Sunday, October 14, 2012

Brainwashing (သို့) ဦးနှောက်ကျင်းခြင်း


… " ဂျစ်ပဆီတွေဟာ ရာဇ၀တ်ကောင်တွေပဲလို့ ကောက်ချက်ချလိုက်တာနဲ့ ဂျစ်ပဆီမှန်ရင် ရာဇ၀တ်မှုကျူးလွန်မဲ့သူများလို့ ထင်သွားကြတာ …. "




Brainwashing ကို အင်္ဂလိပ်-မြန်မာ အဘိဓါန်မှာ ဦးနှောက်ကျင်းခြင်း ၊ ရှိရင်းစွဲ အတွေးအခေါ် အယူအဆတွေကို စွန့်လွတ်ဖယ်ရှားပြီး အခြားအယူအဆကို လက်ခံရန် အဓမ္မပြုကျင့်ခြင်း လို့ ဘာသာပြန်ထားတာ တွေ့ရပါတယ် ။ သဘောက လူတစ်ဦးရဲ့ ခေါင်းထဲက အတွေးဟောင်းတွေကို ဖယ်ထုတ်ပစ်ပြီး အယူသစ်တွေ ရိုက်သွင်းပေးလိုက်ခြင်းပဲ ဖြစ်ပါတယ် ။

လူတစ်ယောက်ရဲ့ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး အတွေးအခေါ်အယူအဆတွေကို ကပြောင်းကပြန် တနည်းအားဖြင့် ဆန့်ကျင်ဘက်ဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ကူပါဘူး ။ အဲဒီလိုဖြစ်သွားဖို့ အဲဒီလူရဲ့ နှလုံးသား နဲ့ ၀ိဥာဉ်အားအင်ကုန်ခမ်းပြီး သိမြင်နားလည်နိုင်တဲ့ စွမ်းအား နဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းအားတွေကို သုညဖြစ်သွားအောင် အရင်လုပ်ရမှာပါ ။

'မင်း ဒီကိစ္စနဲ့ပက်သက်ပြီး ဘယ်လိုယုံကြည်နေသေးသလဲ' လို့မေးရင် " ကျွန်တော့်ခေါင်းထဲမှာ ဘာမှမရှိတော့ဘူး၊ ဘာမှ မယုံကြည်တော့ဘူး" လို့ပြောရတဲ့အဆင့်ထိရောက်အောင် အရင်အလုပ်ခံရပါတယ် ။ အဲဒီအခါကျမှ ' ကဲ ..ဒါဆို မင်းဒီလိုယုံကြည်ပေတော့ ' လို့ ဆက်အပြောခံရပြီး နောက်ပြောတာတွေကို လိုက်မှတ်ရင်း မှတ်ရင်းနဲ့ သူတို့ပြောတာတွေကို တကယ်ယုံသွားရတဲ့ဘ၀ကို ရောက်သွားရခြင်းပဲ ဖြစ်ပါတယ် ။

Brainwash ဆိုတဲ့ ဦးနှောက်ကျင်းတဲ့အလုပ်ကို ရှေးပဝေသဏီကတည်းက လူတွေလုပ်ခဲ့ကြတာပါ ။ ရှေးအီဂျစ်နိုင်ငံ ဖာရိုဘုရင်တွေလက်ထက်ကတည်းက လုပ်ခဲ့ကြပါတယ် ။ လူတွေကို သွေးဆောင်ဖြားယောင်းပြီး ထုထည်ကြီးမားတဲ့ ပိရမစ်ကြီးတွေကို ဆောက်ခိုင်းခဲ့တာကို သမိုင်းသုတေသီတွေက  ထောက်ပြခဲ့ကြတာဖြစ်ပါတယ် ။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီနိုင်ငံမှာလည်း လုပ်ခဲ့ကြတာပါပဲ ။ စစ်အေးခေတ်မှာလည်း အရှေ့အုပ်စု နဲ့ အနောက်အုပ်စု နှစ်စုလုံးက ဒီလိုလုပ်ခဲ့ကြပါတယ် ။ ကိုရီးယားစစ်ပွဲ (၁၉၅၀- ၅၃ ) အတွင်းမှာ တရုတ်အကျဉ်းထောင်များထဲမှာ ဖမ်းဆီးခံရတဲ့ အမေရိကန်စစ်သားတွေလည်း ဦးနှောက်အကျင်းခံခဲ့ရပါတယ်။  ဒီအကြောင်းနဲ့ပက်သက်ပြီး အမေရိကန်ဂျာနယ်လစ် "အက်ဒွပ် ဟန်တား" ရေးတဲ့ " New Leader" ဆိုတဲ့ စာအုပ် ၁၉၅၀ ခုနှစ်မှာ ထွက်လာပြီးတဲ့နောက်ပိုင်းမှာမှ Brainwashing ဆိုတဲ့ ဝေါဟာရက ခေတ်စားလာခဲ့တာပါ ။ ဦးနှောက်အကျင်းခံရတာထက်စာရင် သေလိုက်တာကမှ သက်သာဦးမယ်လို့ ဒီစာအုပ်မှာ ဖေါ်ပြထားပါတယ် ။
ဒီနေရာမှာ ပြောစရာရှိတာက လူတစ်ယောက်ရဲ့ အတွေးအခေါ်အယူအဆတွေကို ကပြောင်းကပြန် ဆန့်ကျင်ဘက်ဖြစ်သွားအောင် ပြောင်းလဲပစ်လိုက်တာမျိုးကိုသာ ဦးနှောက်ကျင်းတယ်လို့ ခေါ်တာမဟုတ်ဘဲ လူတစ်ယောက်ကို တစ်စုံတစ်ခုကို ယုံကြည်သွားအောင် ဆွဲဆောင်တိုက်တွန်းတာမျိုးကလည်း "brainwash" လုပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါ ပါတယ် ။ ဥပမာ အသစ်ပေါ်လာတဲ့ ပစ္စည်းတစ်ခုကို ၀ယ်သုံးချင်လာအောင် အတင်းတိုက်တွန်းပြီး ကြော်ငြာလွန်းမက ကြော်ငြာကြတော့ လူအများက ဟုတ်မှာပဲလို့ ယုံကြည်ပြီးဝယ်လိုက်မိတဲ့အခါမျိုးကို "brainwash" အလုပ်ခံလိုက်ရတယ်လို့ ပြောလေ့ရှိကြပါတယ် ။ အမှန်တကယ်လည်း ဒီနေ့ခေတ်မှာ ကြော်ငြာတွေ၊ မီဒီယာတွေ အလွန်အားကောင်းလာတဲ့အတွက် လူတွေလည်း အလွယ်တကူ ဦးနှောက်အကျင်းခံကြရလေ့ ရှိပါတယ် ။ လိုအပ်ချက်တွေအရ ၊ လုပ်ဆောင်ချက်တွေအရ ဦးနှောက်ကျင်းခြင်း ဒီဂရီကွာခြားတယ်လို့ ဆိုပါတော့ဗျာ ။

ဒီခေါင်းစဉ်က အလွန်ကျယ်ပြန့်တဲ့အတွက် အသေးစိတ်ဖေါ်ပြရင် စာရှည်ပြီး စာဖတ်သူများစိတ်ဝင်စားမှု လျော့နည်းနိုင်တာကြောင့် အတိုချုံးပြီး နားလည်ရလွယ်ကူအောင် ကျနော့်ရဲ့ အမြင်များကိုပါပေါင်းစပ်ပြီး အတတ်နိုင်ဆုံး ဖေါ်ပြပေးပါ့မယ် ။ ယေဘုယျအားဖြင့် ဦးနှောက်ကျင်းနည်း ၆ မျိုးရှိပါတယ် ။ ဒီနည်းတွေကတော့ စာသင်ကျောင်းတွေ ၊ စစ်တပ်တွေ ၊ ဘာသာရေးအစွန်းရောက်အဖွဲ့အစည်းတွေ ၊ တစ်ပါတီအာဏာရှင်စနစ် ၊ စစ်အာဏာရှင်စနစ်နဲ့ အုပ်စိုးတဲ့တိုင်းပြည်တွေ ၊ နိုင်ငံရေးခံယူချက်ကြောင့် အကျဉ်းကျနေသူတွေ၊ စစ်သုံ့ပန်းတွေကို ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းများဖြစ်ပါတယ် ။


ပထမဆုံးနည်းလမ်းကတော့ လိမ်ညာခြင်း ဖြစ်ပါတယ် ။ ၁၄ ရာစုနှစ်က ဥရောပမှာ Black Death ဆိုတဲ့ ပလိပ်ရောဂါဆိုးကြီး ကျရောက်ခဲ့တယ် ။ ဥရောပမှာရှိတဲ့ လူဦးရေရဲ့တစ်ဝက်ကျော်ဟာ ဒီရောဂါကြောင့် သေခဲ့ရပါတယ် ။ အဲဒီအချိန်မှာ ဂျူးတွေက ရေတွင်းထဲကို အဆိပ်ခပ်လို့ ခုလိုဖြစ်ရတာဆိုတဲ့ ကောလဟာလသတင်း ထွက်ပေါ်လာပါတယ် ။ လူတွေဟာ အဲဒီအချိန်တုန်းက တစ်ရွာ နဲ့ တစ်ရွာ ကူးလူးဆက်ဆံမှု သိပ်မရှိကြသေးပါဘူး ။ ဒါကြောင့် ဒီသတင်း မှန် မမှန်မဆုံးဖြတ်နိုင်ဘဲ ယုံကြည်သွားကြတဲ့အတွက် လက်ရှိဘေးဒုက္ခကြီးထဲက ထွက်ပေါက်ရှာတဲ့အနေနဲ့ အကြမ်းဖက်ကြရာမှာ ဂျူးတွေ လူးလိမ့်ခံခဲ့ကြရပါတယ် ။

၈၈၈၈ အရေးအခင်းအတွင်း ဗကပတွေ မြို့ထဲဝင်ရောက်လာပြီဆိုတဲ့ ၀ါဒဖြန့်မှုနဲ့ လက်နက်မပါဘဲ ဆန္ဒပြနေသော ကျောင်းသားပြည်သူများကို ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းဖို့ ဒီနည်းလမ်းကိုအသုံးချပြီး စစ်တပ်ကိုခိုင်းခဲ့တာပါ ။

ဒီမှာသိသာတဲ့အချက်က ပတ်ဝန်းကျင်ဒေသများနှင့် ကူးလူးဆက်ဆံခွင့်မပြုဘဲ အဆက်အသွယ်ဖြတ်ပြီး သီးခြားခွဲထုတ်ခံထားတဲ့ဒေသတွေ၊ လူအုပ်စုတွေ (isolated area/community)မှာ အဓိကရုန်းဖန်တီးဖို့၊ ဦးနှောက်ကျင်းခံရဖို့ ပိုမိုလွယ်ကူတယ်ဆိုတာပါပဲ ။

ဒုတိယနည်းလမ်းက တိတိကျကျမဟုတ်ဘဲ ခြုံငုံကောက်ချက်ချခြင်း ဖြစ်ပါတယ် ။ ဥရောပမှာ ဂျစ်ပဆီတွေဟာ ရာဇ၀တ်ကောင်တွေပဲလို့ ကောက်ချက်ချလိုက်တာနဲ့ ဂျစ်ပဆီမှန်ရင် ရာဇ၀တ်မှုကျူးလွန်မဲ့သူများလို့ ထင်သွားကြတာမျိုးပါ ။ ဒါပေမဲ့ ဂရိနိုင်ငံမှာ စစ်တမ်းကောက်ယူလိုက်တဲ့အခါ ရာဇ၀တ်မှုကျူးလွန်သူတွေရဲ့ ၉၆ ရာခိုင်နှုန်းဟာ ဂရိတွေပဲဖြစ်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ အစွဲမချွတ်ဘဲ ထင်မြဲဆက်ထင်နေကြတော့ နေရာအတည်တကျမရှိ ရွှေ့ပြောင်းနေထိုင်လေ့ရှိပေမဲ့ အပြစ်မရှိတဲ့ ဂျစ်ပဆီတွေအတွက်ကတော့ နစ်နာကြရတာပေါ့ ။

ထို့အတူ ကမ္ဘာ့မီဒီယာစာမျက်နှာများပေါ်တွင် တွင်တွင်ကျယ်ကျယ်သုံးစွဲလာတဲ့ ၀ါဒဖြန့်စကားတစ်ခွန်းမှာ "မွတ်ဆလင်တိုင်းသည် အကြမ်းဖက်သမားများ မဟုတ်သော်လည်း အကြမ်းဖက်သမားတိုင်းသည် မွတ်ဆလင်များ ဖြစ်ကြသည်" ဆိုသော စကားဖြစ်ပါတယ် ။ အမှန်တကယ်တော့ ထိုအယူအဆအတွက် တိကျခိုင်လုံတဲ့ အထောက်အထားများ၊ စစ်တမ်းများ မရှိပါဘူး ။ အမေရိကန် အက်ဖ်ဘီအိုင်မှ တရားဝင်ထုတ်ပြန်သောစစ်တမ်းတစ်ခုတွင် ၁၉၈၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် ကျူးလွန်ခဲ့သော အကြမ်းဖက်မှုများအနက်  ၆% ကသာ အစ္စလာမ္မစ်အစွန်းရောက်များဖြစ်ပြီး ၊ ကျန်တဲ့ ၉၄% အနက် ၄၂%မှာ အမေရိကန်ဖွားလက်တင်လူမျိုးများ ၊ ၂၄% မှာ လက်ဝဲစွန်းေ၇ာက်များ ၊ ၇% မှာ ဂျူးအစွန်းရောက်များ ၊ ၅% မှာ ကွန်မြူနစ်များနှင့် ၁၆% မှာ ကျန်အစုအဖွဲ့များရဲ့ အကြမ်းဖက်မှုများသာ ဖြစ်ပါတယ် ။

ထို့အတူ ၂၀၀၈ ခုနှစ်ထိ ဥရောပတိုက်တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများနှင့်ပက်သက်သော စစ်တမ်းများကို ထုတ်ပြန်ရာ ၉၉.၆% က မွတ်ဆလင်မဟုတ်သော အခြားအစွန်းရောက်အဖွဲ့များရဲ့ လက်ချက်ဖြစ်နေပါတယ် ။ ထိုထဲတွင် ၈၄.၈% မှာ အစ္စလာမ်ဘာသာဝင်များနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသော ခွဲထွက်ရေးသမား များကြောင့်ဖြစ်ရသော အကြမ်းဖက်မှုများဖြစ်ပါတယ် ။ လက်ဝဲစွန်းရောက်ဝါဒီများ၏ အကြမ်းဖက်မှုများကလည်း အစ္စလာမ္မစ်အစွန်းရောက်သမားများထက် ၁၆ ဆ ပိုမိုဖြစ်ပွားခဲ့ပြီး ၊ မွတ်ဆလင်အစွန်းရောက်အကြမ်းဖက်မှုမှာ ဖြစ်စဉ်အားလုံး၏ ၀.၄% သာရှိတယ်လို့ သိရပါတယ် ။ သို့သော်လည်း ဒီလိုတိကျခိုင်လုံတဲ့ တရားဝင်စစ်တမ်းများရှိနေသော်လည်း မိမိဦးနှောက်ထဲဝင်ရောက်ပြီးသား အစွဲတစ်ခုကို ဆက်လက်ကိုင်စွဲ ထားခြင်းကြောင့် အကြမ်းဖက်မှုများနဲ့ မည်သို့မျှမသက်ဆိုင်သော ကမ္ဘာအနှံ့မှ အစ္စလာမ်ဘာသာဝင်များ နစ်နာကြရပါတယ်။   

တတိယနည်းလမ်းက လွှဲချခြင်း (သို့) ထိုးကျွေးခြင်းပါ ။ ကိုယ်ပြစ်မှုကျူးလွန်တာကို လူတွေ သံသယမရှိအောင် အများသံသယရှိလောက်တဲ့ အခြေအနေမျိုးရှိသူတစ်ဦးဦးကို တရားခံအဖြစ် ကင်ပွန်းတပ်ပေးလိုက်ခြင်းကို ဆိုလိုပါတယ် ။ ဒါကို လူတွေ ယုံကြည်သွားတဲ့အတွက် လူသတ်မှုမကျူးလွန်ပါပဲ ထောင်ထဲရောက်သွားရတဲ့ လူတွေလည်း အတော်များများ ရှိခဲ့ပါတယ် ။ ထိုနည်းလမ်းကို အဓိကရုန်းများဖန်တီးရာတွင်လည်း မရိုးတမ်း အသုံးပြုလေ့ရှိပါတယ် ။ လူအများစုရဲ့စိတ်ထဲမှာဖြစ်လေ့ရှိတဲ့ တဖက်သားအပေါ်  အထင်အမြင်သေးတဲ့စိတ်၊ သံသယစိတ် ကို အသုံးချတာလို့ပဲ မြင်ပါတယ်။ တော်တော်လေး ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ ။

၂၀၁၁ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ အစိုးရရုံးများ တည်ရှိရာအနီးတွင် ကားဗုံးဖောက်ခွဲခဲ့ရာ လူ ၈ ဦးသေဆုံးခဲ့သည်။ ထို့နောက် ယူတိုရာ (Utoya) ကျွန်းသို့သွားရောက်ကာ လူငယ်အများအပြား ပါဝင်သော လူအုပ်စုအား ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ၆၉ ဦးသေဆုံးခဲ့သည်။ လက်ယာစွန်းရောက်အမျိုးသားရေးဝါဒီ အန်းဒရက်စ် ဘရီဗစ်ခ် ဆိုသူ တစ်ဦးတည်းက ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီပြဿနာစဖြစ်ဖြစ်ခြင်း သတင်းးကြေငြာခဲ့ရာမှာ "အယ်လ်ကေဒါရဲ့ လက်ချက်နဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားတယ်" လို့ ကြေငြာခဲ့တာကို ပြန်အမှတ်ရမိပါသေးတယ်။

မြန်မာပြည်တစ်နေရာရာမှာ ဗုံးကွဲမှုဖြစ်ပြီဆိုတာနဲ့ ဘာစုံစမ်းစစ်ဆေးမှုမှ မလုပ်သေးခင် သတင်းစာထဲမှာ KNU ၊ KIA ၊ ABFDS စတဲ့အဖွဲ့အစည်း တစ်ခုခုရဲ့လက်ချက်အဖြစ် ကြေငြာခဲ့တာတွေဟာလည်း ဒီအချက်ထဲမှာ အကြုံးဝင်ပါတယ် ။
စတုတ္ထနည်းလမ်းကတော့ ခံစားချက်ကို ခေါင်းပုံဖြတ်တာပါ ။ ဆောင်းပါးတစ်ပုဒ်ရဲ့အစမှာ " ကျွန်တော့် ဆောင်းပါးကို တော်ရုံတန်ရုံ ပညာအခြေခံမျိုးနဲ့တော့ ဘယ်နားလည်နိုင်မလဲ .." ဆိုပြီး အစချီထားလိုက်တယ် ဆိုရင် ဆောင်းပါးကြီးက အသုံးမကျမှန်း သိနေပေမဲ့ မဝေဖန်ရဲတော့ဘူး ။ ဝေဖန်လိုက်ရင် ကိုယ်ပါ ပညာအခြေခံမကောင်းလို့ နားမလည်တဲ့သူ ဖြစ်သွားတော့မှာကိုး ။ လူဆိုတာ အဲဒီလို ကိုယ့်ကိုယ်ကို မသေချာမရေရာလေ့ရှိတဲ့ သက်ရှိတစ်မျိုးဖြစ်ပါတယ် ။ ဒီအားနည်းချက်ကြောင့် သူများအမြတ်ထုတ်တာကို ခံနေကြရတာပါ ။ တကယ်တော့ မကောင်းတာကို မကောင်းဘူးလို့ မပြောရဲတဲ့အတွက် ပိုပြီးတော့လည်း ညံ့ရာ ရောက်သွားရပါတယ် ။

တခါတုန်းက သာယာဝတီမင်းဟာ ကြက်ဟင်းခါးရွက်အစိမ်းကို ငါးပိချက်နဲ့ တို့စားရတာ ခံတွင်းတွေ့တော်မူတယ် ။ အဲဒါကို မူးကြီးမတ်ကြီးတွေကို စားခိုင်းတော့ ခါးလွန်းလို့ မစားနိုင်ကြဘူး ။အဲဒီတော့ ကြိတ်မိတ်မြိုချရင်း ပြုံးနေကြတာကို တွေ့သွားတဲ့အခါ ' ဘာပြုံးတာလဲ' လို့ မင်းကြီးကမေးတယ် ။ ဒီတော့ အမတ်ကြီး ဦးပေါ်ဦးက မင်းကြီးကို " နတ်ဝတ်ပုဆိုး တိမ်မီးခိုး "ဆိုတဲ့ပုံပြင်ကို လျောက်ထားခဲ့တယ် ။ တခါတုန်းက ဘုရင်ကြီးကို ရုက္ခစိုးက ' နတ်ဝတ်ပုဆိုး တိမ်မီးခိုး ' ဆိုပြီး ဘာမှမရှိတဲ့ဟာကို ရွှေကလပ်ပေါ်တင်ပြီး ဆက်သ သတဲ့ ။ ဘုန်းကံရှိသူတွေသာလျှင် မြင်ရမယ်လို့လည်း ဆိုလိုက်သေးတယ် ။ ဒီတော့ ဘုရင်ကြီးက ဘုန်းကံမရှိဘူးလို့ အထင်ခံရမှာစိုးလို့ ဘာမှမရှိတဲ့ဟာကြီးကို ၀တ်ဟန်ဆောင်တာကို မှုးကြီးမတ်ကြီးတွေက မကြည့်ရဲလို့ ခေါင်းငုံပြီးပြုံးနေကြရတဲ့ ပုံပြင်ပေါ့ ။ အမှန်တော့ အဲဒီရုက္ခစိုးဆိုတာကလည်း တကယ်မရှိခဲ့ပါဘူး ။ ဘုရင့်ဆုလာဘ်ကို မျှော်ကိုးတဲ့ တောတွင်းသားတစ်ယောက်က ရုက္ခစိုးကလွတ်လိုက်တာဆိုပြီး လူလည်လုပ်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ် ။ ဒီပုံပြင်မှာလည်း မူကွဲရှိပါသေးတယ်။ အဲဒီမူကွဲပုံပြင်ထဲမှာတော့ ရက်ကန်းသည်က ဘုရင်ကြီးကို နတ်ဝတ်ပုဆိုး တိမ်မီးခိုးကို ဆက်သတယ်ပေါ့ဗျာ ။ ပြီးတော့ ငါးပါးသီလမလုံသူတွေ မမြင်ရဘူးဆိုပြီး လျှောက်ထားခဲ့တယ် ။မင်းကြီးက အဲဒီ နတ်ဝတ်ပုဆိုး တိမ်မီးခိုးကို  ၀တ်ပြီး တိုင်းခန်းလှည့်လည်ခဲ့ပါတယ် ။ တကယ်တမ်း မင်းကြီးမှာ ဘာပုဆိုးမှမပါဘဲ တွဲလောင်းကြီး ဖြစ်နေတာကို လူတိုင်းမြင်ပေမဲ့ ဘယ်သူမှမပြောရဲကြဘူး။ တနေရာမှာ ကလေးတစ်ယောက်က အမှန်ကို ထအော်တော့မှ အားလုံးဟာ ရက်ကန်းသည်ရဲ့ brainwash လုပ်တာခံလိုက်ကြရပြီဆိုတာကို သိလိုက်ကြရတာပါ ။ အဲဒီလိုအဖြစ်မျိုး ရှေးယခင်က ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ် ။

ပဉ္စမနည်းလမ်းကတော့ ဆောင်ပုဒ်တွေ ကြွေးကြော်သံတွေ ဖြစ်ပါတယ် ။ ဦးဦး မှော်ဆရာတို့ နိုင်ငံမှာလည်း နှစ်ပေါင်းများစွာ သတင်းစာတွေ ၊ ရုပ်မြင်သံကြားတွေ၊ ဗီဒီယိုတွေ ၊ လမ်းစုံလမ်းခွနေရာကောင်းတွေမှာ နှစ်ပေါင်းများစွာ မြင်တွေ့ခဲ့ကြရတဲ့ ဦးတည်ချက်ဆောင်ပုဒ်တွေ ၊ ကြွေးကြော်သံတွေက ဒီအချက်ထဲမှာ အကြုံးဝင်ပါတယ် ။ ကျနော့်တူလေးတွေ ငယ်စဉ်က မြန်မာ့ရုပ်မြင်သံကြားကပြသခဲ့တဲ့ စစ်ကားတွေကြည့်ပြီး ဗကပတို့ ၊ ကေအင်န်ယူတို့ကို အလွန်ဆိုးရွားတဲ့လူဆိုးဂိုဏ်းများအဖြစ်သာ အမြင်ရှိခဲ့ပါတယ် ။ သူတို့အမြင်မှာတော့ ဗိုလ်မြ ဆိုသူဟာ ဦးနှောက်မရှိတဲ့သူ၊ ကြောက်စရာကောင်းတဲ့ လူဆိုးကြီးပေါ့။ နိုင်ငံအနှံ့ တိုင်းရင်းသားသူပုန်ထရတဲ့ အကြောင်းရင်းတွေက ဘာလဲဆိုတာ သူတို့မှ မသိတာ ..

ဒီလိုဝါဒဖြန့်မှုများထဲမှာ ပညာရေးစနစ်ကိုအသုံးချခြင်းဟာလည်း အလွန်ဆိုးရွားပြီး ထိရောက်လွန်းတဲ့ အချက်တစ်ချက်ပါ ။ ဥပမာ သမိုင်းဘာသာရပ်တွင် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး ရည်ရွယ်ချက်ဖြင့် မရှိခဲ့တာကို အရှိလုပ် ၊ တကယ်ဖြစ်ခဲ့တာကို ဘာမှမဖြစ်ခဲ့သလို ဖျောက်ဖျက် ၊ မဖြစ်ခဲ့တာကို တကယ် ဖြစ်ခဲ့သလိုဖန်တီးပြီး သင်ကြားပေးမှုပါပဲ ။ ယခုခေတ်ကလေးအများစုသည် သမိန်ဗရမ်း နဲ့ တရုတ်စစ်သူကြီး ဂါမဏိ စီးချင်းထိုးပွဲ ၊ သမိန်ဗရမ်း နှင့် စလုံကျော်ခေါင် စီးချင်းထိုးပွဲမျိုးကို အဟုတ်ထင်နေကြတုန်းပါ ။ အမှန်တကယ်တော့ ဒီအဖြစ်အပျက်နဲ့ ပက်သက်ပြီး ခိုင်လုံတဲ့ သမိုင်းမှတ်တမ်းများလုံးဝမရှိဘဲ ထောက်ကွက် ဟာကွက်များနဲ့သာ ပြည့်နှက်နေတဲ့ ပုံတိုပတ်စသာဖြစ်ပါတယ် ။ နောက်ပြီး ၁၉၆၂ ခုနှစ်မှာ ဦးနေ၀င်းအစိုးရက တိုင်းပြည်ကို ချောက်ထဲကျတော့မဲ့ဆဲဆဲ လက်တစ်လုံးလောက်အလိုမှာ မတတ်သာတဲ့အဆုံး သမိုင်းပေး တာဝန်အရ ကယ်တင်လိုက်ရတယ်ဆိုတဲ့သမိုင်းကို ကျနော့်တူတော်မောင်တွေစိတ်ထဲ အဟုတ်မှတ်နေပါတယ်ဗျာ။ ဒါ့ပြင် သမိုင်းစာအုပ်ထဲမှာကိုပဲ နယ်ချဲ့အင်္ဂလိပ်ကို ကုလားဖြူဟု သင်ကြားခြင်း ၊ အိန္ဒိယသားများကို ကုလားဟုသင်ကြားခြင်းကလည်း ကလေးငယ်များကို ငယ်စဉ်ထဲက လူ လူခြင်း ခွဲခြားစိတ်ကို ရိုက်သွင်းပေးလိုက်ခြင်းလို့ပဲ မြင်ပါတယ် ။ အထက်ပါဥပမာတွေလိုပဲ သေးငယ်တဲ့ ကိစ္စလေးတွေကိုအကြောင်းပြုပြီး ကလေးသူငယ်တွေရဲ့စိတ်ထဲမှာ တဖြေးဖြေးနဲ့ လူမျိုးကြီးဝါဒ ၊ အစွန်းရောက်အမျိုးသားရေးဝါဒမှိုင်းမိလာပြီး ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်း လျော့ပါးသွားကာ နောင်တွင်လည်း အလွယ်တကူ ဦးနှောက်ကျင်း ခံရနိုင်ပါတယ် ။

မြန်မာနိုင်ငံကို အင်္ဂလိပ်အုပ်စိုးစဉ်အခါကလည်း ကိုလိုနီပညာရေးတွင် နိုင်ငံတော်ဝါဒ ခေါ် အင်ပီရီရယ်လစ်ဇင်း ကို စာသင်ကျောင်းများတွင် တနည်းမဟုတ်တနည်း ထည့်သွင်းသင်ကြားခဲ့ပါတယ် ။ ဒါကြောင့် အင်္ဂလိပ်ဖတ်စာအုပ်တွေမှာ အင်္ဂလန်ဘုရင်ရဲ့ ဘုန်းကျက်သရေကြီးပုံတွေ ၊ မြန်မာဖတ်စာမှာ ဂျော့ဘုရင်ရဲ့ ဘုန်းတော် ဘွဲ့ရတုတွေ ၊ ပထ၀ီဝင်တွင် ဗြိတိသျှအင်ပိုင်ယာကြီး ကြီးကျယ်ပုံတွေ ၊ ဗြိတိသျှရာဇ၀င်တွေမှာ အင်္ဂလိပ်တို့ရဲ့စွမ်းရည်ထက်မြက်ပုံတွေကို အားပါးတရထည့်သွင်းသင်ကြားခဲ့ပါတယ် ။ ဒါတင်မကသေး မြန်မာရာဇ၀င်ကိုလည်း အင်္ဂလိပ်ပညာဝန် မစ္စတာ စီဒဗလျူကောက်က အင်္ဂလိပ်လိုရေးပြီး ကျောင်းသုံးစာအုပ်အဖြစ် သင်ကြားခဲ့ပါတယ် ။ ဒီလိုကျောင်းသုံးရေးရာမှာ ထင်ရှားအောင်ရေးတဲ့ အချက်တွေကတော့ (၁) မြန်မာမင်းများ ရက်စက်ပြီး အတွေးအခေါ်၊ စဉ်းစားဥာဏ်နည်းပုံ (၂) အင်္ဂလိပ်တို့က တရားသဖြင့်အုပ်ချုပ်သဖြင့် မြန်မာတို့ ကြီးပွားတိုးတက် အေးချမ်းသာယာရှိပုံကို အဓိကဖေါ်ညွှန်းထားခြင်းပဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာကလေးများ မိမိအမျိုးသားအုပ်ချုပ်ရေးကို ရွံမုန်းပြီး အင်္ဂလိပ်ကို အားကိုးနေစေရန် သွန်သင်ခြင်းဖြစ်ပါတယ် ။

နောက်ပြီး ကိုလိုနီခေတ်ကကျောင်းတွေမှာ ကျောင်းတက်ရင် God Save The King ဆိုတဲ့ ကျွန်သီချင်း ဆိုရတယ်။အခမ်းအနားတွေမှာ အဖွင့်အပိတ် အဲဒီသီချင်းဆိုရတယ်။ တကယ်တော့ ကိုလိုနီလက်အောက်ခံ များကို ကျွန်စိတ်ဝင်အောင် ရိုက်သွင်းနေခြင်းတစ်မျိုးပါ။ ဒါဟာ ကိုလိုနီပညာရေးစနစ်ရဲ့ ဦးနှောက်ကျင်းနည်း တွေပါပဲ ။

ဆဌမနည်းလမ်းကတော့ သင်္ကေတတွေပါ ။ ဥပမာ - အနီရောင်အောက်ခံ စတုရန်းကွက်ထဲက အဖြူရောင် စက်ဝိုင်းပေါ်မှာရှိတဲ့ အနက်ရောင်စကြာတံဆိပ်လိုဟာမျိုးကို ဆိုလိုတာပါ ။ ဒီဂျာမန်နာဇီပါတီရဲ့ စကြာတံဆိပ်ကို မြင်လိုက်ရတာနဲ့ နာဇီပါတီဝင်တွေရဲ့စိတ်ထဲမှာ ဂျူးလူမျိုးတွေကို သုတ်သင်သတ်ဖြတ်ချင်စိတ်တဖွားဖွား ပေါ်လာကြတာမျိုးပါပဲ။နာဇီပါတီက ဂျူးလူမျိုးတွေကို သုတ်သင်ခြင်းဟာ မှန်ကန်တယ်လို့ ၀ါဒဖြန့်ထားခဲ့တာကိုး။

ဒီတော့ အဲဒီလို ဦးနှောက်အကျင်းမခံရအောင် ဘယ်လိုလုပ်နိုင်မလဲ ?

ဦးနှောက်အကျင်းမခံရအောင် ကာကွယ်ဖို့အတွက် အချက် ၅ ချက်ရှိပါတယ် ။

ပထမအချက်က အခြေခံပညာရှိပြီး ဗဟုသုတကြွယ်ဝအောင် ကိုယ့်ဟာကိုယ် လုပ်ထားကြဖို့ပါပဲ။ အမှားအယွင်းဆိုတာ မသိခြင်းကစတယ်ဆိုတဲ့ စကားလည်း ရှိပါတယ် ။ကိုယ်ဟာ အကြောင်းအရာတစ်ခုကို အမှန်အကန်သိပြီဆိုတာနဲ့ အလိမ်ခံရနိုင်တဲ့အကြောင်းတစ်ခု လျော့သွားပြီလို့ မှတ်ပါ ။

ဒုတိယအချက်ကတော့ ခေတ်စကားနဲ့ပြောရရင် မပိန်းဖို့ လိုပါတယ် ။ ဥပမာ ခေါင်းလိမ်းဆီတစ်မျိုးဟာ ဆံပင်နက်တယ်ဆိုပြီး အတင်းကြော်ငြာပြီးရောင်းနေရင် အဲဒီဆေးထုတ်လုပ်သူတွေ ဘာကြောင့် သန်းကြွယ်သူဌေးမဖြစ်နေသေးတာလဲဆိုတာ ထည့်စဉ်းစားသင့်ပါတယ် ။ ဒီနေရာမှာပြောလိုတာက လုံးဝခါးခါးသီးသီး ငြင်းပယ်တဲ့သဘောတော့ မဟုတ်ပါဘူး ။ သဘာဝအတိုင်း ဆံပင်ပြန်နက်စေတဲ့ဆေးတွေ ပေါ်နေပါလား ဆိုတာကို သတင်းတစ်ရပ်အနေနဲ့တော့ လက်ခံထားရမှာ ဖြစ်ပါတယ်။

တတိယအချက်က မိမိရဲ့သိမြင်နိုင်တဲ့စွမ်းအားကို အသုံးချဖို့ပါပဲ ။ ဟိုဘက်အိမ်က အောင်ဘု စတော်ဘယ်ရီပင်ပေါ်က ပြုတ်ကျလို့ ခြေထောက်ကျိုးသွားတယ်လို့ ပြောလာရင် စဉ်းစားချိန်လည်းမရ ၊ အရေးလည်းမကြီးလို့ အေး အေး ဆိုပြီး ခေါင်းညိတ်ခဲ့ရင်တောင် ၊ နောက်ပြီးကျရင် စတော်ဘယ်ရီပင်ပေါ် လူတက်လို့ရလို့လားဆိုတာကို အေးအေးဆေးဆေး ပြန်စဉ်းစားကြည့်ဖို့ လိုပါတယ် ။

စတုတ္ထအချက်က ၀ါဂွမ်းကို ရေထဲနှစ်လိုက်သလို ကြားသမျှအကြောင်းအရာတွေကို အကုန်စုပ်မယူလိုက်ဖို့ပဲ ဖြစ်ပါတယ်။ ကြား ကြားသမျှအရာတွေမှန်သမျှ နှစ်မျိုးနှစ်စားပဲရှိပြီး အဲဒါတွေကတော့ ဖြစ်ရပ်မှန်နဲ့ ထင်မြင်ချက်တို့ပဲ ဖြစ်တယ်ဆိုတာကို သတိရနေရမှာပါ။ ကြားသမျှအကြောင်းအရာတွေကို နားထောင်ထားပြီး ဒီဟာတွေဟာ ဖြစ်ရပ်မှန်လား ၊ ထင်မြင်ချက်ကို ခံစားချက်ထည့်ပေါင်းထားတာလားဆိုတာ ဆန်းစစ်ရပါမယ် ။ ဒီနေရာမှာ ကိုယ်ကြားခဲ့တဲ့သတင်းရဲ့ ဇစ်မြစ်ကိုလည်း ထည့်စဉ်းစားရပါမယ် ။

ပဉ္စမအချက်ကတော့ ကိုယ်ကြားရတဲ့အချက်ကို လူအများဘယ်လောက်လက်ခံကြတယ်၊ ဘယ်လိုထင်မြင် ကြတယ်၊ ဘယ်လိုတုန့်ပြန်ကြတယ်ဆိုတာ လေ့လာစူးစမ်းဖို့ပဲ ဖြစ်ပါတယ် ။ ဒါဟာ အဖြေမှန်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။ ဒီအချက်ပေါ်မှာအခြေခံပြီး ထပ်မံတွေးစရာတွေ အများအပြား ရှိလာနိုင်ပါတယ် ။ ကိုယ့်ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းပေါ် မူတည်ပြီးတော့ပေါ့ဗျာ ...

ဒီအချက် ၅ ချက်ကို နားလည်မယ်ဆိုရင် ဦးနှောက်အကျင်းမခံရဘူးလို့  သုတေသီတွေက သုတေသနပြုပြီး တင်ပြထားကြပါတယ် ။

ဒါကြောင့် ကြက်ဟင်းခါးရွက် ချိုတယ်လို့ ဘယ်ရုက္ခစိုးက မစားရ၀ခမန်း ပြောနေ ပြောနေ ကိုယ်လေ့လာဆည်းပူးခဲ့တဲ့ ပညာဗဟုသုတတွေကို အခြေခံပြီး ကိုယ့်ဦးနှောက်ကို ကိုယ်အားကိုးခြင်းသည်သာလျှင် အမှန်ကန်ဆုံးနည်းလမ်းဖြစ်ပါတယ် ခင်ဗျာ ..။

( ဦးဦး မှော်ဆရာ )
Ref : New Leader by Edward Hunter
        Brainwashing : The Science of Thought Control by Kathleen Taylor
        နီမင်းဆွေ - နတ်ဝတ်ပုဆိုး တိမ်မီးခိုးနှယ်
        Propaganda Critic
--
Ƭнαиκƨ, 

Thursday, July 5, 2012

အမှန်တကယ်လောကကြီးထဲ























၁၀ခု ရှိပါတယ်

၁ခု က အစစ်အမှန်

ကျန်တဲ့ ၉ခုက အစစ်အမှန် မဟုတ်ဘူး

အဲ့ဒီ ၉ခု ထဲမှာ ၃ခုက အစစ်အမှန်လိုနေတယ်

ကျန်တဲ့ ၆ခု ကတော့ ပွင့်ပွင့်လင်းလင်း

အတုဖြစ်ခြင်းကို ကြေငြာပြီးနေတယ်

အတု ၆ခု ထဲမှာမှ ၂ခု က အစစ်ထက်သာပြီး

ကျန် ၄ခု က အစစ်နီးပါးပဲ

အဲ့ဒီ ၄ခု ထဲမှာ ၁ခုက အစစ်နဲ့ ခွဲမရဘူး

ကျန်တဲ့ ၃ခု ကတော့ ဈေးကွက်ထဲမှာ ပထမ၊ဒုတိယတတိယ

အသီးသီး နေရာ ရထားကြ သူတွေပေါ့

မင်းထက်မောင်
(ရတီ မဂ္ဂဇင်း ဧပရယ်၂၀၁၂)

Sunday, July 1, 2012

ထူးအိမ်သင်(ခ)ကိုငှက် မွေးနေ့အမှတ်တရ

ငယ်စဉ် ကိုရင်လားဖိုးသူတော် လားမကွဲပြားတဲ့ မောင်ကျော်မြင့်လွင်လေး
ကိုငှက် ကို တမောင်းကျော ပေးပီး မောင်းလှဲနေတဲ့ ကိုအယ်ဖြူ



ဖုန်းနဲ့ပဲများနေတဲ့ကိုငှက်ဖြစ်လာမဲ့ မောင်ကျော်မြင့်လွင်လေး

၁၉၆၃ခုနှစ် ဇူလိုင်(၁)ရက်နေ့တွင်မွေးဖွားခဲ့ပြီး ၂၀၀၄ ခုနှစ် သြဂုတ်(၁၄)ရက်နေ့တွင်ကွယ်လွန်ခဲ့သည့် ဂီတအနုပညာရှင် အဆိုတော် တေးရေး ထူးအိမ်သင်အတွက် ရည်စူး၍ သူ၏မွေးနေ့ဖြစ်သော ဇူလိုင်(၁)ရက် အမှတ်တရ

Monday, June 18, 2012

``မြန်မာ့ အရုဏ်သစ် ပရဟိတ ``လူမှုရေး အသင်း

(၁)

မနေ့က တစ်နေကုန်ပင်ပန်းနေသဖြင့် ညပိုင်းတွင် ပုံမှန်အိပ်ယာဝင်ချိန်ထက်စောပြီး အိပ်ယာဝင်လိုက်သည်။ အဲဒီလို အိပ်ယာဝင်ချိန်စောသွားလို့လားမသိ


 မနက်ပိုင်း အရုဏ်တတ်ချိန်တွင် လန်းလန်း ဆန်းဆန်းနိုးနေသည်။ ဆက်မအိပ်ချင်တော့၍ အိပ်ယာမှ ထကာ ခြံအပြင်ထွက်ပြီး လမ်းပေါ်တွင် အရုဏ်ဦး၏ ရူ့ခင်းတို့ကို ခံစားနေမိသည်။

အရုဏ်သစ် ၏ လေပြေလေညှင်းတို့သည် လတ်ဆတ်လှသည်။

အရုဏ်သစ် က ဘဝ၏ နွမ်းနယ်ပင်ပန်းမှုတို့ကို တဖန် လန်းဆန်းတတ်ကြွစေသည်။

အရုဏ်သစ်က မနေ့က ပင်ပန်းဆင်းရဲခဲ့သမျှကို လျှော်ဖွတ်သန့်စင်စေပြီး ခွန်အားသစ်တို့ ရစေသည်။

အရုဏ်သစ် က မောပန်းနွမ်းနယ်နေသော ဘဝဒုက္ခတွေကို မေ့ပျောက်စေခဲ့သည်။

အရုဏ်သစ် က စိတ်သစ် ၊ လူသစ် ၊ ခွန်အားသစ် တို့ကို အသစ်တစ်ဖန် မွေးဖွားစေခဲ့သည်ဆိုလျှင်------

(၂)

ကျွန်တော်တို့မိသားစုက ထုံးစံအတိုင်း တီဗွီ စီးရီးတွေကို ကြည့်လျှင် ကိုးရီးယား ဒရမ်မာ ကားများကို ကြိုက်ကြသည်။ ကျွန်တော်ကတော့ တမူထူးခြားစွာ တောရိုင်းတိရိစ္ဆာန်တို့၏ ဘဝရှင်သန်မှု အလေ့အထတွေကို ရိုက်ကူးတင်ဆက်ပြသော NGC Wild အစီအစဉ်ကိုကြိုက်သည်။ ထိုအစီစဉ်ကို ကြည့်ရင်း ရင်ထဲတွင် ခံစားချက်တစ်ခု စွဲကျန်နေခဲ့သည်။ အခြားမဟုတ်ပါ။ တိရိစ္ဆာန်တို့၏ သဘာဝတွင် အစာကို ကိုယ်တိုင်ရှာဖွေစားသောက်ရင်း အသက်အရွယ်ကြီးရင့်၍ အစာကို ရှာမစားနိုင်လောက်အောင် အိုမင်းရင့်ရော်သောအခါ အစာရေစာ ရှာမစားနိုင်သဖြင့် ငတ်ပြတ်ကာ အသက်သေကြရခြင်း နှင့် မိခင်၏ စောင့်ရှောက်မှု မလွတ်ကင်းသေးသော သားပေါက်များ ၏ ဘဝတွင်လည်း မိခင်သည် အခြားသားရဲ ကြီးများ၏ သတ်ဖြတ်စားသောက်ခြင်းကို ခံရလျှင် ထိုသားပေါက်ကလေးများမှာလည်း ရှာဖွေကြွေးမည့် မိခင်မရှိသဖြင့် ၊ အကာအကွယ်ပေးမည့် မိခင်သေဆုံးသွားသဖြင့် သူတို့လည်း သေကျေပျက်စီးကြရသည့် မြင်ကွင်းတို့ပင်ဖြစ်သည်။

ကျွန်တော်တို့ လူသားတွေရော----

အကြောင်းအမျိုးမျိုးကြောင့် သားထောက်သမီးခံမရှိပဲ ကိုယ်တိုင် ရှာဖွေစားသောက်နိုင်စွမ်း မရှိတော့သော သက်ကြီးရွယ်အို မှီခိုရာမဲ့ ဘိုး ၊ ဘွားများ------

အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့သွားရရှာသော အရွယ်မရောက်သေးသည့် လူမမယ် ကလေးသူငယ်များ------------

သဘာဝဘေး အန္တရယ် နှင့် စစ်ဘေး စစ်ဒဏ်ကြောင့် အတိဒုက္ခရောက်ကာ ရှာဖွေလုပ်ကိုင်စားသောက်ဖို့ ထက် ရှင်သန်ဖို့ပင် မလွယ်ကူသော အပြစ်မဲ့ပြည်သူများ-----

အရွယ်ရောက်၍ ရှာဖွေစားသောက်နိုင်လင့်ကစား မိဘ ညီအကိုမောင်နှမ လုံးဝမရှိပဲ တစ်ကောင်ကြွက် ဥတစ်လုံး ဘဝဖြင့် ယုတ်ညံ့သော လူသားအချို့၏ အန္တရာယ်နှင့် ရင်ဆိုင်နေရသော အားငယ်နေသည့် သူများ--

ထိုထိုသောသူများကို ကျွန်တော်တို့ မြန်မာ့အရုဏ်သစ် ပရဟိတ အဖွဲ့မှ အုတ်တစ်ချပ်သဲတစ်ပွင့် ပင်ဖြစ်ပါစေ တတ်စွမ်းသောအားဖြင့်--

အရဏ်သစ် ၏ လင်းရောင်ခြည်ကဲ့သို့ ခွန်အားသစ်တို့ တစ်ဖန်ဖြစ်စေမည်။

အရုဏ်သစ် ၏ လေနုအေးသို့ လန်းဆန်းမှုတို့ကို တစ်ဖန်ဖြစ်စေမည်။

အရုဏ်သစ် ၏ နေခြည်နုကဲ့သို့ တတ်ကြွမှုတို့ကို တစ်ဖန်ဖြစ်စေမည်။

အရုဏ်သစ် ၏ လင်းကြက်တွန်သံကဲ့သို့ နိုးထလာသော ဘဝများအတွက် နှိုးဆော်ပေးမည်။

အရုဏ်သစ် ၏ မျှော်လင့်ချက် ခွန်အားများ နှင့်အတူ ``မြန်မာ့အရုဏ်သစ်``ပရဟိတအဖွဲ့ကို ကျွန်တော်တို့ အွန်လိုင်း သူငယ်ချင်းအပေါင်းအသင်းများ စိတ်တူ ကိုယ်တူ ဝန်ထုတ်ဝန်ပိုး မဖြစ်သော တာဝန်ယူမှုများနဲ့ ``အားငယ်သူ အားပေးပါ--- လဲနေသူ ထူပေးပါ`` ဟူသော မြန်မာစိတ်ထား တို့ဖြင့် ဆက်လက် ရှင်သန်ကြစေလိုကြောင်း နှိုးဆော် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျား။

.....................

မင်္ဂလာပါ ကျနော်တို့ မြန်မာ့အရုဏ်သစ် ပရဟိတ အဖွဲ့မှ ကြိုဆိုပါတယ်။

ကျနော်တို့ အဖွဲ့၏ ရည်ရွယ်ချက်မှာ ...
မြန်မာဟူသည့် ခေါင်းစဉ်အောက်ဝယ် လူမျိုး၊ ဘာသာမရွေး အခက်အခဲ ရှိသူကို ကူညီဖေးမရန်၊ အများကောင်းကျိုးကို သယ်ပိုးဆောင်ရွက်ရန် ဖြစ်ပြီး

လုပ်ငန်းစဉ် အနေဖြင့် --
အမြဲတမ်းအဖွဲ့ဝင်များ၏ လစဉ်ပုံမှန်ထည့်ဝင်ငွေကို မတည်မည်။ ထိုမှတဖန် အလှူခံရသမျှကို ထပ်ပေါင်း၍ အသင်း၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်သွားကြပါမယ်။

ဒီဂရုမှာ မန်ဘာဝင်လာတဲ့ မိတ်ဆွေများကို အမြူတေမန်ဘာ (Core Member) များအဖြစ် ပူးပေါင်းဆောင်ရွက်ပါရန် ဖတ်မန္တကပြုလိုပါတယ်ခင်ဗျာ

အမြဲတမ်းအဖွဲ့ဝင်များမှ တစ်လ ကျပ်တစ်ထောင်ကျ မတည်၍ လည်းကောင်း၊ မိမိပတ်ဝန်းကျင်တွင် လက်လှမ်းမှီသမျှ ကောက်ခံခြင်းဖြင့် လည်းကောင်း အဖွဲ့၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်သွားမည် ဖြစ်ပါတယ်။

အနယ်နယ်အရပ်ရပ်မှ အလုပ်အမှုဆောင်များအဖြစ် တက်ကြွစွာပါဝင်ဆောင်ရွက်လိုသူများကိုလည်း အစဉ် လက်ကမ်းကြိုလျက်ပါ ခင်ဗျာ...။

အမှုဆောင်များနှင့် ဆက်သွယ်ရန် အီးမေးလိပ်စာမှာ Myanma.ArunThit@groups.facebook.com ဖြစ်ပါတယ်။
facebook ကတော့https://www.facebook.com/groups/340617269342614/ ပါ ပါဝင်ကျပါလိုဖိတ်ခေါ်ပါရစေ

Sunday, June 17, 2012

The Nobel Peace Prize 1985-2011

International Physicians for the Prevention of Nuclear War

International Physicians for the Prevention of Nuclear War

The Nobel Peace Prize 1985 was awarded to International Physicians for the Prevention of Nuclear War.
Elie Wiesel

Elie Wiesel

The Nobel Peace Prize 1986 was awarded to Elie Wiesel.
Oscar Arias Sánchez

Oscar Arias Sánchez

The Nobel Peace Prize 1987 was awarded to Oscar Arias Sánchez "for his work for peace in Central America, efforts which led to the accord signed in Guatemala on August 7 this year".
United Nations Peacekeeping Forces

United Nations Peacekeeping Forces

The Nobel Peace Prize 1988 was awarded to United Nations Peacekeeping Forces.
The 14th Dalai Lama (Tenzin Gyatso)

The 14th Dalai Lama (Tenzin Gyatso)

The Nobel Peace Prize 1989 was awarded to The 14th Dalai Lama.
Mikhail Sergeyevich Gorbachev

Mikhail Sergeyevich Gorbachev

The Nobel Peace Prize 1990 was awarded to Mikhail Gorbachev "for his leading role in the peace process which today characterizes important parts of the international community".
Aung San Suu Kyi

Aung San Suu Kyi

The Nobel Peace Prize 1991 was awarded to Aung San Suu Kyi "for her non-violent struggle for democracy and human rights".
Rigoberta Menchú Tum

Rigoberta Menchú Tum

The Nobel Peace Prize 1992 was awarded to Rigoberta Menchú Tum "in recognition of her work for social justice and ethno-cultural reconciliation based on respect for the rights of indigenous peoples".
Nelson MandelaFrederik Willem de Klerk
 Nelson Mandela                           Frederik Willem de Klerk                          

The Nobel Peace Prize 1993 was awarded jointly to Nelson Mandela and Frederik Willem de Klerk "for their work for the peaceful termination of the apartheid regime, and for laying the foundations for a new democratic South Africa"
Yasser ArafatYitzhak RabinShimon Peres  
 Yasser Arafat             Shimon Peres             Yitzhak Rabin
The Nobel Peace Prize 1994 was awarded jointly to Yasser Arafat, Shimon Peres and Yitzhak Rabin "for their efforts to create peace in the Middle East".
Joseph RotblatPugwash Conferences on Science and World Affairs  
 Joseph Rotblat                            Pugwash Conferences on Science and World Affairs

The Nobel Peace Prize 1995 was awarded jointly to Joseph Rotblat and Pugwash Conferences on Science and World Affairs "for their efforts to diminish the part played by nuclear arms in international politics and, in the longer run, to eliminate such arms"
Carlos Filipe Ximenes BeloJosé Ramos-Horta

Carlos Filipe Ximenes Belo                                José Ramos-Horta
  The Nobel Peace Prize 1996 was awarded jointly to Carlos Filipe Ximenes Belo and José Ramos-Horta "for their work towards a just and peaceful solution to the conflict in East Timor"
International Campaign to Ban Landmines (ICBL) Jody Williams


International Campaign                                       Jody William
sto Ban Landmines (ICBL)
The Nobel Peace Prize 1997 was awarded jointly to International Campaign to Ban Landmines (ICBL) and Jody Williams "for their work for the banning and clearing of anti-personnel mines"
 David Trimble John Hume
John Hume                 David Trimble
The Nobel Peace Prize 1998 was awarded jointly to John Hume and David Trimble "for their efforts to find a peaceful solution to the conflict in Northern Ireland"

Médecins Sans Frontières

Médecins Sans Frontières

The Nobel Peace Prize 1999 was awarded to Médecins Sans Frontières "in recognition of the organization's pioneering humanitarian work on several continents".
Kim Dae-jung

Kim Dae-jung

The Nobel Peace Prize 2000 was awarded to Kim Dae-jung "for his work for democracy and human rights in South Korea and in East Asia in general, and for peace and reconciliation with North Korea in particular".
 United Nations (U.N.) Kofi Annan
United Nations (U.N.)                  Kofi Annan
The Nobel Peace Prize 2001 was awarded jointly to United Nations (U.N.) and Kofi Annan "for their work for a better organized and more peaceful world"
Jimmy Carter

Jimmy Carter

The Nobel Peace Prize 2002 was awarded to Jimmy Carter "for his decades of untiring effort to find peaceful solutions to international conflicts, to advance democracy and human rights, and to promote economic and social development".
Shirin Ebadi

Shirin Ebadi

The Nobel Peace Prize 2003 was awarded to Shirin Ebadi "for her efforts for democracy and human rights. She has focused especially on the struggle for the rights of women and children.".
Wangari Muta Maathai

Wangari Muta Maathai

The Nobel Peace Prize 2004 was awarded to Wangari Maathai "for her contribution to sustainable development, democracy and peace".
International Atomic Energy Agency (IAEA) Mohamed ElBaradei
The Nobel Peace Prize 2005 was awarded jointly to International Atomic Energy Agency (IAEA) and Mohamed ElBaradei "for their efforts to prevent nuclear energy from being used for military purposes and to ensure that nuclear energy for peaceful purposes is used in the safest possible way"
Muhammad YunusGrameen Bank  
Muhammad Yunus            Grameen Bank
The Nobel Peace Prize 2006 was awarded jointly to Muhammad Yunus and Grameen Bank "for their efforts to create economic and social development from below"

 Intergovernmental Panel on Climate Change (IPCC) Albert Arnold (Al) Gore Jr.


Intergovernmental Panel              Albert Arnold (Al) Gore Jr. 

                        Climate Change (IPCC)
 The Nobel Peace Prize 2007 was awarded jointly to Intergovernmental Panel on Climate Change (IPCC) and Albert Arnold (Al) Gore Jr. "for their efforts to build up and disseminate greater knowledge about man-made climate change, and to lay the foundations for the measures that are needed to counteract such change" 
Martti Ahtisaari
The Nobel Peace Prize 2008 was awarded to Martti Ahtisaari "for his important efforts, on several continents and over more than three decades, to resolve international conflicts".
Barack H. Obama
The Nobel Peace Prize 2009 was awarded to Barack H. Obama "for his extraordinary efforts to strengthen international diplomacy and cooperation between peoples".
Liu Xiaobo

Liu Xiaobo

The Nobel Peace Prize 2010 was awarded to Liu Xiaobo "for his long and non-violent struggle for fundamental human rights in China".
Ellen Johnson SirleafLeymah GboweeTawakkol Karman

          Ellen Johnson   SirleafLeymah Gbowee  Tawakkol Karman

The Nobel Peace Prize 2011 was awarded jointly to Ellen Johnson Sirleaf, Leymah Gbowee and Tawakkol Karman "for their non-violent struggle for the safety of women and for women’s rights to full participation in peace-building work".