Tuesday, November 29, 2011

အပေါ.သွားရင်းgameကစားမယ်

ကမ္ဘာ့ ပထမဦးဆုံးလို့ ဆိုနိုင်မည့် အပေါ့ သွားယင်းဆော့ ကစားနိုင်မည့် ဗီဒီယိုဂိမ်းတစ်မျိုးကို လန်ဒန်မြို့ ၊
အရက်ဘားတစ်ခုရှိ အမျိုးသားများသန့် စင်ခန်းတွင် တပ်ဆင်နိုင်ခဲ့ ပြီမို့ ရေအိမ်သို့ မဖြစ်မနေသွားရတာ
တောင်မှ ယခင်ကထက်ပိုပြီးပျော်ရွှင်စရာကော
င်းလာမှာအမှန်ပင်ဖြစ်လာပါတော့ တယ်...
ဘယ်လ်ဟမ် အရပ်ရှိ အိတ်စ်ဟီဘစ် ဘားဆိုင်မှ သန့် စင်ခန်းတွင် တပ်ဆင်ထားသည့် ဗီဒီယိုဂိမ်းသုံးခုအ
နက်တစ်ခုခုကို ဆိုင်သို့ လာရောက်အားပေးသူများအပေါ့ သွားတိုင်း ဆော့ ကစားနိုင်မှာဖြစ်ပါတယ်...



 ရုပ်ချောတယ်၊ သဘောကောင်းတယ်၊ စိတ်ဆတ်တယ်၊ အကြွေးမဆပ်ဘူး...
ရှူရှူပေါက်ယင် အဝေးကြီးရောက်တယ်ဆိုသူများ သက်သေပြနိုင်မည့် ဂိမ်းပေါ်လာပါပြီ...



ဗီဒီယိုဂိမ်းအား ကိန်းဘရစ်အရပ်ရှိ ဘားတစ်ခုတွင် လွန်ခဲ့ သည့် ဂျူလိုင်လလယ်ကတည်းက တပ်ဆင်စမ်း
သပ်ခဲ့ တာဖြစ်ပြီး လူကြိုက်များကာ ဆွဲဆောင်လျှက်ရှိနေပါတယ်....
အဆိုပါဂိမ်းအားတီထွင်တပ်ဆင်သူတစ်ဦးဖြစ်သည့် ဂေါ်ဒွန်မက်ဆွင်း အနေဖြင့် အစပထမပိုင်းတွင် အများ
ပြည်သူ၊ သုံးစွဲသူများအနေဖြင့် မည်ကဲ့ သို့ တုံ့ ပြန်မည်ကို ဝေခွဲမရဖြစ်ခဲ့ ပါသေးတယ်...
သို့ သော်လည်း ကိန်းဘရစ်တွင်တပ်ဆင်ခဲ့ သည့်အဆိုပါဂိမ်းအားစမ်းသပ်ခဲ့ ကြပြီးနောက်တွင်တော့ သူ့ အ
နေနှင့် အမှန်တစ်ကယ်အကျိုးရှိ၊လူကြိုက်များသည့် အရာတစ်ခုအားပြုလုပ်နေခဲ့ သည်ဆိုတာကို သိရှိသွား  ခဲ့ ရပါတော့ တယ်...
အဆိုပါအမျိုးသားများရွှေပန်းဖြင့် ရေဖြန်းခိုက် ပျမ်းမျှအသုံးချကုန်ဆုံးချိန် ၅၅ စက္ကန့် ကာလအတွင်း ဗလာ
နံရံ ( သို့ မဟုတ် ပိုင်ဆိုင်မှုအထောက်အထားအား ) ငေးမောကြည့် ရှုနေမည့် အစား မီဒီယာအမျိုးအစား
တစ်ခုခုဖြင့်အကျိုးရှိစွာအသုံးချနိုင်ခွင့် အား ဖန်တီးနိုင်ရန် စိတ်ကူးပုံဖော်ထားခြင်းဖြစ်ပါတယ်...
အဆိုပါဂိမ်းမစမီနှင့် ကစားအပြီးအချိန်တိုင်း အရက်ဘားတွင်ဝယ်ယူအားပေးနိုင်သည့် အဖျော်ယမကာတစ်
မျိုး၏ကြောငြာတစ်ခုလည်းပြသပေးမှာဖြစ်ပါတယ်...

ဂိမ်းအဆုံးတွင်လည်း ဆော့ ကစားသူများ၏ စွမ်းဆောင်နိုင်မှု ရမှတ်များအား မိုဘိုင်းဖုံးမှတစ်ဆင့် အင်တာ
နက်စာမျက်နှာ တွစ်တာသို့ တိုက်ရိုက်တင်ပို့ နိုင်သည့် အပြင် ဘ၀တူ ၀ိတ်လျော့ ကြမည့် သူငယ်ချင်းများ
နှင့် လည်း အပြိုင်အဆိုင်ယှဉ်ပြိုင်နိုင်မည့် ရမှတ်များအား တိုက်ရိုက်ထုတ်လွှင့် ပေးမည့် ကြေငြာဘုတ်သို့ 
လည်း ပေးပို့ နိုင်မှာဖြစ်ပါတယ်...
အဆိုပါ အပေါ့ သွားယင်း ဂိမ်းကစားနိုင်မည့် စက်များအား လာမည့် ၂၀၁၂ ခုနှစ်တွင် အင်္ဂလန်မှ သတ်မှတ်
ရွေးချယ်ထားသည့် နေရာများတွင် တပ်ဆင်သွားမှာဖြစ်ပါတယ်ဘယ်လိုဆော.လဲသိ.ချင်ရင်...အဲ.မှာသွားကြည်.ပါလား

Monday, November 28, 2011

လူသားတွေဖန်တီးထားတဲ့ အံ့သြဖွယ်ရာ ငါးခု



ကမ္ဘာ့အမြင့်ဆုံးတံတား Millau Viaduct

Millau Viaduct ဆိုတာဟာ ပဲရစ်မြို့နဲ့ ဘာစီလိုနာမြို့ကို ဆက်သွယ်ထားတဲ့ E11 expressway အသစ်ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ် ။ ကမ္ဘာ့အမြင့်ဆုံးတံတားထဲမှာလည်း တစ်စင်းအပါအ၀င် ဖြစ်ပါတယ် ။ တံတား အရှည်က ၂၄၀ မီတာ ရှိပြီး အမြင့်ကတော့ အံ့သြဖွယ်ရာ ၃၃၆ မီတာတောင်ရှိပါတယ် ။ လေ့လာထားတဲ့ စစ်တမ်းများအရတော့ လက်ရှိအချိန်မှာ ကမ္ဘာ့အမြင့်ဆုံး တံတား ဖြစ်ပါတယ် ။



ဂျာမဏီနိုင်ငံမှ ကားပါကင်ထိုးတဲ့ စနစ်အကြောင်းကို ပြသထားခြင်း ဖြစ်ပါတယ် ။


ပထမဆုံး Air con တပ်ထားတဲ့ ဒူဘိုင်းမြို့မှ ဘတ်စ်ကားမှတ်တိုင်ဖြစ်ပါတယ် ။









ကမ္ဘာ့ပထမဆုံး ဖန်သားချည်းပဲ ပြုလုပ်ထားတဲ့ ပင်လယ်ရေအောက် စားသောက်ဆိုင်

ဒီစားသောက်ဆိုင်ကို Hilton Maldives Resort & Spa မှာ ဧပရယ် ၁၅ ရက်နေ့က ဖန်သားချည်း ပဲပြုလုပ်ထားတဲ့ ပင်လယ်ရေအောက်စားသောက်ဆိုင်ကို ဖွင့်လှစ်ကြောင်းကြေငြာခဲ့ပါတယ် ။ အိန္ဒိယပင်လယ်ရဲ့ ရေအောက်အနက် ငါးမီတာ မှာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ် ။ အဆောက်အအုံကို ပင်လယ်ရေမှော် တွေနဲ့ ၀န်းရံထားပြီး ညစာစားသောက်မယ်ဆိုရင် ရေအောက်မြင်ကွင်းတွေကို ၂၇၀ ဒီဂရီ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ။

Hilton Maldices Resort & Spa မှ General Manager Carsten Schieck ကတော့ ကျွန်တော်တို့ဟာ မယ်ဒိုက်ဗ် ရဲ့ ပတ်ဝန်းကျင်က ပင်လယ်ရေအောက်မြင်ကွင်းတွေနဲ့ မျက်နှာချင်းဆိုင် စားသောက်ရအောင် ပင်လယ်ရေအောက်နည်း ပညာတွေနဲ့ တည်ဆောက်ထားခြင်းဖြစ်ပါတယ် လို့ ဆိုပါတယ် ။ ဆက်လက်ပြီး သူက ကျွန်တော်တို့ရဲ့ ဧည့်သည်တွေဟာ မယ်ဒိုက်ဗ်ပင်လယ်ရေအောက်ကမ္ဘာရဲ့ အရောင် ကြည်လင်သန့်စင်မှု နဲ့ အလှအပကို မှတ်ချက်ပေးနိုင်ပြီး ဒါဟာ ဧည့်သည်တွေအနေနဲ့ သူတို့ရဲ့ ခြေထောက်တွေကို မစိုရပဲ ပင်လယ်ရေအောက်မြင်ကွင်းစုံကို ကြည့်ရှုပြီး ပျော်ရွှင်နိုင်ပါတယ် လို့ ပြောဆိုခဲ့ပါတယ် ။

MJ Murphy Ltd မှ တည်ဆောက်ခဲ့ပြီး ဒီဇိုင်ကတော့ New Zealand မှ Ithaa's distinctive feature ကို ယူသုံးထားပါတယ် ။ Acrylic နံရံတွေက ဖောက်ထွင်းမြင်ရပြီး အမိုးကိုလည်း မြင်ရပါတယ် ။ ကြမ်းခင်းကလွဲလို့ အဆောက်အအုံတစ်ခုလုံးကို ကြည်လင်တဲ့ Acrylic နဲ့ ပြုလုပ်ထားခြင်းဖြစ်ပါတယ် ။ ကျွန်တော်တို့ဟာ Coral garden တစ်ခုကိုတည်ဆောက်နေပြီး ငါးမန်းတွေ အရောင်အသွေးစုံတဲ့ငါးတွေ ထူးခြားတဲ့ မြင်ကွင်းအဖုံဖုံနဲ့ ဧည့်သည်တွေကို ဆွဲဆောင်ဖို့ ကြိုစားနေပါတယ်လို့လည်း ဆိုပါတယ် ။


ကမ္ဘာ့ အမြန်ဆုံးဓါတ်လှေကား

ကမ္ဘာ့ အမြန်ဆုံးဓါတ်လှေကားကို ကမ္ဘာ့အမြင့်ဆုံး အဆောင်အအုံမှာ တပ်ဆင်ထားခြင်း ဖြစ်ပါတယ် ။Toshiba အမျိုးအစား ဓါတ်လှေကား ဖြစ်ပြီး တည်ဆောက်ရေး အဖွဲ့က ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်တဲ့ Taipei 101 မှာ ဒီအမြန်ဆုံး ဓါတ်လှေကားကို တပ်ဆင်ခဲ့တယ်လို့ ကြေငြာခဲ့ပါတယ် ။ ဓါတ်လှေကားဟာ အမြင့်ဆုံးအရှိန် တစ်မိနစ်မှာ ၁၀၁၀ မီတာ နဲ့ မောင်းနှင်နိုင်ပြီး အပေါ်တက်တဲ့အခါမှာတော့ တစ်မိနစ်ကို ၆၀၀ မီတာ အရှိန်နှုန်းနဲ့ တက်နိုင်ပါတယ် ။ သူ့ရဲ့ အလုပ်လုပ်မှုနှုန်းက တစ်နာရီကို ၆၀.၆ ကီလို မီတာ ဖြစ်ပါတယ် ။ ဓါတ်လှေကားဟာ ၅ လွှာမြောက်ကနေပြီး ၈၉ လွှာ မြောက်ကို ၃၉ စက္ကန့်နဲ့ တက်နိုင်ပါတယ် ။ အောက်မှာ ဖော်ပြထားတဲ့ နည်းပညာတွေနဲ့ ပြုလုပ်ထားပါတယ် ။

World's first pressure control system - ဒီကောင်က လေထုဖိအားကို suction and discharge blowers နည်းပညာနဲ့ ထိမ်းညှိပေးတယ်လို့ သိရပါတယ် ။

Sunday, November 27, 2011

ထူးဆန်းအံ့သြဖွယ်ရာ သတ္တ၀ါများ






ခေါင်းနှစ်လုံးနဲ့မြွေကလေး



ခေါင်းနှစ်လုံးနဲ့ဝက်ကလေး



ခေါင်းနှစ်လုံးနဲ့လိပ်ကလေး




ကိုယ်ချင်းဆက်မိချောင်းပေါက်များ



ထူးဆန်းသော လိပ်လိုလို ....ဘာလိုလို လိပ်လို့တော့ကျွန်တော်ခန့်မှန်းတာပဲ ။



ခေါင်းနှစ်လုံးနဲ့နွားကလေး



ရေဘ၀ဲ



ခြေလေးချောင်းနဲ့ဘဲကလေး



ဘယ်လိုခူယားပါလိမ့် !!



ခြေထောက်များစွာနှင့်နွားကလေး

ကမ္ဘာတ၀ှမ်းမှ ဖမ်းမိသောငါးကြီးများ




ဆင်ဟွာ သတင်းဌာနမှ တင်ပြထားတဲ့ ဖမ်းဆီးရမိသမျှ ငါးကြီးတွေကို တင်ပြပေးလိုက်ပါတယ် ။ ဒီလို သတ္တ၀ါအ ကြီးကြီးတွေကို တွေ့ရခြင်းဖြင့် သူမသိသူမသိ ဒေသတွေ လူအရောက်အပေါက်နည်းတဲ့ဒေသတွေမှာလည်း ကြီးချင်တိုင်းကြီးထွားနေတဲ့ သတ္တ၀ါကြီးတွေ ဘယ်လောက်များများ ရှိနေမှာပါလိမ့် ။





















မြွေကား








မြွေအရည်ခွံနဲ့ လုပ်ထားတဲ့ ကားတွေဖြစ်ပါတယ် ။ သတ္တ၀ါတွေရဲ့ အရည်ခွံနဲ့ လုပ်ထားတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေကိုမှ နှစ်သက်သူများအတွက်တော့ အကြိုက်တွေ့မယ်လို့ ထင်ပါတယ် ။ သာမန်အမျိုးတူကားထက် ဈေးနှုန်း ၃ ဆမြင့်ပြီး အထူးအော်ဒါမှာမှသာ သီးသန့်ပြုလုပ်ပေးခြင်းဖြစ်ပါတယ် ။

သားပိုက်ကောင်ကိုမြိုတဲ့မြွေ



အံ့သြစရာကောင်းလောက်အောင်ပါပဲ ။ အလွန်ကြီးမားတဲ့မြွေကြီးဟာ သူ့ရဲ့ ပါးစပ်ကို ဟလို သားကောင် ကိုမြိုဖို့ ကြံ စည်နေပါပြီ ။ သင် သားပိုက်ကောင်လိုအကောင်မျိုးကို ဒီလိုကြီးမားတဲ့မြွေကြီးက မျိုတာကိုမြင် ဖူးပါသ လား ။ ရှားရှားပါးပါးတွေ့ရခဲတာမို့ တင်ဆက်လိုက်ပါတယ် ။ အသည်းငယ်တတ်ရင်တော့မကြည့်ကြပါနဲ့ အခုတလော အင်တာနက် မှာ ရှာတာ ဒီလို ထိတ်လန့်စရာတွေပဲတွေ့နေရတယ် ကိုယ်ကလည်းမတင်ရင်မနေနိုင်ဘူးကိုး ။ ပုံတွေ ကိုကြည့်ရင်းနဲ့ သူ့အစာ ကိုယ့်အစာ ကိုယ့်စားကျက် သူ့စားကျက် သဘောတရားနောက်ပြီး သား ပိုက်ကောင် ကို နောက်ဆုံး တစ်ကောင်လုံး ၀ါးမြိုလိုက်ပုံတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ် ။





















ကမ္ဘာပေါ်ရှိ တန်ဖိုးအကြီးမားဆုံး Iphone






အကယ်၍ သင်ဟာ ဖုန်းသရဲ တစ်ဦး ဆိုရင်တော့ ဒီဖုန်းကိုကြိုက်နှစ်သက်မိမှာ အမှန်ပါပဲ ။ Australia မှာနေတဲ့ Peter Aloisson က ဒီအိုင်ဖုန်းကို ပြုလုပ်ထားခြင်း ဖြစ်ပါတယ် ။ အကျိုးဆက်ကတော့ အိုင်ဖုန်း ဘုရင်မ (ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးမားဆုံး ) ဖြစ်သွားပါတယ် ။ စိန်အလုံးပေါင်း ၁၃၈ လုံးကို အသုံးပြုထားပြီး အဲဒီစိန်တွေကို Princess cut လို့လည်း ခေါ်ပါတယ် ။ စိန်အလေးချိန်ပေါင်း ၁၇.၇၅ ကာရတ်ရှိပြီး ရွှေဖြူပေါင်း 18 kနဲ့ပြုလုပ်ထားပါတယ် ။တန်ဖိုးက ဒေါ်လာ ၁၇၆ ၄၀၀ ဖြစ်ပါတယ် ။ Brilian cut diamonds တွေချည်းပဲ ပြုလုပ်ထားတဲ့ ဖုန်းကတော့ ဒေါ်လာ ၆၆၁၅၀ ကျပါတယ် ။