Wednesday, February 29, 2012

နှလုံးခုန်မှုကို Password အဖြစ် အသုံးပြုနိုင်သည့် ကွန်ပျူတာစနစ် တီထွင်

တရုတ်နိုင်ငံမှ သုတေသနပညာရှင်များသည် နှလုံးခုန်ပုံကို Passwordအဖြစ် အသုံးပြုနိုင်သော ကွန်ပျူတာလုံခြုံရေး စနစ်တစ်ရပ်ကို တီထွင်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ စနစ်အရ အသုံးပြုသူသည် တစ်စုံတစ်ရာ ပြုလုပ်ရန်မလိုဘဲ သူ၏ နှလုံးခုန်ပုံအရ ကွန်ပျူတာလုံခြုံရေး စနစ်ကို အလိုအလျောက် ပွင့်စေလိမ့်မည် ဟုဆိုသည်။ လူတိုင်းသည် တစ်ဦးနှင့် တစ်ဦး နှလုံးခုန်ပုံကွဲပြားပြီး နှလုံးခုန်ပုံမှာ လူတစ်ဦးအတွက် အတုမရှိဖြစ်သည် ဟုဆိုသည်။ သုတေသနပညာရှင်များသည် ကွန်ပျူတာအသုံးပြုသူ၏ လက်ဖဝါးမှတစ်ဆင့် ECGဖတ်ယူပြီး ယင်းECGကို Passwordအဖြစ် ပြောင်းလဲသည့် စနစ်ကို တီထွင်ခဲ့ခြင်း ဖြစ်သည်။
ECGတွင် ပေါ်နေသည့် အချက်ပြမှုများသည် လူတစ်ဦးနှင့်တစ်ဦး မတူညီသောကြောင့် ယင်းကို လူတစ်ဦး၏ သက်သေခံ အထောက်အထားအဖြစ် သုံးစွဲနိုင်ကြောင်း တရုတ်(တိုင်ပေ)၊ တေချွမ်အရပ်ရှိ ချွမ်စင်း အမျိုးသားတက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားခဲ့သည်။ Microsoft ကုမ္မဏီသည် ယခုအခါ ၎င်းတို့၏ Window8 စနစ်သစ်အတွက် ကရိကထမများသည့် Password စနစ်အသစ် တစ်ရပ်ကို သုတေသနပြုလျက်ရှိရာ ယခုတရုတ်တို့၏ နည်းစနစ်သည်လည်း လူကြိုက်များနိုင်ဖွယ် ရှိသည်ဟုဆိုသည်

Monday, February 27, 2012

အာဏာရှင်စနစ်ကို ကျနော်ဘာလို့ မုန်းသလဲ [သွန်းနေစိုး]

 
သင်သည် အကောင်တစ်ကောင်ကောင်၏ သား သို့မဟုတ် သမီးဖြစ်သည်ဆိုလျှင် တွေ့ရာလူကို ပါးရိုက်လို့ရ၏။
လမ်းတွေ့လို မကျေနပ်လျှင် ခေါ်ဆွဲထိုးလို့ရ၏။ ဒါတင်မက ဆောင့်ကန်လို့ ရသေးသည်။
အဆင်သင့်လျှင် သတ်ပစ်လို့ပါရ၏။ ဥပဒေ၏ အထက်တွင် သင်ကားယားကြီး ခွထိုင်နေလို့ ရမည်။
ဘယ်သူ့ကို တရားလက်လွတ် သင်စော်ကားသည်ဖြစ်စေ ဘာမှ မဖြစ်။
ထိုသူက သင့်လို အကောင်တစ်ကောင်ကောင်နှင့် မပတ်သက်ရန်သာ အရေးကြီးပါသည်။

ယင်းမှာ ကျနော် အပိုပြောနေခြင်း မဟုတ်ပါ။
တစ်ခေတ်တစ်ခါကတော့ ထိုအတိုင်းတကယ်ကြီးဖြစ်ခဲ့ဘူးပါသည်။
ဥပမာလေးတစ်ချို့ကို ကျနော် တင်ပြပါမည်။

ရန်ကုန်မြို့ Sedona Hotel ဆီတွင် ဖြစ်ပါသည်။
ဆူဇူကီးကားလေးတစ်စင်း ၀င်ပေါက်မှ ထွက်လာ၏။
ကားလေးက သေးသေးကွေးကွေး။ ကားမောင်းသူက မျက်မှန်အထူကြီးနှင့် လေးလေးကန်ကန်။
ဖြစ်ချင်တော့  ထိုစဉ် Sedona သို့ အရှိန်ပြင်းစွာ မောင်းဝင်လာသော Surf ကားကြီးတစ်စီးနှင့် ထိပ်တိုက်တိုးလေတော့သည်။
ကျွီကနဲ ဘရိတ်အုပ်သံများ ဆူညံ၍သွား၏။
နှစ်စင်းစလုံး ဗြုန်းကနဲ ရပ်တန့်သွား။ အနီးနားမှ လူတွေ ငေးကြည့်လိုက်ကြ၏။

ကားတွေက ဘာမှ မဖြစ်ပါ။ ဘာဆို ဘာမှကို မဖြစ်လိုက်ပါ။
ခြစ်မိ ပွတ်မိခြင်းကလေးမျှ မရှိ။

ထိုစဉ်တွင် Surf ကားကြီးပေါ် ပါလာသူက ထင်မှတ်မထားသော အပြုအမူ တစ်ခုကို ပြုလုပ်လိုက်သည်။
ကားတံခါးကို ၀ုန်းကနဲဖွင့် ကားပေါ်မှ ဒိုင်းကနဲ ဆင်းလာခြင်းပင်။
လက်ထဲတွင် ဘေ့ဘောရိုက်သော တုတ်တံကြီးနှင့်။

ဆူဇူကီးကားလေးပေါ်မှ မျက်မှန်သမားကိုလှမ်းအော်သည်။
'ဟေ့ကောင် --မသား ဆင်းခဲ့စမ်း၊ ကားမောင်းတာ မျက်စိမပါဘူးလား၊ ငါ့ဘာကောင်အောက်မေ့လဲ၊ ငါ ...'
ချက်ချင်းပင် ဖရုဿဝါစာပေါင်းစုံသွားလေတော့သည်။
ဆူဇူကီးကားပေါ်မှလူက ကြောင်နေ၏။ ဆင်းမလာ။
ထိုစဉ် ဆင်းသာလာလို့ကတော့ ဘေ့ဘောတုတ်တံကြီးနှင့် မိတ်ဆက်ခံလိုက်ရမည်မှာ မလွဲပေ။

အနီးနားရှိနေသော လုံခြုံရေးဝန်ထမ်းကလေးတွေက Surf ကားကြီးပေါ်မှ ဆင်းလာသူ သကောင့်သားကို ၀ိုင်းဖြောင်းဖြကြ၏။
သို့သော် သူက မရ။ အရှိန်က တက်နေဆဲ။
လက်သီးလက်မောင်းတွေ တန်း။ ဖရုဿဝါစာတွေကို ရက်ပ်စာသားလို တတွတ်တွတ်ရွတ်။
ငါ့ ဘာကောင်အောက်မေ့နေလဲ ဟူသော စကားကိုလည်း အခွန်းချင်း ထပ်အောင်ပြောနေ၏။
တကယ်တော့ သူက ဘာကောင်မှ မဟုတ်ပါ။ သို့သော် အကောင်သားတော့ ဖြစ်နေ၏။
သူ့အဖေက မှုးကြီး တစ်ဦး။ သူက ဒီ Sedona မှာ Gym လာဆော့နေကျ။
သူ့ကား တရှိန်ထိုးမောင်းဝင်လာရင် သိသူတွေက ဖယ်ပေးကြရမြဲ။

ဆူဇူကီးကားပေါ်မှ လူက သူ့ဇနီးသည်ကို ရုံးလိုက်ပို့ခြင်းဖြစ်ပါသည်။
သူ့ဇနီးရုံးက Sedona အပေါ် သုံးထပ်မှာ
ရုန်းရင်းဆန်ခတ်အခြေအနေကို သူ့ဇနီးက မြင်တော့ သူမအဖေ၏ PSO ဆီ ဖုန်းကောက်ဆက်၏။
ချက်ချင်းဆိုသလို PSO ရောက်လာသည်။
သောင်းကျန်းနေတဲ့ Surf ကားရှင် သရဲကောင်းကြီးကို နားရင်းပြေးတီး၏။
ပြီးတော့ ဂုတ်ကဆွဲခေါ်လာကာ သုံးထပ်အထိ ခေါ်လာ၏။ တောင်းပန်ခိုင်းသည်။
ဒီလိုဆိုတော့ ရမ်းကားနေသူကြီးက သွေးအရှိသား။ ဒူးထောက်ပြီးကို တောင်းပန်လေသည်။
ဘာကြောင့်ပါနည်း။ ဆူဇူကီးကားရှင်း၏ ဇနီးမှာ သူ့ထက်ကြီးသော ချုပ်တစ်ဦး၏သမီးတော် ဖြစ်နေသည်ကိုး။

အကယ်၍ ထိုနေရာတွင် သာမာန်ရိုးရိုးလူတစ်ဦးသာ ဆိုလျှင် ဘယ်လိုလုပ်မည်နည်း။
ချုပ်သမီးနှင့် သမက်ဖြစ်လျက် အေးအေးနေသူများရှိသလို အတော်နည်းပါသည်။
ယခုကဲ့သို မှုးကြီးသားလောက်ဖြစ်လျက် ရမ်းကားနေသူ အတော်တော်များများကို တွေ့ခဲ့ရဘူးသည်။

နောက်ဇာတ်လမ်းတစ်ပုဒ် ထပ်ပြောပါဦးမည်။
ရွှေနှင်းဆီလမ်းသို့ အေးဆေးစွာ မောင်းလာသောကားတစ်စီးအကြောင်းဖြစ်၏။
၇မိုင်နားအရောက်တွင် ရှေ့မှ သွားနေသော ကားတစ်စီးကို ကျော်တက်လိုက်မိ၏။
ဘာမှလည်း မဟုတ် ရိုးရိုးကျော်မိရုံပါ။
ကျော်မိလိုက်ခြင်းမှာပင် နောက်ကားပေါ်က လူက ဟွန်းသံအကျယ်ကြီးကို ပြုလိုက်သည်။
ပြီးတော့ လိုက်တိုက်တော့တာပါပဲ။
ဟိုလူ့ခမျာမောင်းပြေးရသည်။

ထိုနေ့မှ စကာ ၇မိုင်နား သူ မဖြတ်ရဲတော့။
ဟိုက သူ့ကားမြင်တိုင်း လိုက်တိုက်နေသည်လေ။
တိုက်သူ ဘယ်သူလဲ သူသိပါသည်။
ယင်း၏ ဖခင်ကို သွားပြောပြ၏။ ကျနော့်ကို ဒီလိုပဲ လုပ်နေပါတယ်ဆိုတော့ ...
ဟိုက ရယ်၍သာ နေသည်။
ဒီတော့ သူ့ခမျာ ရွှေနှင်းဆီလမ်းလာတိုင်း မြောက်ဥက္ကလာဘက်ကချည်း လှည့်လာနေရပါလေတော့သည်။

မကြာသေးခင်ကတင် သတင်းတစ်ခုကြားပါသေးသည်။
ဝန်ကြီးတစ်ပါးအိမ်ကို ရှေ့ပေါက်မှ ၀င်မိလို့ အရာချခံရသည်ဆိုလား

ဒီလို စိတ်ဓာတ်မျိုးတွေနှင့် ဘယ်လို အကြီးအကဲလုပ်ကြမည်နည်း။
နေရာတစ်ခုရလိုက်သည်နှင့် လူတွေက ကိုယ့်ကိုယ်ကို နေနတ်ဘုရားလိုလို ထင်သွားတော့သည်။
ကျောမွဲများအပေါ် ထင်သလိုပြုကျင့်၊ အားလုံးတရားသည်ပေါ့။
သူတို့ သားသမီးတွေကတော့ ပိုဆိုးပါသည်။

ဇာတ်လမ်းလေးတွေ ပြောစရာ အများကြီးရှိပါသေးသည်။
တစ်ချို့ဇာတ်လမ်းတွေက အလွယ်နှင့် ပြီးသွားပေမယ့် တစ်ချို့ဇာတ်လမ်းတွေကတော့ ရင်နာစရာ ပြန်မပြောပြနိုင်စရာ ကြေကွဲမှုဖြင် အဆုံးသတ်သွားကြရှာ၏။

ထို့ကြောင့် ...
ထိုအချက်များကြောင့် ကျနော် အာဏာရှင်စနစ်ကို မုန်းပါသည်။
တူးတူးခါးခါးကို မုန်းပါသည်။
ဘယ်သူ အစိုးရလုပ်ပါဟု ကျနော် တောင်းဆိုနေခြင်းမဟုတ်ပါ။
ဘယ်သူတက်တက် အာဏာရှင် စနစ်ကိုတော့ မပြန့်ပွားစေလိုပါ။

အိမ်က ကွန်ပြူတာ ပျက်နေ၍ ဒီစာကို အင်တာနက်ဆိုင်မှာ လာရေးပါသည်။
ဆိုင်သို့အလာ ကားလမ်းအကူးတွင် ကားတစ်စင်းက ၀ှီးကနဲ ဖြတ်ကျော်သွား၏။
ကျနော့်မှာ အသည်းအေးကနဲ ဖြစ်သွားရသည်။ တကယ့်ကို သီသီကလေး။
နောက်ထပ် ၁ပေလောက်သာနီးရင် ကျနော် ဒီလောကကြီးမှာ မရှိတော့။
မျက်မှန်ကိုပင့်ကာ အပြင်းဆက်မောင်းသွားသော ကားကို လှမ်းကြည့်တော့ စတစ်ကာ အနက်တွေကပ်ထားတာကို တွေ့၏။
ကားနံပါတ်ကိုလည်း ရောင်ပြန်များနှင့် လုပ်ထားတော့ ဖတ်ရခက်နေသည်။
တွေ့ရိုးတွေ့စဉ် ဖောင်းကြွစာလုံးများ မဟုတ်။
ဘယ်ကားမှ စတစ်ကာ မကပ်ရဘူးလို့ စည်းကမ်းထားသည် မဟုတ်လား ကျနော် မသိတော့။

ဥပဒေဖြစ်စေ၊ အမိန့်ဖြစ်စေ၊ စည်းကမ်းဖြစ်စေ၊
ထိပ်ဆုံးမှ အောက်ဆုံးအထိ တပြေးညီ တစ်ပုံစံတည်း လိုက်နာကြသော ခေတ်ကို ရောက်လိုလှပါသည်။

သွန်းနေစိုး Thorn Nay Soe

Wednesday, February 22, 2012

ရွှေတိဂုံစေတီတော်(နှစ်၂၆၀၀ ပြည်. အမှတ်တရ)






                ကမ္ဘာပေါ်ရှိအမြင့်ဆုံးဘုရားစေတီမှာ၃၂၆-ပေရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီးရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။
                ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။
သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။
ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာမဇ္ဇိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဇိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဇိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။
ရုက္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘ၀က ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘ၀တွင် ရုက္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘ၀ဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဇိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ၀မ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။ န်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒံ္ဓသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။ ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလိ္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက်္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။ ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ်္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။ ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌
  1. ဆူးလေနက်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
  2. ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်
  3. ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ
  4. တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။
ဥက္ကလာပမင်းကြီးနှင့် ပြည်သူများပူးပေါင်း၍ ဌာပနာ တိုက် ကျောက်ဖျာအထက်၌ ဉာဏ်တော်(၄၄)တောင် အမြင့်ရှိသည့် စေတီတော်မြတ်တစ်ဆူအား တည်ထားကိုးကွယ်ခဲ့ပြီး ထိုစေတီအား “တိဂုမ္ဗစေတီတော်”ဘွဲ့ချီမော်ကွန်း ထိုးခဲ့၏။ ထို “တိဂုမ္ဗစေတီတော်”သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌“သာသနာအစ ရွှေတိဂုံက”ဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။
၁၉၀၃-ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် ရွှေတိဂုံ စေတီတော် အင်္ဂါထောင့်သို့ ကျားတစ်ကောင် တက်ရောက်လာသဖြင့် သက်ဆိုင်ရာ အာဏာပိုင်တို့က ပစ်သတ်ခဲ့ကြသည်။
ရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါး

  1. ပတ္တမြားမျက်ရှင် ဘုရား
  2. ၀ိဇ္ဇ္ဇာဇော်ဂျီ ဘုရား
  3. ရှင်စောပု ဘုရား
  4. ဆံတော်တွင်း ရုပ်ပွားတော်
  5. ရှင်အဇ္ဇဂေါဏ ဘုရား
  6. ဘိုးဘိုးအောင် ဂူဘုရား
  7. ရှင်မထီးဘုရား
  8. လက်ပက်လက်ဘုရား
  9. ပြဒါးရှင် ဘုရား တို့ဖြစ်သည်။

 ရွှေတိဂုံ စေတီတော်၊ ရင်ပြင်၌ ခေါင်းလောင်းစုစုပေါင်း (၂၉)လုံးရှိသည်။
ရွှေတိဂုံစေတီတော်ကြီးကို သက္ကရာဇ် ၁၇၆၈ ခုနှစ်တွင် မြေဒူးမင်းလက်ထက် တွင်ငလျင်ကြီးစွာ လှုပ်ခဲ့သည့် အတွက် ဖောင်းရစ် အ၀ထိပြိုကျခဲ့သည့် အတွက် ဆင်ဖြူရှင်မင်းတရားကြီးမှ ယခုဖူးတွေ့ရသည် ၃၂၆ ပေ မြင့်သော စေတီးတော်ကြီးကို ယခင်စေတီကို ငုံကာ တည်ထားကိုးကွယ်ခြင်း ဖြစ်ကြောင်း၊ ယခု ရွှေတိဂုံစေတီတော်တွင် ကပ်လှူထားသော ရွှေပြား ရွှေသင်္ကန်းများမှာ ရွှေပြား အချပ်ရေ ၃၃၆၀၀ ခုရှိပြီး ရွှေစင်ရွှေသား ၃ တန်ခွဲ ရှိပါသည်။ နာဂစ်မုန်တိုင်း ကြောင့် လွင်စင်ကျခဲ့သော ရွှေစ ရွှေနများမှာ ၉ ပိသာခန့်ကို ပြန်လည် ကောက်ယူခဲ့ကြောင်း ။ ယခုအခါ နာဂစ်မုန်တိုင်း လေတိုက်နှုန်းထက် ပိုမိုပြင်ထန်းသော လေတိုက်နှုန်းများကို ခံနိုင်ရည်ရှိအောင် စီစဉ်ကြရာတွင် ငလျင်ဒဏ်ကြီးများကို ပင် ခံနိုင်ရည် ရှိအောင် ပြင်ဆင်ရကြောင်း ၊ ထီးတော်မှ ခေါင်းလောင်းတော်အထိ အလေးချိန် တန် ၆၀၀ ခန့် ထမ်းထားရကြောင်း သရှိရပါသည်။

ယခုအခါရွှေတိဂုံဘုရားကြီး၏နှစ်၂၆၀၀ပြည်.ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ  နေပါကြောင်း  နိုးဆော် အပ်ပါသည်

Monday, February 20, 2012

လှပဆန်းပြားသော ကားလေးများ


Amazing Beautiful Futuristic Cars

Amazing Beautiful Futuristic Cars

Amazing Beautiful Futuristic Cars

Amazing Beautiful Futuristic Cars

Amazing Beautiful Futuristic Cars

Amazing Beautiful Futuristic Cars

Amazing Beautiful Futuristic Cars

Amazing Beautiful Futuristic Cars

Amazing Beautiful Futuristic Cars

Amazing Beautiful Futuristic Cars

Amazing Beautiful Futuristic Cars

Amazing Beautiful Futuristic Cars

Amazing Beautiful Futuristic Cars

Amazing Beautiful Futuristic Cars

Amazing Beautiful Futuristic Cars

Amazing Beautiful Futuristic Cars

Amazing Beautiful Futuristic Cars

Amazing Beautiful Futuristic Cars


ကြက်ဥနှင်.ဖန်တီးသော ဒီဇိုင်း

 ဒီလိုကြက်ဥတွေနဲအစပြုပြီး ဖန်တီးလိုက်တဲ.အနုပညာကတော အံသြဖွယ်ပါပဲ ကြက်ဥဘယ်နှလုံးလောက် ကုန်မယ် ဘယ်နှလုံးကွဲတယ် ဆိုတာ သိသူများရှိရင်ပြောပေးခဲပါ
 ပြုလုပ်ထားတာတော.အလွန်သဘောကျဖို.ကောင်းပါတယ် တခုခုနဲ.ပစ်လိုက်ရရင်ဆိုတဲ.အတွေးတော. မတွေးတော. မတွေးနဲ.ဗျို.
နောက်ဆုံး ရလာတာကတော.တရုပ်ပိုက်ဆံ ဒီဇိုင်းလို.ထင်ပါတယ်

Sunday, February 19, 2012

ဟားဗတ်တက္ကသိုလ်

Inline image 1




ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။
ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
(၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
(၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
(၄) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
(၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
(၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
(၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
(၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
(၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
(၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
(၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
(၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
(၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
(၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
(၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
(၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
(၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
(၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
(၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
(၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။
                                                                               By Hao Zane









Friday, February 17, 2012

အမေရိကန်က ကချင်လူမျိုးfighter

ကချင်လူမျိုးမြန်မာသတ္တိခဲ အောင်လပါ သူ.ကို ဗမာ.စပါးအုန်းလို.အမည်ပြောင်ပေးထားပါတယ် ဗမာ.စပါးအုန်းဆိုတာလဲ သိကျတဲ.အတိုင်းပဲ အားလုံဖိုက်ရဲတယ်နော.

သူ.ရဲမတ်လ ၁၆ ရက်နေ.အမေရိကန်နိုင်ငံ.. SHEET METAL WORKER’S UNION HALL, PHILADELPHIA, PENNSYLVANIA, ပင်ဆယ်ဗေးနီးယားပြည်နယ်ရဲ့.. ဖီလာဒဲဖီးယားမြို့ မှာ ဖိုက်မဲ.ပွဲနဲ.သူရဲ.အချက်အလက်တချို.ပါ

ဒီလိုလဲဆော်ဖူးတယ်

ဒီလိုလဲခံရဲတယ်
ဒီလိုလဲ ယှဉ်ရဲတယ်

ဟောဒီလိုလဲ ကိုင်ပေါက်တယ်

နောက်က လူ တောင်ကြောက်နေသလိုပဲ အောက်ကလူကတော.မပြောနဲ.

မြန်မာပြည်ဖွားတွေသတ္တိကွ

သတ္တိပြောင်မြှောက်တဲ.မြန်မာပြည်ဖွားကချင်လူမျိုးလေးအောင်လ ကို ဒီနေရာက ဂုဏ်ပြုပါတယ်ခင်ဗျား

Tuesday, February 14, 2012

ဗိုလ်ချူပ်မွေးနေ.အမှတ်တရ


ဖေဖော်ဝါရီ(၁၃)မှာ ဗိုလ်ချူပ်မွေးနေ.ပါ ဆိုတဲငယ်ငယ်ကရွတ်ခဲတဲ.ကဗျာလေးကို ကျနော်တို.အားလုံးမှတ်မိနေကျမှာပါ။ ဟုတ်ပါတယ် ကျွန်တော်တို. နိုင်ငံရဲ. ဘယ်လိုမှ မေ.မရတဲ. ကယ်တင်ရှင်ဗိသုကာကြီး တိုင်းရင်းသားပေါင်းစုံချစ်ခင်လေးစားတန်ဖိုးထားရတဲ. အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း ဆိုသော သားကောင်းရတနာ မွေးဖွားရာ နေ.ဖြစ်ပါတယ်။ငယ်စဉ်ကတည်းက ဗိုလ်ချူပ်မွေးနေ. ကိုရင်းနှီးခွင်.ပေးခဲသော အထက်ပါကဗျာရေးသားသူ ကဗျာဆရာကြီးတင်မိုးအား ဤနေရာမှ   ကျေးဇူးတင်ကြောင်း   ပြောကြားလိုပါသည်။ မောင်နှမ(၉)ယောက်တွင်အငယ်ဆုံးဖြစ်သော ဗိုလ်ချူပ်အောင်ဆန်း သည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး နက်မောက်မြို.တွင် ဖခင်ကြီးဦးဖာ(ရှေ.နေ)နှင်မိခင်ကြီးဒေါ်စုတို.မှ ဆောင်းအကုန်နွေအကူး၁၉၁၅ဖေဖော်ဝါရီ၁၃ မနက်လင်းအားကြီးအချိန်(၁၂၇၆ တပေါင်းလဆန်း(၁)ရက်စနေနေ.) မြန်မာနိုင်ငံအား ကယ်တင်ရန် မွေးဖွားလာခဲလေသည်။
ဗိုလ်ချူပ်အောင်တန်းရဲ.ဇာတာပါ။ ငယ်နာမည်မောင်ထိန်လင်း သည်. လူမှန်းသိတတ်သည်.အချိန်မှ စ၍ မဟုတ်မခံ မှန်တာပြောရဲရဲလုပ် တတ်လေသည်။သတ္တိအရာတွင်လည်း ရွှေလရောင်ဘွဲ.ခံမြို.လုလင်မြို.သူကြီး ကုလားကိုဖြင်.ဘုရားမထူးပြီ ဆိုသောနယ်ချဲ. တော်လှန်ရေး သမားကြီး ဗိုလ်မင်းရောင်၏ သွေးအပြည်.ပါသော မြေးတစ်ဦးဖြစ်သည်။ဖေဖော်ဝါရီ(၁၃)မွေးသူတို.သည် တိုင်းပြည်တပြည်၏ အစိုးရထီးနန်းကို ဖြိုဖျက်နိုင်စွမ်း သူများမွေးဖွာတတ်သည် ဟူသည်.ဆရာကြီးကိုင်ရို၏ အဟောသည် အင်္ဂလိပ်အစိုးရ၏ ထီးနန်းအာဏာ ကို ဖြိုဖျက်သွားသော ဗိုလ်ချူပ်အောင်ဆန်းကိုများ စောင်းဟောသွားလေသလား... မှန်လှပါဘိ။ဖခင်ကြီးနှင်. အမူအရာတူသော ဗိုလ်ချူပ် သည် ဟန်မလုပ်တတ် စကားတည်၏ အပိုမပြောတတ် စိတ်နှလုံးဖြောင်.စင်း၏ မလိမ်တတ် လိမ်ခဲ.သော်လည်းချက်ခြင်းဖြောင်ချက်ပေး တတ်သည်။ငယ်စဉ်က တတ်သည်.ဘုန်းကြီးကျောင်းတွင် ဥပုဒ်နေ.ကျောင်းပိတ်ရက်တွင် ကျောင်းတွင် ရေခပ်မြက်နုတ် လုပ်ကြ၏ ။ တစ်ရက် နေလည်ဖက်အလုပ်မရှိ၍ ဘုန်ကြီးက အလုပ်မရှိလျှင်အိပ်နေကျမကစားကျနဲ.ဟုမိန်သည်။ထို.နောက်ဘုန်းကြီးက  ကျောင်းသား များအား မအိပ်ချင်ဘူးလားဟုမေးရာ အိပ်ချင်ကျသော်လဲ ကျောင်းသားများက ဘုန်းကြီးအလိုကျ အိပ်ချင်ပါသည် ဘုရားဟု ဖြေလေသည် ။ဘုန်းကြီးက ဗိုလ်ချူပ်အား အောင်ဆန်းကော ဟုတည်မေးရာ မအိပ်ချင်ပါဘုရားဟု ရဲရဲဝံ၀ံမလိမ်ညာပဲ ပြန်လျှောက်သည်အတွက်ဘုန်ကြီး ပင် သဘောကျ ပြုံးတော်မူ၏။
အသက်၁၅နှစ်တွင် သတ္တမတန်းအောင်၍ တစ်လတစ်ဆယ်ဖြင်. ဦးရွှေရိုးပညာတော်သင်ဆု (၃)နှစ်စာရခဲသည်။ အသက်၁၇နှစ်တွင်ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းမှအောင်၍ ရန်ကုန်တက္ကသိုလ်သို.ရောက်ခဲ.သည်။ အသက်၂၀အရွယ်တွင်အိုးဝေမဂ္ဂဇင်း အယ်ဒီတာ လုပ်ခဲ.သည်။ အသက်ပင်ငယ်သော်ညားလည်း အလုပ်ကြီး လုပ်၍လူကြီးဖြစ်ေ နလေပြီ ။ ၁၉၃၈ အောက်တိုဘာတွင် သခင်ကိုယ်တော်မိုင်း ဦးဆောင်သော တို.ဗမာအစည်းအရုံးသို. ၀င်ခဲသည်။ သခင်အောင်ဆန်း ဖြစ်လာခဲ.သည် ။၁၉၄၀ဇွန်လ၂၉ရက်တွင် ဟင်္သတခရိုင်ရာဇ၀တ်ဝန် မစ္စတာဇေးဗီးယားက ချင်းတောင်အကြောင်း ဟောပြောမူ.ဖြင်.ဆုငွေ ၅ကျပ်တန် ၀ရမ်းထုတ်ခဲ.သည်။သြဂုတ်လ၈ရက်နေ.တွင်ဟိုင်လီသင်္ဘောဖြင်.တရုတ်နိုင်ငံသို ထွက်ခဲသည်။ ထို.နောက်ဂျပန်နိုင်ငံသို.ခရီဆက်ခဲ.သည်။ ထို.နောက်မြန်မာနိုင်ငံသို.လာ၍ရဲဘော်သုံကျိပ်နှင်.အတူဂျပန်သို. ပြန်ထွက်ခဲကျသည်။ ၁၉၄၁ဒီဇင်ဘာ၂၇တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြိုရှိ ဦးလွန်းဖေ၏ အိမ်တွင် ဘီအိုင်အေခေါ် ဗမာလွပ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ.စည်း၍ လက်မောင်းသွေးဖောက် သစ္စာပြုခဲ.ကျသည်။  ၁၉၄၂ဇူလိုင်လတွင်ဗမာ.ကာကွယ်ရေးတပ်မတော်၏စစ်သေနာပတိတာဝန်ထမ်းဆောင်သည်။ စက်တင်ဘာ ၆ရက်နေ.တွင် ဒေါ်ခင်ကြည်နှင်.လပ်ထပ်သည်။၁၉၄၃ခုနှစ်တွင် ဗိုလ်ချူပ်ဖြစ်လာသည်။ ဗိုလ်ချုပ်ရဲ့ ထမင်းဝိုင်းလေးအကြောင်းပြေပြချင်ပါသည်
မိုးတွေရွာနေတဲ့ တစ်နေ့မှာပေါ့ ကားပေါ်မှဆင်းကာ ထီးအစုတ်ကလေးတစ်ခုကို ရဲဘော်လေး ကိုထွေးက ဗိုလ်ချုပ်အားမိုးပေး၍ ၀န်ကြီးများရုံးထဲသို့ဝင်လာခဲ့ပါသည်။
ရုံးသို့ရောက်သည်နှင့်တစ်ပြိုင်နက် စားပွဲပေါ်တွင်ပုံနေသောအလုပ်ပုံကြီးနှင့် အရေးကြီး နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေရသည်ဖြစ်၍ နေ့လည်စာကိုပင် မွန်းလွဲနှစ်နာရီထိ စားဖို့ပင် သတိမရနိုင်ပဲ ဖြစ်နေပါသည်။ မနက်ပိုင်းကလဲ စားနေကျပဲပြုတ်နဲ့နံပြားလေးကိုစားပြီး ရုံးတက်ခဲ့ရပါသည်။
“ဗိုလ်ချုပ်နေ့လည်ထမင်းစားဖို့တော်တော်လေးအချိန်လွန်နေပါပြီစားပြီးမှပဲဆက်လက်လုပ်ဆောင်ပါလားဗိုလ်ချုပ်ရယ်” ဟု မောင်နေ၀င်းက စိုးရိမ်တကြီးပြောနေရှာသည်။ ထိုကဲ့သို့ သတိပေးလိုက်မှပင် ထမင်းစားဖို့သတိရပြီး
“ဟေ ဟုတ်လား ဒါဆိုလဲ အိမ်ပြန်စားတာပေါ့”
“အပြင်မှာ မိုးတွေအရမ်းရွာနေပါတယ် ဗိုလ်ချုပ် ကျွန်တော်ဆိုင်တစ်ဆိုင်ကို တယ်လီဖုန်းဆက်ပြီး မှာပေးပါ့မယ် ဧည့်ခန်းထဲမှာပဲ သုံးဆောင်လိုက်ပါလား”
“ဆိုင်ကို မှာစားရင် ငါပိုက်ဆံကုန်မှာပေါ့ ဒီလအတွက် ငါပြတ်တော့မယ်၊ မဖြစ်ပါဘူး အကြည် လက်ရာလေးပဲ အိမ်ပြန်လွေးလိုက်ပါတော့မယ်ကွာ” ဟုပြောပြောဆိုဆိုနဲ့ ထထွက်လာခဲ့ပါသည်။
ဒီလိုနဲ့ပဲ မိုးရွာကြီးထဲ မောမောပန်းပန်းနဲ့အိမ်ပြန်လာခဲ့ပါသည်။ အိမ်ပြန်ရောက်တော့ သားသမီးသုံးယောက်ရဲမျက်နှာလေးတွေမြင်တော့လဲ နွမ်းခဲ့သမျှ လန်းလာပါတော့သည်။
“အကြည်ရေ ထမင်းစားဖို့ ပြင်ပါဦးကွာ ”
“အဆင်သင့်ပါပဲရှင်၊ကိုအောင်သန်းလဲ ရောက်နေတယ် ”
ကိုအောင်သန်းအနေနှင့် ဗိုလ်ချုပ်ထမင်းစားချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်နေတော့ ဗိုလ်ချုပ်စားမည့်ထမင်းဝိုင်းကို ကြည့်လိုက်မိပါသည်။
ဗိုလ်ချုပ်အနေနှင့် ဤထမင်းဝိုင်းပြင်ဆင်ထားပုံမှာ မထူးဆန်းလှပါ။ သို့သော်လဲ ကိုအောင်သန်းအတွက်မူ တော်တော်လေးကို မှင်သက်အံ့သြမိသွားပြီး ရင်ထဲမှာ စို့ခနဲဖြစ်သွားကာ ဗိုလ်ချုပ်အားတော်တော်လေး သနားသွားမိကာ ပိုပြီးတော့လဲ လေးစားသွားပါတော့သည်။
ဗိုလ်ချုပ်စားမယ့်ထမင်းဝိုင်းမှာ ထမင်းတစ်ပန်းကန်နှင့် ဟင်းတစ်ခွက်သာပါ ပါသည်။ထိုဟင်းမှာလဲ ဖွယ်ဖွယ်ရာရာမဟုတ် လက်တစ်ဆစ်မရှိတရှိ ၀က်အူချောင်းကြော်ကလေးငါးဖတ်သာဖြစ်ပါသည်။
အချိန်ရှိသရွေ့ နိုင်ငံတာဝန်ထမ်းဆောင်နေရသည်မို့ မိသားစုနှင့်အတူနေရသည်ဆိုသည်မှာ တော်တော်လေးကို ရှားပါသည်။
ဤကဲ့သို့ထမင်းစားချိန်တွင်သာဖခင်အနားကပ်ရရှာသော သားနှစ်ယောက်နှင့်သမီးလေးခမျာ တီတီတာတာနှင့်ထမင်းဝိုင်းနားတွင်ရှိနေပါသည်။
ဒီလိုနဲ့ စ စားတော့မည် ဟန်ပြင်လိုက်သည်တွင် သမီးလေး အောင်ဆန်းစုကြည်က “သမီးကိုတစ်ခုလောက်”ဒီင်္လိုနဲ့တစ်ဖက်ရော့သွားပြန်ပါကော
ကဲသမီးလေးကိုကျွေးလိုက်တော့ အောင်ဆန်းလင်းကလဲ “သားကိုလဲ ကျွေးပါဦး” ကဲ ၀က်အူချောင်းလေး သုံးဖတ်သာကျန်ပါတော့သည်။
“သားကိုကော မကျွေးတော့ဘူးလားဖေဖေ” ကဲ ဒီလိုဆိုတော့ နှစ်ဖတ်ပဲကျန်တော့တာပေါ့။
ဒီဝက်အူချောင်းလေးနှစ်ချောင်းထဲကျန်တော့တာတောင် “အစ်ကိုကျွန်တော်နဲ့အတူလက်ဆုံ နွဲသွားပါဦးလား” တဲ့ဗျာ။
ကဲဒါကတော့ ဗိုလ်ချုပ်ရဲ့ထမင်းတစ်နပ်ပါပဲ။
ကိုအောင်သန်းခမျာသူ့အိမ်ပြန်ရောက်တော့သူ့ဇနီးသည်ကို “တို့တွေပိုက်ဆံပိုရင် ငါ့ညီအောင်ဆန်းတို့အိမ်ကိုမျှပေးလိုက်ပါဦးကွာ ငါ့ညီကဒီနိုင်ငံမှာဘုရင်ခံပြီးရင် သူကအာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်ပါကွာ သူ့ထမင်းဝိုင်းကိုကြည့်ပြီး ငါစိတ်တွေမကောင်းလွန်း လို့ပါ”ဟုဆို၍
ဗိုလ်ချုပ်ထမင်းဝိုင်းကလေးကို ပြန်မြင်ယောင်ကာပြောပြနေရင်း မျက်ရည်ပင်ဝဲမိပါသည်။
တိုင်းပြည်တခု ၏ဗိုလ်ချူပ်ရဲ.  အနစ်နာခံမူ့ပါ။
ဗိုလ်ချုပ်ပြောဖူးတဲ့စကားလေးတစ်ခွန်းကိုပြန်မျှဝေပေးလိုက်ပါဦးမယ်
“နိုင်ငံအကျိုးကိုဆောင်ရွက်နေတဲ့သူတစ်ယောက်ဟာမွဲသထက်မွဲဖို့ပဲရှိတယ်၊
ချမ်းသာသထက်ချမ်းသာလာရင်တော့ အဲ့ဒါ နိုင်ငံနဲ့ပြည်သူကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့အောက်တန်းကျစိတ်ဓာတ်ပိုင်ရှင် လူလိမ် အတ္တသမားတွေပဲ”
။အသက်၃၂ နှစ်နှင်.နိုင်ငံ၏လွပ်လပ်ရေးကိုအရယူပေးခဲသည်။ ဤနေရာတွင်တခုပြောလိုပါသည် ယနေ.ခေတ်လူငယ် များ အသက်၃၂နှစ်အရွယ်ရောက်လျှင် ပိုသိပါလိမ်မည်။ ဗိုလ်ချူပ်မည်မျှအလုပ် လုပ်ခဲ.သည်ကို တွေးမိပြီး ငါလုပ်တာ ဘာမျှမဟုတ်ပါလား လို.တွေးမိလိမ်.မည်။ ထပ်ပြောပါမည် ယနေ. ငယ်ရွယ်သူတချို. ဗိုလ်ချူပ်မွေးနေ. ကို မေလျှော.နေကျပြီး ဘာမျှမဟုတ်သောနေ.လေး တနေ.ကို လှမ်းမျှော်မနေပါနဲ. မိမိ၏လွပ်လပ်ခွင်.ကိုပေးသော ရပ်တည်ခွင်.ကိုထုဆစ်ပေးသော မိမိအား အေးချမ်းစွာ မွေးဖွားခွင်. ကိုပေး ခဲ.သော လွပ်လပ်ရေးဖခင် ကို သတိရပါလို.ပြောချင်ပါတယ်။ဗိုလ်ချူပ်ဆီက ရခဲ.တာ အများကြီးပါ ဒါလေးတခုပြန်ပေးဖို.ကို ၀န်လေးမနေ ပါနဲ. မေ.လျှော.မနေပါနဲ.။တမိတည်းဖွား မောင်နှမများ ညီအကိုများဆိုလျှင် ခပ်နာနာလေးရိုက်၍ ဆုံးမချင်ပါသည်။ မြန်မာတွင်မက ကမ္ဘာ က လေးစားရတဲ. ငါ.တို.ရဲ.တစ်ဦးတည်းသော ဗိုလ်ချူပ်ဟဲ.  မင်းတို.မေ.ရလေခြင်းဆိုပြီး တော.ပေါ.။ အကို မင်းမြင်ဘူးလို.လား မမေးနဲ. ငါ.ရင်ထဲမှာ ဗိုလ်ချူပ်အမြဲရှိတယ်။အေး ဗိုလ်ချူပ် ကိုမှီတဲ.လူတွေလဲ ဗိုလ်ချူပ်အတွက် အစားအသက်ဆုံးခံလို.ရရင် အဆုံးခံမဲ. လူ တွေချည်းပဲကွ ။ထိုချစ်ခြင်းတွေ လေးစားခြင်းတွေ ဟာ ဗိုလ်ချူပ်အပေါ်ထားရှိတဲ. ကျနော်တို. တနိုင်ငံလုံး၍ တူညီမူ.တခုပါ။ ဗိုလ်ချူပ် ယူပေးခဲ.တဲ လွပ်လပ်ရေးရဲ.အသီးအပွင်.တွေ ကို ကျွန်တော.သားစဉ်မြေးတလျှောက်ဆက်လက်ခံစားနေရမှာပါ။ကျွန်တော်၏သားစဉ်မြေး တဆက်လုံးဗိုလ်ချူပ်ရဲ.ကျေးဇူးတွေ လုပ်ဆောင်ချက်တွေ ခံစားရမှာပါ။ကျွန်တော်ရယ်မှ မဟုတ်ပါဘူးလေ ကျွန်တော်တို. မြန်မာပြည်သား အားလုံး လွပ်လပ်ပျှော်ရွင်စွာ ခံစားရတာပါ။ထိုမျှမက ကျေးဇူးကြီးမားလှသော ဗိုလ်ချူပ်၏ မွေးနေ.ဖြစ်သောဖေဖော်ဝါရီ(၁၃) ကို အဘယ် မျှမေ.ရပါမည်နည်း ။
                               ဖော်ဝါရီ(၁၃)ဟာ
                               ဗိုလ်ချူပ်မွေးနေ.ပါ
                               ထောင်.ကိုးရာတစ်ဆယ်ငါး
                               ရှေ.နေဦးဖာသား
                               ဇာတိနတ်မောက် မကွေးခရိုင်
                               သိကျများခုတိုင်
                               ကြံကြံခိုင်တဲ. ဇာနည်ဖွား
                               မိခင်ဒေါ်စုသား။
                               ထောင်.ကိုးရာလေးဆယ်ခွန်
                               ပြောင်းကြွတမလွန်
                                မျက်ရည်ဖြိုင်လို. ဘ၀င်ညိုး
                               ဇူလိုင်တဆယ်.ကိုး
                               ပြည်ထောင်စုရဲ.ကျေးဇူးရှင်
                               ဗိုလ်ချူပ်တို.ဖခင်
                               ကောင်းစေချင်တဲ. မှာစကား
                                ငါတို.မမေ.အား။                         ဤကဗျာလေးအားလက်ဆင်.ကမ်း၍ ဗိုလ်ချူပ်မွေးနေ. ဒို.မမေ. ဆိုသောဆောင်းပါးအားဗိုလ်ချူပ်မွေးနေ.အမှတ်တရ တင်ပြလိုက်ပေသည်။