁။ လူတစ်ယောက်ဟာအလုပ်ပိုလုပ်လေလေ နောက်ထပ်ပိုလုပ်ချင်လာလေလေဖြစ်တယ်။
The more one works, the more willing one is to work.
၂။ အလုပ်ဟာလူသားများအတွက်
စည်ပင်သာယာရေးအတွက်ရေသောက်မြစ်ဖြစ်တယ်။လူ့ဘဝရဲ့အခြေခံဖြစ်သောအလုပ်ကိုရှောင်လွဲလို့မဖြစ်နိုင်ပါ။
Work is the inevitable condition of human life, the true source of
human welfere.
၃။ ဘုရားရှင်ဟာငှက်သတ္တဝါတိုင်းကိုအစာပေးတယ်။သို့သော်ငှက်သိုက်အတွင်းသို့်
အစာကိုပစ်မသွင်းပေးပါ။
God gives every bird its food, but he does not throw it into the nest.
၎။ အလုပ်လုပ်ခြင်းသည်ရှက်ဖွယ်မဟုတ်။ပျင်းရိထိုင်းမှိုင်းခြင်းသာရှက်ဖွယ်ရာဖြစ်တော့တယ်။
Work is no disgrace, it is idleness which is a disgrace.
၅။ ဘာမှမလုပ်ပဲအားနေခြင်းစာအသိဥာဏ်ကိုသံချေးတက်စေတယ်။
Idleness makes the wit rust.
၆။ ပိုက်ဆံဟာနိဗာန်ပေါ်မှ ကျလာတာမဟုတ်။ကမ္ဘာမြေပေါ်တွင်အလုပ်လုပ်ပြီးမှရယူရတယ်။
Money does not come from heaven.It has to be earned here on earth.
၇။ကိုယ်ကြိုက်တာလုပ်ရလျှင် ပျော်ရွင်မှုကိုရနိုင်တယ်လို့ထင်ကြတယ်။
ကိုယ်လုပ်ရမယ့်အလုပ်ကိုကြိုက်လာမှတကယ့်ပျော်ရွင်မှုကိုရနိုင်တယ်။
Your happiness lies not in doing what you like but in liking what you
have to do.
၈။လုပ်စရာတွေအများကြီးရှိသူ။လုပ်ချင်စိတ်လည်းရှိသူမှာအချိန်အများဆုံးရှိတယ်။
Those who have most to do, and are willing to work,will find the most time.
၉။ပျိုရွယ်ချိန်ဟာတစ်စုံတစ်ခုပြုလုပ်ရန်နှင့်တစ်စုံတစ်ဦးဖြစ်လာနိုင်စေရန်အခွင့်ကောင်းဖြစ်တယ်။
Youth is the opportunity to do something and to become somebody.
၁၀။အစားကိုလည်းမြန်မြန်စား၊အလုပ်ကိုလည်းမြန်မြန်လုပ်။
Quick at meat,quick at work.
၁၁။ပစ္စည်းဥစ္စာအသင့်အတင့်ရှိသူတွေကလောကမှာအရေးကြီးဆုံးဟာချစ်ခြင်းမေတ္တာလို့မှတ်ယူကြတယ်။မရှိဆင်းရဲတဲ့လူတွေကတော့
ငွေလို့ပဲသိထားကြတယ်လေ။
Those who have some mean think that the most important thing in the
world is love. The poor know that it is money.
၁၂။အောင်မြင်မှုဆိုတာစောင့်ဆိုင်းရမည့်အရာမဟုတ်။ ဆောင်၇ွက်ရမည့်အရာသာဖြစ်တယ်။
Success is not something to wait for; it is something to work for.
၁၃။အခြားလူများလုပ်ရန်ခက်ခဲ့သည့်အလုပ်ကိုလွယ်ကူစွာလုပ်နိုင်ခြင်းမှာ
အထူးကျွမ်းကျင်မှုဖြစ်ပြီး
မဖြစ်နိုင်သည့်အရာကိုလုပ်နိုင်ခြင်းမှာပါရမှီသာဖြစ်တယ်။
Doing easily what others find difficult is talent; doing what is
impossible for talent is genius.
၁၄။ လူသားတို့ဧ။်လုပ်ရပ်များသည် အတွေးအခေါ်များရဲ့အကောင်းဆုံးစကားပြန်များပဲဖြစ်တယ်။
The actions of man are the best interpreters of their thoughts.
၁၅။ အလွန်အလုပ်များသောသူဟာ ဆယ်ခါတစ်ခါ သူ့ရဲ့အယူအဆကိုပြောင်းတတ်တယ်။
A man who is very busy seldom changes his opinions.
၁၆။ ငွေဆိုတာလူတို့ရဲ့ဘ၀ကိုသရုပ်သကန်ဖော်ထုတ်ပေးနေတဲ့အရာတစ်ခုပါ။ ရလိုက်
၊ ဆုံးရှုံးလိုက် ၊လိုအပ်လိုက်၊ မြတ်နိုးလိုက် ၊
အသက်ပေးလိုက်နှင့်ပဲသံသရာလည်နေကြတာပါပဲ၊
Money is what life is all about getting it loosing it needing it
loving it and dying for it.
၁၇။ ဥစ္စာရင်လိုဥစ္စာရင်ခဲ။
Command your man and do it yourself.
၁၈။ အရက်သမားရဲ့ပိုက်ဆံအိတ်ကအရက်ပုလင်းဖြစ်တယ်။
A drunkard's purse is bottle.
၁၉။ ပေးရခြင်းထက်ပေးကမ်းခြင်းကသာလွန်ကောင်းမွန်တယ်။
Better give have to give.

Tuesday, October 25, 2011

"မိန်းမ" အသုံးပြုပုံရှင်းလင်းချက် (Manual)



【ပစ္စည်းအမည်】အများအားဖြင့် မိန်းမဟုသုံးနှုန်း၊ လူကြားသူကြားတွင် ဇနီးမယား သို့မဟုတ် အမျိုးသမီးဟုသုံးနှုန်း၊ ရှေးယခင်က ကြင်ယာတော်ဟုသုံးနှုန်း

【ပါဝင်ပစ္စည်း】 ရေ၊ သွေး၊ အဆီဓါတ်နှင့် ကာဘွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓါတ်များပါဝင်

【စရိုက်လက္ခဏာ】ပစ္စည်းသည် သေးသွယ်သည့် အချိုတုံးသဏ္ဍာန်ရှိသည်။ သာမန်အားဖြင့် မျက်နှာပြင်အား မိတ်ကပ်၊ နှုတ်ခမ်းနီစသောအရာများဖြင့် ဖုံးအုပ်ထားသည်။ ထိုအရာများကို ဖယ်ရှားလိုက်လျှင် အဝါဖျော့ရောင် အသားကိုတွေ့ရသည်။ မဖယ်ရှားခင်နှင့် ဖယ်ရှားပြီးမှာ အနည်းငယ်ခြားနားကြောင်း တွေ့ရမည်။ အချိန်နှင့်လိုက်၍ ပုံသဏ္ဍာန်ပြောင်းလဲတတ်သည်။ ဝခြင်း၊ အသားအရေတွန့်ခြင်း သဏ္ဍာန်များဖြစ်ပေါ်တတ်သည်။ သို့သော် ဆက်လက်အသုံးပြုနိုင်ပါသည်။

【အသုံးဝင်ပုံ】တစ်ကိုယ်တည်းနေ အကြောက်လွန်ရောဂါ (single phobia)နှင့် မျိုးဆက်ပြန့်ပွားသည့်ရောဂါအတွက် အသုံးဝင်သည့်အပြင် အသည်းကွဲနှင့် စွဲလမ်းခြင်းဝေဒနာကိုလည်း သိသိသာသာ အကျိုးရှိစေသည်။

【အသုံးပြုပုံ】အတွင်းစိတ်၊ အပြင်စိတ်နှင့် တစ်သက်တွင် တစ်ခုသာအသုံးပြုရမည်။ အကျိုးမထိရောက်ပါက အသုံးပြုနေရာမှ ခေတ္တရပ်နားပြီး တတ်သိနားလည်သော အိမ်ထောင်ရေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်သင့်သည်။ သို့မဟုတ် အချိန်ကာလ တအောင့်နေပြီးမှ ပြန်လည်အသုံးပြုနိုင်သည်။

【သတိထားရမည့်အချက်】ပစ္စည်းသည် တစ်ကိုယ်ရေအမျိုးသားများနှင့်သာ သင့်တော်သည်။ အသုံးပြုချိန်တွင် သတိနှင့်အသုံးပြုရမည်။ ပစ္စည်းကြောင့် ဘေးဖြစ်မည့်အခြေအနေသို့ရောက်ခဲ့သော် အသုံးပြုနေရာမှ ချက်ချင်းရပ်လိုက်ပါ။ မရှိခဲ့ပါက ဆက်လက်အသုံးပြုနိုင်ပါသည်။ အရက်ဆေးလိပ်မသောက်ဘဲ အသုံးပြုပါက ပိုအကျိုးထိရောက်စေသည်။

【အတိုင်းအတာ သတ်မှတ်ချက်】 ဤအရာသည် သာမန်အားဖြင့် အလေးချိန် ၄၅ကီလိုမှ ၅၅ကီလိုအတွင်း ရှိသည်။ အခြေအနေအရ ပြောင်းလဲမှုရှိသည်။

【တားမြစ်ချက်】မည့်သည့်အချိန်အခါတွင်ဖြစ်စေ "အသုံးမဝင်"ဟု မပြောရ။

【သိုလှောင်ထားမည့်နေရာ】သာမန်အပူချိန်အောက်တွင် ထားနိုင်သည်။ အိမ်တွင်းအေးမြသောနေရာသည် အကောင်းဆုံးဖြစ်သည်။ အိမ်အပြင်တွင်ဖြစ်ပါက ပြင်းထန်သောနေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရမည်။ ထားချင်သည့်နေရာတွင်ထားပြီး မေ့လျော့၊ ဂရုမစိုက်ခြင်းမပြုရန် အထူးတားမြစ်သည်။

【အထုပ်အပိုး】ခေတ်ပေါ်အဝတ်အစားများကို ရာသီဥတုနှင့်လိုက်ပြီး ပြောင်းလဲနိုင်သည်။

【ဒိတ်လွန်နေ့စွဲ】စိတ်ချမ်းသာပျော်ရွှင်ခြင်း အတိုင်းအတာနှင့်လိုက်ပြီး တစ်သက်တာဖြစ်နိုင်သလို အတိုဆုံးမှာ တစ်ရက်၊ တစ်လလည်းဖြစ်နိုင်သည်။

【အတည်ပြုအမှတ်】အတည်ပြုအမှတ်ကို အတွင်းစာသား လက်ထပ်စာချုပ်ရှင်းလင်းချက်တွင် ဖတ်နိုင်သည်။

【ထုတ်လုပ်သည့်နေရာ】ယောက္ခထီး ယောက္ခမ

【အထူးအသိပေးချက်】

(၁) အိမ်ထောင်မကျသေးသောအမျိုးသားများ အသုံးမပြုခင် အသုံးပြုပုံရှင်းလင်းချက်ကို သေသေချာချာဖတ်ပြီး ရှင်းလင်းချက်အတိုင်း လိုက်နာအသုံးပြုရမည်။ သို့မဟုတ် အိမ်ထောင်ရေးပညာရှင်တို့ လမ်းညွှန်သည့်အတိုင်း လိုက်နာအသုံးပြုရမည်။

(၂) ဤပစ္စည်းနှင့် မတည့်သူများ၊ အလာဂျီဖြစ်တတ်သူများ သုံးစွဲရန်မသင့်ပါ။

(၃) အလားတူပစ္စည်းမျိုး လက်ရှိအသုံးပြုနေသူများ ဤပစ္စည်းနှင့်တပြိုင်တည်း အသုံးမပြုရန် အထူးတားမြစ်သည်။

(၄) ဤပစ္စည်းသည် ဆရာဝန်ဆေးစာမပါဘဲ အလွတ်ဝယ်၍ရသော ပစ္စည်းဖြစ်လျှင်ကစ မှတ်ပုံတင်ပြီးမှ ဝယ်ယူရသည့်အပြင် မဝယ်ယူခင် လိုအပ်သော စာရွက်စာတမ်းများလည်း လိုအပ်သည်။

(၅) ဤပစ္စည်းအား ကလေးသူငယ် အသက်အရွယ်မပြည့်သူများ ထိတွေ့နိုင်သည့်နေရာတွင် မထားပါနှင့်။

Monday, October 24, 2011

ကျွန်ပျူတာ short-cut လေးတွေ....

ကွန်ပျူတာအသုံးပြုသူများအတွက် အကောင်းဆုံး Shortcut များ

Start + M -ဖွင့်ထားတဲ့ windowsတွေက ချုံ့ပြီးTast Bar ပေါ်မှာ ချပေး ပါလိမ့်မယ်။

Start + Start + M - Task Bar ပေါ်မှာချုံ့ပြီး ခဏနေရာချထားတဲ့ windows တွေကsize ကြီး ပြန်ချဲ့ပေးပါတယ်။

Start + E - Windows ရဲ့ windows explorerကို ဖွင့်ပေးပါတယ်။ Start + R- Start menu မှာရှိတဲ့'Run' box ကို ဖွင့်ပေးပါတယ်။

Start + F - Windows Search Dialog box ကို ဖွင့်ပေးပါတယ်။

Start + Ctrl + F - Search box ကို ဖွင့်ပေးပါတယ်။ Computer ဟာ network ချိတ်ဆက်ထားရင် Computer Dialog box ကို ဖွင့်ပေးပါတယ်။

Start + Pause (Break) - System Properties Dialog Box ကို ဖွင့် ပေးပါတယ်။

F1 -အကူအညီတစ်စုံတစ်ရာ လိုအပ်ရန် နှိပ်ပါ။

Ctrl + Esc - Start Menu ကို ဖွင့်ပေးပါတယ်။

Alt + Tab ဖွင့်ထားတဲ့ ပရိုဂရမ်တွေ တစ်ခုနဲ့တစ်ခုအကြားကို ကူး ပြောင်း အလုပ်လုပ်စေနိုင်ပါတယ်။

Alt + F4 -ဖွင့်ထားတဲ့ ပရိုဂရမ်ကနေ ထွက်ခွာစေပါတယ်။ အလုပ်လုပ် လျက်သားဖြစ်နေရင် save လုပ်မလားလို့ မေးပါလိမ့်မယ်။

Shift + Del - Select ပေးပြီး ရွေးချယ်ထားတဲ့ ဖိုင်တစ်ခုကို အပြီးတိုင် ဖျက်ဆီးပစ်ပါလိမ့်မယ်။

Windows Program Key Combination

Ctrl + C -မိတ္တူပွားပေးပါမယ်။

Ctrl + X -တစ်နေရာမှ တစ်နေရာကို ကူးပြောင်းနေရာ ရွှေ့ဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ လုပ်ငန်းစဉ်ပါ။

Ctrl + Paste -မိတ္တူပွားပြီးသား ဖိုင်တစ်ခုကို ပြန်လည်နေရာချထားပေး ပါတယ်။

Ctrl + Z - undo ကညိသ လုပ်ဆောင်ခဲ့သော အလုပ်ကို မနှစ်သက်တဲ့အခါမှာ မူလအခြေအနေအတိုင်း ပြန်ရောက်ရှိစေပါတယ်။

Ctrl + B - document အတွင်းမှာရှိတဲ့ tast တွေကို ပိုမိုထင်ရှားအောင် ပြုလုပ်ပေးပါတယ်။

Ctrl + U - document အတွင်းမှာရှိတဲ့ tastအောက်ခြေမှာ မျဉ်းသားလို တဲ့အခါ သုံးကြပါတယ်။

Ctrl + I - Italic - tast အျေအ တွေကို စောင်းပေးပါတယ်။ Mouse / Keyboard Modifier Shift + right Click (တစ်ချက်) -Rice Click နဲ့ တူတယ်။

active windows ရဲ့ display menu ကို ဖွင့်ပေးတယ်။ Shift + Left Click(နှစ်ချက်) Alt + Left Click(နှစ်ချက်) -ဖိုင် သို့မဟုတ် folder ရဲ့ properties ကို ပြပေးမယ်။

Selected objects & shell objects F2 -ရွေးချယ်ထားတဲ့အရာဝတ္ထုကို နာမည်အသစ်ပြန်ပေးဖို့ အဆင် သင့်ဖြစ်နေစေပါမယ်။

F3 -ဖိုင်တွေအကုန်လုံးကို ရှာပေးမယ်။ Alt + Enter -ရွေးချယ်ထားတဲ့ အရာဝတ္ထုရဲ့ properties' ကို ဖော်ပြပေး ပါတယ်။

ဖိုင်တစ်ခုမိတ္တူပွားရန် - Ctrl Key ကို နှိပ်ထားပြီး အဲဒီဖိုင်ကို မတူညီ တဲ့ တခြားနေရာကို ရွှေ့ပေးပါတယ်။

အပေါင်းလက္ခဏာပေါ်လာပြီး မိတ္တူ ပွားပေးပါလိမ့်မယ်။

Shortcut တစ်ခု ဖန်တီးရန် - Ctrl နဲ Shift Keyတွေကို ဖိနှိပ်ထားရင် ဖန်တီးချင်တဲ့ folder ဒါမှမဟုတ် အရာဝတ္ထုကို ဖန်တီးလိုတဲ့ နေရာဆီကို Dragဆွဲယူပါ။

F4 - object ကိုselect ပေးထားရင်းနဲ့F4 ကို နှိပ်ရင်address bar ကို ဖွင့်ပေးပါတယ်။

General folder / shortcut control

F5 (Refresh) -လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည်လန်းဆန်း စေပါ။

F6 - Windows Explorerအတွင်း ဟိုဘက်ဒီဘက် Cursor ရွှေ့နိုင်ပါတယ်။

Ctrl + A -အရာဝတ္ထုများအားလုံးကို select လုပ်ပေးပါမယ်။

တကယ်လို့ Desktopပေါ်မှာ item တစ်ခုကို Clickနှိပ်ပြီး Ctrl + A' Command သုံးလိုက်ရင် ကျန်တဲ့ item တွေကိုပါ ရွေးချယ်ပြီးသားဖြစ်သွားပါလိမ့် မယ်။

Shift + Click + closebutton -ဖွင့်ထားတဲ့folder တွေမှန်သမျှ parten folder ကိုရော root folder ပိတ်ပေးသည်။

မြန်မာတို့ ရဲ့ ပထမဆုံးများ

၁။  ပထမဆုံး သမ္မတ    =   စ၀်ရွှေသိုက်
၂။  ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
၃။  ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး
၎။  ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း
                                                ( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )
၅။  ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
၆။  ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်
၇။  ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး
၈။  ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ
၉။  ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး  =  ဒေါ်ဦးဇွန်း
၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင်  = ဦးညီပု
၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ်  ဦးအုန်းမောင်
၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင်  ထုူးချွန်ဆုရ မင်းသား = ကျော်စိုး
၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး
၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး
၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး
၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့ 
၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ
၁၉။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ
၂၀။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု)
၂၁။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း
၂၂။ ပထမဆုံး ရန်ကုန်တကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော်
၂၃။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင်
၂၄။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင်
၂၅။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင်
၂၆။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်
၂၇။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်
၂၈။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆)
၂၉။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်)
၃၀။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ= ဒေါက်တာ တင်လှိုင်
၃၁။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဥိးဘကလေး ( ဦးရွှေကလေး)
၃၂။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း
၃၃။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင်
၃၄။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ်
၃၅။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇)
၃၆။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမပျဉ်းမနား ဒေါ်ပု
၃၇။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ
၃၈။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)
၃၉။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့် 
၄၀။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်

အချစ်တစ်ဖုံဖော်စပ်နည်း


အချစ်တစ်ဖုံဖော်စပ်နည်း
( MEDICAL SCIENCE EFFECT OF FORMULA OF REAL LOVE )

အကြင်နာမျိုးငါးပါး - (၁)ကျပ်သားစီ
အပြုံးပွင့်ခြောက် - (၃)ကျပ်သား
သမုဒယအမြစ် - (၂)ကျပ်သားနှင့်(၄)ပဲသား
နှုတ်ခမ်းလွှာအမှုန့် - (၁)ကျပ်သားနှင့်(၂)ပဲသား
သစ္စာအခေါက် - (၃)ကျပ်သား
မျက်ဝန်းသတ္တုရည် - (၁)ရွှေးသား

စသည့်တို့ကို နှလုံးသွေးဖြင့်တေပြီး ညစဉ်အိပ်မက်မမက်ခင်စားပါက အသဲကွဲခြင်း၊ ရင်နာခြင်း၊ နှလုံးသား အဖျားတတ်ခြင်း၊ ဦးနှောက်ငမ်းဖမ်းခြင်း၊ မျက်ရည်ကြောတတ်ခြင်း၊ မေတ္တာချုပ်ခြင်း၊ အလွမ်းနာကျခြင်း၊ သံယောဇဉ်လေဖြတ်ခြင်း၊ အချစ်ငုပ်ခြင်း၊ အလွမ်းနာတာရှည်ခြင်း၊ အချစ်စိတ်ပုံမှန်မလာခြင်း၊ အချစ်ပိန် အချစ်ခြောက်ခြင်း၊ အချစ်အဆိပ်တတ်ခြင်း၊ ဥပက္ခာပြု ခံရခြင်း၊ ဂရုဏာမဲ့ခြင်း၊ သစ္စာမရှိခြင်းနှင့် အတ္တကြီးခြင်းရောဂါများကို ဒိဌပျောက်ကင်းစေကြောင်း အာမခံပါသည်။

ကျန်းမာရေးလျှို့ဝှက်ချက်များ


တရုတ်ရုပ်သံလိုင်းဖြစ်တဲ့CCTVက အသက်(၇၆)နှစ်ရှိပြီဖြစ်တဲ့ တရုတ်ကျန်းမာရေးပညာရှင် ပါမောက္ခWan Cheng Kuiနဲ့ အစီအစဉ်တစ်ခု တင်ဆက်သွားခဲ့တယ်။ အစီအစဉ်မှာ Wan Cheng Kuiက သူ့ရဲ့ကျန်းမာရေး၊ ပျော်ရွှင်ရေး၊ အသက်ရှည်ရေး လျှို့ဝှက်ချက်တွေကို ပြောသွားခဲ့တယ်။

(၁) ကျန်းမာဖို့အတွက် သင့်ကိုယ်ပေါ်မှာ မူတည်တယ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ သတ်မှတ်ချက်အရ လူတစ်ယောက်ရဲ့ အသက်ရှည်ရေးနဲ့ကျန်းမာရေးဟာ ၁၅%က မျိုးရိုးကြောင့်၊ ၁ဝ%က လူမှုပေါင်းသင်းရေးကြောင့်၊ ၈%က ရောဂါဘယကြောင့်၊ ၇%က ရာသီဥတုကြောင့်နဲ့ ၆ဝ%က ကိုယ့်ကိုယ်ပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

လူအများသိပြီးကြတဲ့အတိုင်း မနက်စာကို ကောင်းကောင်းစား၊ နေ့လယ်စာကို ဝအောင်စား၊ ညစားကိုလျော့စားလို့ ဆိုကြပေမယ့် အခုခေတ်မှာတော့ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။ အခုခေတ်လူတွေက မနက်စာကို ဖြစ်သလိုစား၊ နေ့လည်စာကို ကြုံရာစား၊ ညစားကို အဝအပြဲစားကြတယ်။ ဒါဟာ ရောဂါရဲ့ရင်းမြစ်ဖြစ်တယ်။ မနက်စာဟာ အားဆေးနဲ့တူတယ်။ တစ်နေ့လုံးရဲ့အရေးပါတဲ့တစ်နပ်မို့ အာဟာရဖြစ်တာတွေ စားရပါတယ်။

မနက်ပိုင်းအာဟာရတွဲဖက်စာအဖြစ် ပဲနို့ရည်၊ ကွေကာအုပ်နဲ့ ပန်းသီးတွေကို တွဲစားနိုင်ပါတယ်။ အဓိကအစာမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးပါရပါမယ်။ အခုခေတ်လူတွေက့ ၂ဝ% မနက်စာ မစားကြသလို ၅ဝ%-၆ဝ% က မနက်စာ မစားတတ်ကြဘူး။ မနက်စားအာဟာရအတွက် နေ့လယ်၊ ညနေစာတွေနဲ့ ပြန်အစားထိုးလို့ မရနိုင်ပါဘူး။


(၂) လောကမှာ မကောင်းဆုံးအကျင့်က ဆေးလိပ်သောက်တာပဲ

လောကမှာ မကောင်းတဲ့အကျင့်(၅)ခုရှိတယ်။ ပထမတစ်ခုက ဆေးလိပ်သောက်တာပဲဖြစ်တယ်။ တစ်သက်လုံး ဆေးလိပ်သောက်သူဟာ နှစ်(၂ဝ)-(၂၅) စောသေကြတယ်။ ဆေးလိပ်တစ်ခါသောက်ရင် (၁၁)မိနစ် အသက်တိုတယ်။ ကျွန်တော်ဘာလို့ အရွယ်တင်နေသလဲ? ကျန်းမာနေသလဲဆိုတာ ကျွန်တော်တစ်သက်မှာ ဆေးလိပ်မသောက်ဖူးဘူး။ ကျွန်တော့်ရှေ့မှာ ဆေးလိပ်လာသောက်ရင် ဆောရီးပဲ တခြားနေရာမှာ သွားသောက်ပါ။ သင့်ကိုယ်သင် သေကြောင်းကြံလို့ရတယ်။ တခြားလူကိုတော့ သင်မသတ်ပါနဲ့။ မနက်ထလာတာနဲ့ ဆေးလိပ်သောက်တာ ပိုအန္တရာယ်ရှိတယ်။ ဆေးလိပ်သောက်သူတွေဟာ လေပြွန်နာ၊ အဆုတ်လေနာ၊ အဆုတ်အတွင်းနာ၊ အဆုတ်ကင်ဆာစတဲ့ရောဂါတွေကို ရနိုင်ပါတယ်။


(၃) အာဟာရများရင်လည်း အဆိပ်ဖြစ်တယ်

နေ့တစ်နေ့တာရဲ့ အစားအစာတွေကက အရွက်စိမ်း (၈)အောင်စ သို့မဟုတ် (၅ဝဝ)ဂရမ်၊ အသီး (၂)လုံး၊ ဟင်းရွက်ဆီ (၃)ဇွန်း၊ (၂၅)ဂရမ်ထက်မပိုရ။ ထမင်း(၄)အောင်စ သို့မဟုတ် ပေါက်စီအသားလွတ်(၄)လုံးနဲ့ ပရိုတင်းအပြည့်အဝပါတဲ့ အစားအစာတွေဖြစ်တယ်။

တစ်နေ့ကို ရေ(၈)ခွက်သောက်ရတယ်။ ရေက လူတွေရဲ့အသက်ပဲ။ ဒါပေမဲ့ အခုခေတ်လူတွေက ရေအသောက်နည်းကြတယ်။ ဆာမှ သောက်ကြတယ်။ တကယ်ဆို ဆာမှသောက်တာမဟုတ်ဘဲ အားတာနဲ့သောက်နေရမယ်။ ရေအစား ရေနွေးကြမ်းရော ရသလားမေးရင် မရဘူး။ ကော်ဖီ၊ အချိုရည်၊ ဘီယာနဲ့အစားထိုးရင်ရော ရသလားမေးရင် မရဘူး။ ရေနွေးကြမ်းသောက်မယ်ဆိုရင်လည်း အခါးခြောက်နည်းရမယ်။ သေချာမှတ်ထားပါ.... ရေက လူတွေရဲ့အသက်ပါ။


(၄) လူတွေက အို၊ နာသေတာမဟုတ်ဘူး၊ စိတ်ကြောင့်သေတာ

လူတွေ စိတ်မတိုဘဲနေနိုင်လား? လူဆိုတာ ခံစားချက်ရှိတဲ့သတ္တဝါတွေ။၊ ငိုမယ်၊ ရယ်မယ်၊ တိုမယ်၊ လွမ်းမယ်၊ ကြောက်မယ်၊ လန့်မယ်။ ပျော်ရင်ရယ်တယ်၊ မပျော်ရင် ငိုတယ်။ စိတ်တိုတဲ့အခါ နှစ်ခွန်းလောက်ဆဲလိုက်ရမှ ... ဒါဟာ လူတွေရဲ့ခံစားချက်ဖြစ်တယ်။ တကယ်လို့ ခံစားချက်တစ်မျိုးပဲရှိရင် ဒီလူ မကျန်းမာတော့ဘူး။

ခံစားချက်ပြည့်ဝတဲ့ လူတွေက ဘာလုပ်ချင်ရင် ဘာလုပ်ကြတယ်။ ဒါပေမဲ့ တစ်ခုမှတ်ထားရမှာက အလွန်အကျွံမဖြစ်ရဘူး။ အလွန်အကျွံဖြစ်ခဲ့ရင်လည်း အချိန်မကြာရဘူး။ ခံစားချက်ကို ခပ်မြန်မြန်လေး ပြန်ထိန်းညှိရမယ်။ ဒါမှ ကျန်းမာတယ်။

ဘုရင့်ကျမ်းစာမှာ ရှင်းရှင်းလင်းလင်းရေးထားပြီးသားပါ။ "စိတ်တိုရင် အသဲကိုထိတယ်၊ ပျော်ရင် နှလုံးကိုထိတယ်၊ စိုးရိမ်ကြောင့်ကြရင် အဆုတ်ကိုထိတယ်၊ လွမ်းဆွေးရင် သရက်ရွက်ထိတယ်၊ ကြောက်ရင် ကျောက်ကပ်ကိုထိတယ်၊ စိတ်ကြောင့်ရောဂါရတယ်"။ တကယ်တမ်းပြောရရင် လူအများက အိုသေ၊ နာသေတာမဟုတ်ဘူး။ စိတ်ကြောင့်သေကြတယ်။ အကြီးအကဲမလုပ်ရလို့ စိတ်ကြောင့်သေသွားတယ်၊ ဆရာမလုပ်ရလို့ စိတ်ကြောင့်သေသွားတယ်၊ ပိုက်ဆံရှာမရလို့ စိတ်ကြောင့်သေသွားတယ်။ လူအိုတချို့ ကိစ္စသေးသေးမွှားမွှားနဲ့ စိတ်ညစ်၊ စိတ်တိုပြီးသေသွားတယ်။ ဒီလိုလူမျိုးတွေ တော်တော်များများ ကျွန်တော်ကြုံဖူးတယ်။

ဒါကြောင့် ကျွန်တော်ပြောချင်ပါတယ်။ "စိတ်တိုဒေါသထွက်လို့ရတယ်။ ဒါပေမဲ့ ထွက်တတ်ရတယ်။ ခံစားချက်ရဲ့ဓားစာခံတော့ မလုပ်ရဘူး။ ခံစားချက်ရဲ့အရှင်သခင်ပဲလုပ်ရမယ်။ ခံစားချက်ကို မောင်းနှင်သူဖြစ်ရမယ်၊ ခံစားချက်ရဲ့ အမောင်းနှင်ခံရသူတော့ မဟုတ်နဲ့"


(၅) လမ်းလျှောက်တာဟာ အကောင်းဆုံးအားကစားပါ

ဘယ်အရာမဆို အတိုင်းအတာတစ်ခုတော့ရှိတယ်။ စားတာလည်း အတိုင်းအတာ၊ အိပ်တာလည်း အတိုင်းအတာ၊ အားကစားလုပ်တာလဲ အတိုင်းအတာရှိတယ်။ အားကစားမလုပ်ရင် မကောင်းသလို လွန်လွန်ကျွံကျွံလုပ်ရင်လည်း ရောဂါခုခံနိုင်အားကို ကျဆင်းစေတယ်။ နေ့တိုင်း နာရီဝက်က တစ်နာရီထိ အားကစားလုပ်နိုင်တယ်။ လုပ်တဲ့နည်းကလည်း ရိုးရှင်းတဲ့နည်းကို အသုံးပြုလို့ရတယ်။ နာရီဝက်လောက် လမ်းလျှောက်ရုံပါပဲ။ ရိုးရှင်းပြီး ငွေကုန်ကြေးကျစရာလည်း မလိုဘူး။ အကျိုးလည်း အရမ်းရှိတယ်။

ဒါပေမဲ့ လမ်းလျှောက်ရာမှာ သတိပြုရမယ့်အချက်တွေရှိတယ်။ လူငယ်တွေက မြန်မြန်လျှောက်ရတယ်။ တစ်မိနစ်ကို ခြေလှမ်း(၁၃ဝ)ထိ၊ နှလုံးခုန်နှုန်း တစ်မိနစ်ကို (၁၂ဝ)ကြိမ်ထိ ခပ်မြန်မြန်လေးလျှောက်ရတယ်။ ဒါမှ နှလုံးကို လေ့ကျင့်ပေးရာရောက်တယ်။ တစ်မိနစ်ကို ခြေလှမ်း(၁၃ဝ)၊ နှလုံးခုန်နှုန်း(၁၂ဝ) ရောက်ဖို့က ခဏလေးနဲ့တော့ လုပ်လို့မရဘူး။ ခြေလှမ်းမှန်မှန် မြန်မြန်လှမ်းနိုင်မှရတယ်။ ဒါကို နှစ်ဝက်လောက် သင်လုပ်နိုင်ရင် သင့်နှလုံး၊ အဆုတ်ရဲ့အကျိုးကို ၃ဝ% က ၅ဝ%ထိ မြင့်တင်ပေးနိုင်ပါတယ်။

လူတစ်ယောက်ဟာ လူငယ်အရွယ်ကစ စံသတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားရမယ်။ ကျွန်တော်ဆိုရင် အသက်(၃ဝ)ကတည်းက ဒီခန္ဓာအလေးချိန်ပဲ။ ဝလာပြီဆိုတာနဲ့ အလေးချိန်လျော့ဖို့က ခက်သွားပြီ။ အဓိက,က ပါးစပ်ကိုထိန်းမယ်၊ ခြေများများလှုပ်ရှားမယ်။ လူတွေက ပါးစပ်ကသာပြောတယ်။ ခြေကတော့ မလှုပ်ဘူး။

(၆) အရက်အလွန်အကျွံ တစ်ခါမူးရင် အသဲရောင်ရောဂါဖြစ်ဖို့ နီးပြီ

ကမ္ဘာကထုတ်ပြန်တဲ့ မကျန်းမာတဲ့နေထိုင်မှု(၆)မျိုးထဲမှာ - (၁) ဆေးလိပ်သောက်တာ (၂) အရက်သောက်တာပါတယ်။ အရက်ကို အလွန်အကျွံသောက်တာဖြစ်တယ်။ အရက်ကို နည်းနည်းသောက်ရင် ကောင်းကျိုးရှိနိုင်သေးတယ်။ ဥပမာ-- နေ့တိုင်းအရက်ဖြူကို တစ်အောင်စသောက်မယ်၊ ဝိုင် အထူးသဖြင့် စပျစ်ဝိုင်နီကို ၂အောင်စသောက်မယ်၊ ဘီယာကို ၂၅ဝဂရမ် ဒါမှမဟုတ် ၅ဝဝဂရမ်လောက် သောက်နိုင်ပါတယ်။ အလွန်အကျွံသောက်တာက ခန္ဓာကိုယ်ကို ထိခိုက်စေတယ်။ အသဲ၊ ဦးနှောက်၊ နှလုံး စတဲ့ ကိုယ်အင်္ဂါတွေကို ထိခိုက်စေပါတယ်။

အရက်အလွန်အကျွံ တစ်ခါမူးရင် အသဲရောင်ရောဂါဖြစ်ဖို့ နီးပြီ။ ဒါကို မှတ်ထားပါ။ အရက်သောက်တာက အသဲကိုထိခိုက်စေတဲ့အပြင် မှတ်ဉာဏ်ကိုလည်း ကျဆင်းစေတယ်။ အရက်ကြောင့် ဦးနှောက်ဆဲလ်တွေ သေသွားလို့ဖြစ်တယ်။ တစ်နေ့ကို ၁အောင်စလောက်သောက်တာက လုံခြုံစိတ်ချရတဲ့ အနေအထားပါ။

(၇) မိသားစု မသင့်မြတ်ရင်လည်း ကျန်းမာရေးကို ထိခိုက်စေတယ်
လူတွေကိုရောဂါဖြစ်စေတဲ့နှုန်း ၇ဝ%က မိသားစုကလာတယ်လို့ တတ်ကျွမ်းသူအချို့က ဆိုပါတယ်။ ကင်ဆာရောဂါဖြစ်နှုန်း ၅ဝ%က မိသားစုကလို့ဆိုတယ်။ မိသားစုဟာ အရေးကြီးသလား မကြီးဘူးလား?

အိမ်မှာက "ရန်ပွဲအသေး နေ့တိုင်းရှိတယ်၊ ရန်ပွဲအကြီး တစ်ရက်ခြားရှိတယ်"ဆိုတာမျိုး မဖြစ်ပါစေနဲ့။ ရေသေအိုင်လိုလည်း မိသားစုအိုင်မဖြစ်စေနဲ့။ အငြင်းမပွား၊ စကားမပြောဘဲ လဝက်လောက်နေကြည့်ပါလား! ပျင်းရိခြောက်သွေ့ပြီး သေသွားနိုင်တယ်။

လင်မယားကွာရှင်းထားတဲ့လူ၊ အိမ်ထောင်ဖက်သေဆုံးသွားတဲ့လူတွေရဲ့ အသက်ဟာ ပိုတိုကြောင်း အစီအစဉ်မှာ ကျွန်တော်ကြည့်ခဲ့ရဖူးတယ်။ သိပ္ပံပညာမှာလည်း ဒါကိုအသိအမှတ်ပြုထားတယ်။ အထီးကျန်တာဟာ ဆင်းရဲတာထက် ပိုကြောက်ဖို့ကောင်းတယ်။ အချင်းချင်းချစ်ကြတဲ့ လင်မယားတွေက အသက်ပိုရှည်တယ်။ တစ်ယောက်ထဲ ထီးထီးနေသူတွေက အသက်ပိုတိုပြီး ရောဂါပိုများတယ်။ ဒီလိုဆိုရင် သင့်မြတ်တဲ့ မိသားစုတစ်စုဖြစ်အောင် ဘယ်လိုလုပ်မလဲ? ဒါလည်း ပညာသားပါပါတယ်။

သင့်မြတ်တဲ့မိသားစုဖြစ်ဖို့ (၁) အသက်ကြီးသူကို လေးစားပါ၊ (၂) ကလေးတွေကို ပြုပြင်ထိန်းကျောင်းပါ၊ (၃) ယောက္ခမ_ချွေးမကြားကဆက်ဆံရေးကို ကောင်းမွန်အောင်လုပ်ပါ၊ (၄) လင်မယားအချင်းချင်း ချစ်ခင်နှစ်သက်ပါ.. ဒါဟာ အရေးအကြီးဆုံးအချက်ဖြစ်တယ်။

လင်မယားအချင်းချင်း ချစ်ခင်နှစ်သက်ဖို့ အချက်(၈)ချက်ကို လုပ်နိုင်ရပါမယ်။ အချင်းချင်းလေးစားမှု၊ အချင်းချင်း ချစ်ခင်မှု၊ အချင်းချင်းယုံကြည်မှု၊ အချင်းချင်း ရိုင်းပင်းမှု၊ အချင်းချင်းနှစ်သိမ့်မှု၊ အချင်းချင်းအားပေးမှု၊ အချင်းချင်း အလျော့ပေးမှု၊ အချင်းချင်း ခွင့်လွှတ်မှုတွေဖြစ်တယ်။ လူတိုင်းမှာ အကျင့်စရိုက်ကိုယ်စီရှိကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုအမြဲ အသိပေးရပါတယ်။ ထားလိုက်တော့... သူ(သူမ) ဝမ်းသာပျော်ရွှင်ရင် ပြီးတာပါပဲ။

ကိုယ်ချစ်တဲ့လူကို ငယ်ရွယ်စဉ်အချိန်အခါမှာ ချစ်ရုံတင်မက၊ သူ(သူမ) အိုမင်းသွားတဲ့အခါလည်း ချစ်မယ်၊ သူ(သူမ) ကျန်းမာတဲ့အခါလည်း ချစ်မယ်၊ မကျန်းမာတဲ့အခါ ပိုချစ်မယ်၊ သူ(သူမ)ရဲ့ ကောင်းကွက်ကိုချစ်ရုံတင်မက ဆိုးကွက်ကိုလည်း ချစ်ရပါမယ်။ ဒါဟာ ကျွန်တော့်ရဲ့ သတိပေးစကားပါ။ သေချာမှတ်ထားပေးပါ။

(၈) ဦးနှောက်နဲ့ထမင်းစားပြီး ကျန်းမာရေးကိုထိန်းပါ

နေ့တိုင်းကျန်းမာတဲ့ဘဝကိုရဖို့ အချက်(၇)ချက်ကို လုပ်ရပါမယ်။
(၁) တစ်နေ့ထမင်းသုံးနပ် မှန်မှန်စားရပါမယ်
(၂) တစ်နေ့(၈)နာရီ မှန်မှန်အိပ်ရပါမယ်
(၃) တစ်နေ့ အားကစားနာရီဝက် မှန်မှန်လုပ်ရပါမယ်
(၄) စိတ်နှလုံးကျန်းမာဖို့ တစ်နေ့ နာရီဝက် ပြုံးရယ်ရပါမယ်
(၅) ဒါက ထူးခြားချက်ပါ။ နေ့တိုင်း အိမ်သာတက်ရပါမယ်။ လူတွေက အပေါ်ပေါက်အဝင်ခံပြီး အောက်ပေါက်က မထွက်ကြဘူး။ ဒါဟာ သဘာဝဖြစ်စဉ်ပါ။ အိမ်သာတက်ကိုတက်ရပါမယ်။

(၆)ကိုယ်ချစ်တဲ့လူနဲ့ ပေါင်းသင်းဆက်ဆံရေးသင့်မြတ်ရပါမယ်။ သူ(သူမ)နှစ်သက်တဲ့ စကားသုံးခွန်းကိုပြောပေးပါ။ ယောက္ခမနဲ့လည်း ဆက်ဆံရေးကောင်းမွန်ရပါမယ်။

(၇) အရက်၊ ဆေးလိပ် ဝေးဝေးရှောင်ရပါမယ်

ကျန်းမာဖို့ နေ့တစ်နေ့တာကစရပါတယ်။ နေ့တိုင်းကျန်းမာမှ တစ်သက်ကျန်းမာနိုင်မှာပါ။ "စားနိုင်သောက်နိုင်တိုင်း မကျန်းမာဘူး၊ စားတတ်သောက်တာမှ ကျန်းမာတယ်။ လျှောက်စားလျှောက်သောက်ရင် ပိုဆိုးတယ်"၊ "ဗိုက်နဲ့အစားစားတာ ပြည့်ဝဖို့၊ ပါးစပ်နဲ့အစားစားတာ အရသာခံဖို့၊ ဦးနှောက်နဲ့အစားစာတာ ကျန်းမာဖို့"၊ "မနက်စာ ဘုရင်လိုစားပါ၊ နေ့လယ်စာ မှူးမတ်လိုစားပါ၊ ညစာ သူတောင်းစားလိုစားပါ" ကျွန်တော့်ရဲ့ဒီစကားတွေကို မှတ်ထားပေးပါ။

(၉) ကန်စွန်းဥက ကမ္ဘာပေါ်မှာ အကောင်းဆုံးအစားအစာပါ

အသီးအရွက်စားနှုန်းက ၇ဝ%-၈ဝ% ရှိရပါမယ်။ အသားစားနှုန်းက ၂ဝ%- ၃ဝ%ရှိရပါမယ်။ ဒါကို မှတ်ထားပါ။ ဒါပေမဲ့ အခုခေတ်က ပြောင်းပြန်ဖြစ်နေတယ်။ ဒါကြောင့် ရောဂါပေါင်းစုံဖြစ်ကြရတယ်။ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ရောဂါ။ အသီးအရွက်တွေမစားလို့ မရပါဘူး။ အခုခေတ်ကလေးတွေက ဟင်းသီးဟင်းရွက်တွေ မစားကြဘူး။ အသီးစားတာလည်း နည်းသွားတယ်။ တစ်နေ့ကို အသီး ၃,၄မျိုး၊ အရွက် ၄,၅မျိုး စားရပါမယ်။ ဒါတွေဟာ ကင်ဆာကိုကာကွယ်သလို နှလုံးကိုလည်း ကာကွယ်ပါတယ်။ ဒါဟာ ၂၁ ရာစုရဲ့အာဟာရအစာတွေပါ။

ကန်စွန်းဥကတော့ အကောင်းဆုံးအစားအစာပေါ့။ အရင်ဂျပန်က ကင်ဆာရောဂါအဖြစ်ဆုံးနိုင်ငံပါ။ ကင်ဆာရောဂါဖြစ်နှုန်းကျအောင်ဆိုပြီး ဂျပန်လူမျိုးတွေက နည်းအမျိုးမျိုး တွေးတောခဲ့ကြတယ်။ ဒါပေမဲ့ အကျိုးမရှိခဲ့ဘူး။ နောက်တော့ သူတို့က အသီးအနှံအမျိုး(၂ဝ)နဲ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ အဲဒီအထဲမှာ ကန်စွန်းဥက အကောင်းဆုံးဆိုတာကို တွေ့လိုက်တယ်။ ကန်စွန်းဥအစိမ်း၊ အကျက်က ကင်ဆာကိုကာကွယ်ပေးတယ်၊ နှလုံးကိုကာကွယ်ပေးတယ်၊ သွေးကြောကို ပျော့ပြောင်းစေတယ်၊ ဝမ်းပျော့စေတယ်။

တကယ်လို့ ကျန်းမာရေးက ၁ ဆိုရင် ကျန်တဲ့အရာတွေအားလုံးက သုညပါ။

ကောင်းတဲ့ကျန်းမာရေးက ၁ ဆိုရင် ကျန်တဲ့အလုပ်အကိုင်၊ စီးပွားရေး... စတာတွေက သုညဖြစ်တယ်။ ကျန်းမာရေးကောင်းရင် ကျန်းမာရေး(၁)နောက်မှာ တခြားအရာ(သုည)တွေ လိုက်လာလိမ့်မယ်။ ဒီလိုဆိုရင် ၁ဝဝ, ၁ဝဝဝ, ၁ဝဝဝဝ တွေနဲ့ ဆတိုးဖြစ်လာမှာဖြစ်တယ်။ ကျန်းမာတဲ့ ၁ကိုပိုင်ဆိုင်ထားရင် တခြားအရာတွေ နောက်ကလိုက်လာပါတယ်။ ဒီလိုဆိုရင် ပျော်ရွှင်ကျန်းမာတဲ့ဘဝကို သင်ပိုင်ဆိုင်နိုင်ပါပြီ။

ပြောင်းပြန်စာလုံးလေးတွေလုပ်ကျမယ်


ပုံလေးထဲကလို ပဲ ကို ရိုက်လိုက်တဲ့ စာလုံးတွေကို invert လုပ်ပေးပါလေ့မယ်.gtalk နဲ့ facebook တွေများ တင်ပြီး
ပျော်စရာလေးအဖြစ်သုံးစွဲနိုင်ပါတယ်.သူ ပြောထားပုံအရတော့ ပတ်ဝေါ့တွေကို ဒီကောင်လေးနဲ့ invert လုပ်ပြီး
သုံးမယ်ဆိုရင် strong ဖြစ်နေတဲ့ password လေးတွေဖြစ်နေမှာပါ.
ဒီလင့်မှာ သွားရောက်ပြီး invert လုပ်နိုင်ပါပြီ.



ဓမ္မပုံများ

303840_152289921526756_111537648935317_273621_3596521_n.jpg
317798_152289971526751_111537648935317_273623_1981440_n.jpg
306309_168549963234085_111537648935317_323577_899305593_n.jpg
315627_152289991526749_111537648935317_273625_1339791_n.jpg
314486_171813792907702_111537648935317_334153_2058904444_n.jpg

298178_152289978193417_111537648935317_273624_90638_n.jpg
316081_152290074860074_111537648935317_273629_5446407_n.jpg

Sunday, October 23, 2011

ရေအောက်အင်တာနက်ဆက်ကြောင်းလိုင်း ယာယီပြတ်တောက်မှုကြောင့် နယ်ပယ် အသီးသီး၌ အခက်အခဲရင်ဆိုင်လာရ ကုန်းတွင်းဆက်ကြောင်းလိုင်းများကို အဆင့်မြှင့်တင်ရန် အမြန်ဆုံးလုပ်ဆောင်နေသည်ဟု ဆို

အောက်တိုဘာလ ၁၇ရက်နေ့မှ စတင်၍ ဖြစ်ပေါ်ခဲ့သော ရေအောက်အင်တာနက်လိုင်း ယာယီပြတ်တောက်မှုကြောင့် စီးပွားရေးလုပ်ငန်း နယ်ပယ်တွင်သာမက နယ်ပယ်အသီးသီးတွင် အခက်အခဲဖြင့်ရင်ဆိုင်လာရကြောင်း နှင့် အခြားတစ်ဖက်တွင်လည်း အင်တာနက်ကုန်းတွင်း ဆက်ကြောင်းလိုင်းများကို အဆင့်မြှင့်တင်ရန် အမြန်ဆုံး လုပ်ဆောင်လျက်ရှိနေကြောင်း သိရှိရပါသည်။
လုပ်ငန်းတိုင်းအင်တာနက်နှင့်မကင်းနိုင်

အောက်တိုဘာလ ၁၇ရက်နေ့ မှစတင်ဖြစ်ပေါ်ခဲ့သည့် အင်တာနက်လိုင်း ယာယီပြတ်တောက်မှုမှာ ငါးရက်ကြာမြင့်လာချိန်အထိ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိမလာခဲ့သေးဘဲ ပိုမိုဆိုးဝါးသည့် အနေအထားသို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် အင်တာနက် သုံးစွဲသူအရေအတွက် တိုးပွားလာသည်နှင့်အမျှ လုပ်ငန်းနယ်ပယ်အသီးသီးမှာ အင်တာနက်နှင့်မကင်းနိုင်သည့် အနေအထား ဖြစ်လာသည့်အတွက် အခက်အခဲတွေ့လာရခြင်းဖြစ်ကြောင်း သိရပါသည်။
"အင်တာနက်က လုပ်ငန်းတိုင်း နဲ့ မကင်းနိုင်တော့ဘူး။ အခုလို အင်တာနက် ယာယီပြတ်တောက်မှုတွေကြောင့် လုပ်ငန်းတွေမှာ ဆုံးရှုံးမှုဘယ်လောက်ရှိတယ်ဆိုတဲ့ အတိုင်းအတာပမာဏကို အတိအကျမပြောနိုင်သေးပေမယ့် အခက်အခဲကတော့ ကြုံလာရတယ်။ လုပ်ငန်းကိစ္စတွေအတွက် ချိတ်ဆက်တာတွေကအစ အရေးကြီးတဲ့ စာချုပ်စာတမ်းကိစ္စတွေမှာ အခက်အခဲရှိလာတယ်" ဟု စင်ကာပူအခြေစိုက် Kelvin Cha ဥပဒေအကျိုးဆောင်လုပ်ငန်း၏ ရန်ကုန်ရုံးတာဝန်ခံ ဦးသန်းမောင်က ပြောပြပါသည်။
"ထင်သာမြင်သာရှိနေတဲ့ အခက်ကတော့ လေယာဉ်လက်မှတ်ရောင်းတဲ့ ကုမ္ပဏီတွေ ဖြစ်နေကြတာပါ။ e-Ticket စနစ်ကို အသုံးပြုသူတွေအကုန်လုံး အချိန်မီမရကြတော့တာပါပဲ။ ဆုံးရှုံးတာတွေကို မတွက်ချက်သေးလို့သာ ဂဏန်းတစ်ခု ထွက်မလာသေးတာပါ။ ဆုံးရှုံးမှုတွေရှိနေမှာတော့ သေချာပါတယ်"ဟု Myanmars.net မှ မန်းနေးဂျင်းဒါရိုက်တာ ဦးဇော်ထွဋ်က ပြောပါသည်။
အင်တာနက်ဆက်ကြောင်း လေးလိုင်း

မြန်မာနိုင်ငံတွင် အသုံးပြုနေသော အင်တာနက်ဆက်ကြောင်း လိုင်းလေးလိုင်းရှိပြီး အဆိုပါ အင်တာနက် ဆက်ကြောင်းလိုင်းများမှာ SEA-ME-WE 3 ရေအောက်ဆက်ကြောင်းလိုင်းနှင့် အိန္ဒိယ၊ တရုတ် နှင့်ထိုင်းနိုင်ငံတို့ဖြင့် ချိတ်ဆက်ထားသော ကုန်းတွင်းဆက်ကြောင်းလိုင်း တို့ဖြစ်ကြပါသည်။
SEA-ME-WE 3 ရေအောက်ဆက်ကြောင်းလိုင်းသည် နိုင်ငံပေါင်း ၃၄နိုင်ငံကို ချိတ်ဆက်ထားသော နိုင်ငံတကာ အင်တာနက်ဆက်ကြောင်းလိုင်းဖြစ်ပြီး ကုန်းတွင်းဆက်ကြောင်းလိုင်း သုံးလိုင်းမှာမူ မြန်မာနိုင်ငံနှင့် သီးခြားဆက်သွယ်ထားသော အင်တာနက်ဆက်ကြောင်းလိုင်းများဖြစ်ကြပါသည်။   
ယခုဖြစ်ပေါ်နေသော အင်တာနက်ယာယီပြတ်တောက်မှုမှာ SEA-ME-WE 3 ရေအောက်ဆက်ကြောင်း လိုင်းချို့ယွင်းမှုကြောင့်ဖြစ်ပြီး အဆိုပါချို့ယွင်းမှုမှာ မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။
SEA-ME-WE 3 ချို့ယွင်းတာကို ပြင်ဆင်ဖို့အတွက်သွားနေတဲ့ သဘောင်္ကို အောက်တိုဘာလ ၂၅ ရက်နေ့လောက်မှ ပျက်တဲ့နေရာကို ရောက်မယ်လို့သိရပါတယ်" ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊သတင်း အချက်အလက်နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောပြပါသည်။
SEA-ME-WE 3 နှင့် အင်တာနက် ယာယီပြတ်တောက်မှု မည်သို့သက်ဆိုင်သနည်း

မြန်မာနိုင်ငံ၌ အင်တာနက်ယာယီပြတ်တောက်မှု ဖြစ်ပေါ်သည့်အချိန်အတိုင်း သက်ဆိုင်ရာတာဝန်ရှိသူများမှ SEA-ME-WE 3 ချို့ယွင်းမှု သို့မဟုတ် National Backbone ချို့ယွင်းမှုကြောင့်ဟု ပြောဆိုလေ့ရှိပါသည်။ သုံးစွဲသူများဘက်တွင်မှု မြန်မာနိုင်ငံ၌ အင်တာနက်ဆက်ကြောင်း လိုင်းလေးလိုင်းရှိနေပြီး ဆက်ကြောင်းလိုင်း တစ်လိုင်းပျက်ရုံဖြင့် အင်တာနက်ပြတ်တောက်မှု မဖြစ်နိုင်ကြောင်း ပြောဆိုမှုများရှိခဲ့ပါသည်။
"iPad မှာပါတဲ့ app တစ်ခုလိုပဲ။သတင်းကြေညာတဲ့သူနှစ်ဦးကို ကိုယ့်အသံနဲ့ ပြန်ပြောခိုင်းတဲ့ app တစ်ခုပါ။ ဒီနှစ်ဦးက သတင်းကြေညာတယ်။ နောက်တော့ ရန်ထဖြစ်တယ်။ ဒီအခါမှာ Technical Error ဆိုပြီးပေါ်လာတယ်။ အမှန်တော့  Technical Error မဟုတ်ဘူး။ ရန် ဖြစ်လို့ ရပ်သွားတာ။ အင်တာနက် ယာယီပြတ်တယ်ဆိုတာကလည်း ရံဖန်ရံခါမှာ ဒီသဘောဖြစ်နေတယ်" ဟု ဦးဇော်ထွဋ်က ပြောပါသည်။
အင်တာနက်ယာယီပြတ်တောက်မှုဖြစ်ပေါ်သည့်အခါတိုင်း နိုင်ငံရေးအခြေအနေများနှင့် ဆက်စပ်စဉ်းစားလေ့ရှိသည်မှာ အင်တာနက်သုံးစွဲသူများအကြား အစဉ်အလာအားဖြင့် ရှိခဲ့ပြီဖြစ်ပါသည်။ သို့သော် SEA-ME-WE 3 အမှန်တကယ်ချို့ယွင်းပါက မြန်မာနိုင်ငံ၏ အင်တာနက်ဆက်သွယ်မှုကို ထိခိုက်နိုင်မည့် အခြေအနေရှိနေကြောင်း သိရှိရပါသည်။
SEA-ME-WE 3 ရေအောက်ဆက်ကြောင်းလိုင်းသည် မြန်မာနိုင်ငံတွင်ရှိနေသော အင်တာနက်ဆက်ကြောင်းလိုင်း လေးလိုင်းအနက် အဓိက အကျဆုံးဆက်ကြောင်းလိုင်း ဖြစ်ပါသည်။ SEA-ME-WE 3 ရေအောက် ဆက်ကြောင်းလိုင်း ချို့ယွင်းမှုဖြစ်စေတာက  မြန်မာနိုင်ငံမှာ စုစုပေါင်း အင်တာနက်သုံးစွဲမှု Bandwidth ပမာဏမှာ 3.596Gbs ၀န်းကျင် ရှိပါတယ်။ SEA-ME-WE 3 ကနေ 1.7 Gbs ရပါတယ်။ကုန်းတွင်း ဆက်ကြောင်းတွေက 2 Gps လောက်ရပါ တယ်။ ဒါကြောင့်မို့ SEA-ME-WE 3 ချို့ယွင်းတာနဲ့ အင်တာနက် ယာယီပြတ်တောက်မှုတွေ ဖြစ်တာပါ" ဟု  အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောပါသည်။
အင်နာတာဆက်ကြောင်း ချို့ယွင်းပါက အစားထိုးနိုင်မည့်နည်းလမ်း စီစဉ်နေဆဲ

အင်တာနက်ဖြင့် အလုပ်လုပ်ကိုင်ရသည့် ခေတ်အခြေအနေသို့ ရောက်ရှိချိန်တွင် နိုင်ငံအများစုမှာ အင်တာနက်ဆက်ကြောင်းလိုင်း ချို့ယွင်းပါက အရေးပေါ်အသုံးပြုနိုင်မည့် အင်တာနက်ဆက်ကြောင်းလိုင်း
များ ထားရှိလေ့ရှိကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် အင်တာနက်ဆက်ကြောင်းလိုင်း ချို့ယွင်းပါက အသုံးပြုနိုင်မည့် အရေးပေါ်အင်တာနက်ဆက်ကြောင်းလိုင်း ထားရှိရန်မှာမူ ယခုအချိန်မှ စီစဉ်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။
"အင်တာနက်ဆက်ကြောင်း လိုင်းတစ်လိုင်းချို့ယွင်းသွားရင် အစားထိုနိုင်မည့်နည်းလမ်း ရှာဖွေထားသင့်တယ်ဆိုထာတက် လုပ်နေတယ်လို့ ကြားထားပါတယ်။ ကုန်းတွင်းဆက်ကြောင်းလိုင်းတွေက တစ်ဆင့်  on damand ပေါ်မူတည်ပြီး ထပ်တိုး ဖို့လုပ်နေတယ်လို့ ကြားထားပါ တယ်" ဟု Myanmar Gateway Technology ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ ဦးဇော်မင်းဦးက ပြောပြပါသည်။
"ဆက်ကြောင်းလေးကြောင်း ရှိနေတာတော့ မှန်တယ်။ ဒါပေမဲ့ ဒီဆက်ကြောင်းတွေက ဆက်သွယ်ထားတာပဲ ရှိတယ်။ အင်တာနက် Bandwidth ယူပြီဆိုတာနဲ့ ယူသလောက်ပိုက်ဆံပေးရပါပြီ။ SEA-ME-WE 3 ကတော့ တည်ဆောက်မှု မြန်မာနိုင်ငံပါတဲ့အတွက် အင်တာ နက် Bandwidth ဖိုးက သက်သာပါတယ်။ တခြားဆက်ကြောင်းမှာ ယူမယ်ဆိုရင်တော့ 145Mbps လောက် အမေရိကန်ဒေါ်လာ ၄၀၀၀နဲ့၅၀၀၀ ကြားလောက်မှာပေးရပါတယ်" ဟု Myanmar Gateway Technology ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ ဦးဇော်မင်းဦးက ပြောပြပါသည်။
သတင်းအချက်အလက်နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးမူ ရေအောက်ဆက်ကြောင်းလိုင်းမှာ ဈေးအသက်သာဆုံးဖြစ်နေသည့်အတွက် ကုန်းတွင်းဆက်ကြောင်းလိုင်းထက် ပိုမိုအသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။
သို့သော် မြန်မာနိုင်ငံ၌ အင်တာနက်လိုင်းချိတ်ဆက်သူတစ်ဦးမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀မှ ၁၅၀၀အကြား နှစ်စဉ်ကြေး ပေးသွင်းထားရသည့်အတွက် အင်တာနက်လိုင်းတပ်ဆင်သူ တစ်သိန်းရှိသည်ဆိုပါက အမေရိကန်ဒေါ်လာ သန်း ၁၀၀မှ သန်း ၁၅၀အကြားကို ၀င်ငွေရရှိနေမည်ဖြစ်ပါသည်။ နိုင်ငံတကာဆက်ကြောင်းလိုင်းမှ 3 Gbs အင်တာနက် Bandwidth  အတွက် အမေရိကန်ဒေါ်လာ ခြောက်သောင်းကျော်ခန့်သာ ကုန်ကျမည်ဖြစ်သည်။(ElevenMediaGroup)မှ