Monday, April 30, 2012

ဇာတ်တူသားစားတဲ့မြွေ

ငယ်ငယ်က မြွေတွေက အခြားမြွေတကောင်ဆီမှာ အစားခံဖိုလာတယ်ဆိုတာကို ပုံပြင်မှတ်နေတာ
ဇာတ်တူသားစားတဲ့ မြွေတမျိုးပါပဲ king corba ပါ
ဘယ်လိုဖမ်းယူသလဲ သို့မဟုတ် ဘာကြောင့်လာအစားခံခံလဲ ဆိုတာမတွေးတတ်အောင်ပါပဲ
မြန်မာနိုင်ငံမှာရှိတဲ ငန်းတော်ကျား လဲ အဲလိုစားတယ်လို့ သိရပါတယ်
နောက်ဆုံးမှာတော့ အောင်အောင်မြင်မြင် မျိုနိုင်ခဲ့ပါတယ်
ဒီလိုကြီးသူက ငယ်သူကို အနိုင်ကျင့်တိုက်ခိုက်ပြီး

ဒီလိုအောင်ပွဲခံ စားသုံးတာလား

Saturday, April 21, 2012

အပူကြောင့်ဖြစ်တတ်သော ကျန်းမာရေးအန္တရာယ်များ

ရာသီဥတုက တဖြည်းဖြည်းပူပြင်းလာပါတယ်။ ခြောက်သွေ့တဲ့ နွေရာသီမှာ လူတွေကို အန္တရာယ်ပေးနိုင်တာက မီးဘေးအန္တရာယ်ဖြစ်ပါတယ်။ ဒီမီးဘေးလိုပဲ နောက်ထပ်လူတွေကို ဒုက္ခပေးနိုင်တဲ့ ပြဿနာတစ်ရပ်ရှိပါသေးတယ်။ အဲ့ဒါက အပူရှိန်ပြင်းထန်လွန်ကဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာ (Heat Injury) ဖြစ်ပါတယ်။


Heat Injuries

ပတ်ဝန်းကျင်အပူရှိန် ပြင်းထန်လွန်ကဲလာပြီဆိုလျှင် အမျိုးမျိုးသော ဝေဒနာများဖြစ်ပေါ်လေ့ရှီပါတယ်။ အဲ့ဒီဝေဒနာများကို အဆင့်လိုက်ပိုင်းခြားဖော်ပြပေးချင်ပါတယ်။ ဒီဝေဒနာတွေအားလုံးဟာ အပူလွန်ကဲလို့ဖြစ်တာချည်းပါပဲ။

(၁) အပူကြောင့် ဖောယောင်လာခြင်း - အင်မတန်ပြင်းထန်တဲ့အပူချိန်နဲ့ထိတွေ့ပြီးရင် လက်၊ခြေ၊ ခြေကျင်းဝတ် စတာတွေ ဖောယောင်ခြင်း ဖြစ်ပေါ်လာတတ်ပါတယ်။

(၂) အပူကြောင့်ကြွက်တတ်ခြင်း- ကြွက်တက်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း တို့ဖြစ်လာတတ်ပါတယ်။

(၃)အပူကြောင့် အသက်ရှုမြန်ကာ သတိလစ်ခြင်း - အပူရှိန်ပြင်းထန်လွန်းတဲ့အခါ အလွန်အကျွံ့အသက်ရှုပြီး ခြေဖျားလက်ဖျားတွေ ကွေးကုပ်ကပ်လာတာမျိုးဖြစ်တတ်ပါတယ်။

(၄) အပူကြောင့် မူးဝေ သတိလစ်ခြင်း- ကြက်သီးမွှေးညှင်းထခြင်း၊ မူးဝေအော့အန်ခြင်းနဲ့ သတိလစ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။

(၅)လေသင်တုန်းဖြတ်ခြင်း (Heat Stroke)- အပူဒဏ်ပြင်းထန်လွန်းတာကို ခံနိုင်ရည်အားနည်းတဲ့ လူကြီး၊ ကလေးငယ်တွေမှာ ဖြစ်တတ်ပါတယ်။ အန္တရာယ်အကြီးဆုံးဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်သွား၇င် ဒီအပူရှိန်ကြောင့်ဖြစ်တဲ့ ဝေဒနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ အဓိက အပူကို လျော့ကျစေနိုင်တဲ့ ဖြစ်စဉ်ကတော့ ချွေးထွက်၊ ချွေးပြန်ခြင်းပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အပူချိန်ဟာ ၃၅ ဒီဂရီ စင်တီဂရိတ်လိုနေရာမှာ ရှိနေရင်တောင် ခန္ဓာကိုယ်ရဲ့ အပူရှိန်ကို လျှော့ချတဲ့ နည်းလမ်းကချွေးကနေ အငွေ့ပျံပြီး အရေပြားမှတစ်ဆင့် အပူလျှော့ချပေးတာဟာ ၇၅% အထိရှိပြီး Convection လို့ခေါ်တဲ့ အပူစီးကူးနည်းနဲ့ လျော့ကျသွားတာက ၁၅% အထိရှိနိုင်ပါတယ်။ 

ဘယ်သူတွေမှာ အန္တရာယ်ရှိသလဲ?

အသက်ကြီးတဲ့သူတွေ၊ ကလေးငယ်တွေနဲ့ နောက်အဓိက ပါနေတာကတော့ နေပူထဲမှာ အားကစားလုပ်ရတဲ့သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ နေပူကျဲတဲထဲမှာ အလုပ်လုပ်နေရရှာတဲ့ ပန်းရံ၊ လက်သမား တို့လို အောက်ခြေအလုပ်သမားတွေ အများအပြားရှိနေတာကြောင့် သူတို့ကိုပါ အန္တရာယ်ရှိလာနိုင်ခြေရှိသော သူများထဲမှာ ထည့်သွင်းသတ်မှတ်ရမှာဖြစ်ပါတယ်။

ဘာကြောင့်အန္တရာယ်ရှိနေတာလဲ?
လူ့ခန္ဓာကိုယ်မှာ အပူရှိန်လွန်ကဲလာလျှင် လျှော့ချပစ်မယ့်နည်းလမ်းရှီပါတယ်။ အထက်က ဆိုခဲ့တဲ့ ချွေးပြန်ပြီး အငွေ့ပျံစေတဲ့နည်းလမ်းပါ။ လူ့ခန္ဓာကိုယ်ထဲကနေ အပူချိန်ကို ထိန်းပေးတဲ့ Thermostat ဟာ ဦးနှောက်ထဲမှာ တည်ရှိပါတယ်။ ချွေးပြန်ရင် ရေဓါတ်ပါမက ဆားဓါတ်တွေပါ ဆုံးရှုံးသွားပါတယ်။ အဲ့ဒီအခါမှာ လူဟာ မူးဝေတာ၊ နွမ်းနယ်တာတွေ ဖြစ်လာတတ်ပါတယ်။ အော့အန်ခြင်း၊ ကြွက်တက်ခြင်းတွေပါ ဖြစ်လာတတ်ပါတယ်။ ခန္ဓာကိုယ်အပူချိန် 38C to 40C မှာ Heat Exhaustion လို့ခေါ်တဲ့ အပူကြောင့် မူးဝေအော့အန် နွမ်းနယ်ခြင်းတွေပဲဖြစ်တတ်ပါတယ်။ အဲ့ဒီထက် ပိုဆိုးတာက လေသင်ဓုန်းဖြတ်တဲ့အဆင့် Heat Stroke ပဲဖြစ်ပါတယ်။ အဲ့ဒီအဆင့်မှာ ဦးနှောက်ထဲက ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းပေးတဲ့ စံနစ်ကျဆုံးသွားပြီး လူ့တစ်ကိုယ်လုံးမှာ ချွေးမပြန်နိုင်တော့ဘဲ သတိလစ်လဲကျသွားပါတယ်။ စမ်းကြည့်၇င် တစ်ကိုယ်လုံးခြစ်ခြစ်တောက်ပူနေပြီး ကိုယ်တွင်း အပူချိန်ဟာ ၄ဝ ဒီဂရီစင်တီဂရိတ်ထက်မြင့်မားနေလေ့ရှိပါတယ်။ လက်ဖျားခြေဖျားတွေကို ကိုင်ကြည့်ရင် ချွေးလုံးဝ မပျံနိုင်တော့တာမို့ ခြောက်သွေ့နေတတ်ပါတယ်။  

လက္ခဏာများနှင့် ပြုစုနည်း

အပူကြောင့် နွမ်းနယ်ခြင်းကနေ မူးဝေအော့အန်ခြင်း၊ ကြွက်တက်ခြင်းတွေအထိ ဟာ အလွန်အမင်းစိုးရိမဖို့မလိုပေမယ့် ဂရုစိုက်ရမှာတော့ဖြစ်ပါတယ်။

 အဲ့ဒီအဆင့်မှာ အရည်များများ တိုက်ပေးရပါတယ်။ အအေးများများ တိုက်ပေးရပါတယ်။ ရေချည်းသက်သက် တိုက်ရုံထက် အသင့်ဖော်စပ်ထားတဲ့ ဓါတ်ဆားထုပ်တွေလည်း အလွယ်တကူ ရနိုင်တာမို့ အဲ့ဒါမျိုးတွေကို ဖျော်ပြီး များများကြီးတိုက်ပေးရပါတယ်။ ပွယောင်းယောင်း အဝတ်အစား တွေ၊ လေဝင်လေထွက်ကောင်းမယ့် ချည်သားတွေကို ဝတ်ဆင်ပေးသင့်ပြီး လေအေးစပ်တပ်ထားတဲ့အခန်းထဲမှာ ထားရှိပေးရမှာဖြစ်ပါတယ်။ လေအေးစက်မရှိလျှင် ပန်ကာ ကို အသုံးပြုနိုင်ပါတယ်။ လေသင်ဓုန်းဖြတ်ခြင်းကတော့ အသက်အန္တရာယ်အထိရှိပါတယ်။ အဆင်မသင့်ရင် ကိုမာ (သတိပြန်လည်မလာတော့ခြင်း) အထိဖြစ်သွားနိုင်တာမို့ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ အပူကြောင့် လေသင်ဓုန်းဖြတ်တယ်လို့ ယူဆရင် ချက်ခြင်း ခန္ဓာကိုယ်ပေါ်က တင်းကြပ်စည်းနှောင်ထားတဲ့ အင်္ကျီအဝတ်အစားမျိုးတွေကို ဖြေလျော့ပေးဖို့လိုအပ်ပါတယ်။ ပြီးရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး ပို့ဆောင်ပေးဖို့အရေးကြီးလှပါတယ်။ အရိပ်ထဲကို ချက်ခြင်းသယ်ဆောင်သွားပြီး ရေခဲရေမဟုတ်ဘဲ ရိုးရိုးရေကို ဖြန်းပေး၊ ရေပတ်တိုက်ပေးဖို့လိုပါတယ်။ ရေခဲကို သုံးချင်ရင် အပူဆုံးနေရာတွေဖြစ်တဲ့ ချိုင်းကြား၊ ပေါင်ကြားတို့မှာ ရေခဲဝတ်ထည့်ပေးနိုင်ပါတယ်။ ဆေးရုံမှာဆိုလျှင်တော့ဖြင့် Circulatory failure ရသွားတာမို့ အကြောဆေး (Intravenous fluid) ကိုရွေးချယ်လျှင် အေးမြတဲ့ Crystalloid ကိုရွေးချယ်သင့်တယ်လို့ ဆိုပါတယ်။ ဒီလေသင်ဓုန်းဖြတ်တာဟာအချိန်မီကုသမှု ခံယူလိုက်လျှင် တစ်နာရီ နှစ်နာရီအတွင်း ပြန်ကောင်းလာပေမယ့် ကုသမှုမခံယူမိလျှင် အသည်းပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ကြွက်သားများ လောင်ကျွမ်းခြင်းကနေ လုံးဝ သတိလစ် အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ?

အထက်ပါေ၇းထားတဲ့ စာများကို ဖတ်မိရင် လေသင်ဓုန်းကော အပူကြောင့်ဖြစ်တဲ့ဝေဒနာအများစုဟာ ခန္ဓာကိုယ်က ပြင်ပအပူဒဏ်ကို မတွန်းလှန်နိုင်တဲ့အခါမှာ ဖြစ်တာကိုသတိထားမိမှာပါ။ ပြင်ပအပူဒဏ်ကို တွန်းလှန်ခြင်းနည်းက ချွေးပျံခြင်းပါ။ ဒါကြောင့် ရေနဲ့ ဆားဓါတ်ကုန်ခန်းမသွားအောင် အရည်မျာများ သောက်ပေးဖို့၊ ဓါတ်ဆားရည်များသောက်ပေးဖို့ လိုအပ်ပါတယ်။ နေပူထဲ သွားလာရင်လည်း နေပူရှိန်ပြင်းလွန်းတဲ့နေရာကို ရှောင်သင့်ပါတယ်။ မရှောင်နိုင်လျှင်လည်း ထီး၊ ဦးထုပ် စတာတွေကို သုံးသင့်ပါတယ်။ အဲ့ဒါမျိုးတွေမသုံးနိုင်လျှင်လည်း အဝတ်အစားကို အပူမစုပ်သော အရောင်ဖျော့ဖျော့ ပွပွ ချည်သားများကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ နေပူအောက်မှာ ကိုယ်လက်ပြင်းထန်စွာ လေ့ကျင့်ခန်းအားကစားလုပ်ခြင်းကို လုံးဝရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ နေပူထဲ လုပ်ရတဲ့အလုပ်သမားများအတွက်လည်း သက်ဆိုင်ရာ အလုပ်များမှာ ဓါတ်ဆားထုပ်များ ဆောင်ထား သင့်ပြီး အလုပ်သမားများကို ဝေငှပေးသင့်ပါတယ်။ ဒီလို အပူရှိန်ပြင်းထန်လွန်းတဲ့ကာလမှာ ဖြစ်တတ်တဲ့ အန္တရာယ်မျိုးကို ထိုကဲ့သို့ အန္တရာယ်ကြီးတဲ့နေရာမှာလုပ်နေရတဲ့အလုပ်သမားတွေကို ကာကွယ်နိုင်ဖို့ ပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းတို့ လုပ်ဆောင်သင့်ပါတယ်။

by Aung Hein

ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း


ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ      ရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။ ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။ ဂင်းနစ်ဘီယာ
ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။ ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။ ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။ စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့်နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များကိုရယူပြီးစာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ပြီးနောက်ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ
 အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။ ယခုအခါ ထိုစာအုပ်သည်  ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။ တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။ ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကိုစံချိန်ချိုးနိုင်အောင်အစာများတနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။  ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့်  ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။ ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင်  စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်ပါ သည်။  ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ်                 -     ၉၃-မှတ်
မဟာဝဂ်                       -     ၉၇-မှတ်
ပါတိက၀ဂ်                    -     ၉၇-မှတ်
ပါရာဇိကဏ်                 -     ၈၉-မှတ်
ပါစိတ်ပါဠိတော်             -     ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော်          -     ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော်             -     ၉၈-မှတ်
ပရိဝါပါဠိတော်              -      ၁၀၀-မှတ်
စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ ၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း    တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့်  တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း  မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။ ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီ
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့  ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။
From :သန်းမင်းထွဋ်








Thursday, April 19, 2012

အပြာရောင်ကြက်ခြေခတ်

လောင်ကျွမ်းပြီးသား ကမ္ဘာမြေကြီးကို..
ထပ်ပြီး ပြာချနေတာ ...ဘယ်သူလဲ ..။

ကိုယ့်အရှက်နဲ့ကိုယ်၊
ကိုယ့်အသက်နဲ့ကိုယ် ..
ပတ်ဝန်းကျင်ကို ဂရုစိုက်စရာမလိုဘူးဆိုရင်လည်း၊
သူ့ဘာသာသူနေတဲ့
ဧပရယ် နေပူပူမှာ ...
လူတွေကို ..သွေးဆူအောင် ...မလုပ်နဲ့။

အနုပညာဈေးဗန်းကြီး ချခင်းပြီး
မီးနင်းပွဲလို ခုန်ဆွခုန်ဆွနဲ့
တဏှာတွေ သားရည်ကျလာအောင် ..မမြှားနဲ့။
 












ဒီလိုနေကြမယ်ဆုံးဖြတ်ရင် ...၊
....... နဲ့ ... အာဖရိကတိုက်ရှိတယ်။
ကျန်တာအကုန်ယူသွားလို့ရတယ်၊
အိမ်ခေါင်းရင်းက ဘုရားဆင်းတုနဲ့ နိုင်ငံသားစိစစ်ရေးကတ်တော့ .. ထားခဲ့။

နောက်ဆုံးတော့ ....
ကိုယ်ဖွထားခဲ့တဲ့ အမှိုက်က ..
မြန်မာပြည်ကို လောင်မြှိုက်စေမဲ့ ..
သည်းခြေကြိုက် .. မိုက်ဇာတ်မဖြစ်ဖို့ လိုတာပဲ ..။

ကျန်တာကတော့ ..... .......
ကိုယ်တိုင်တောင် သဂြိုဟ်ခွင့်မရရှာတဲ့၊
ကိုယ့်အပုပ်ကောင်ကြီးရဲ့ ... .....သဘော .....။       ။

(by Nan Athinkhayar)

Tuesday, April 10, 2012

ကျောင်းသားဝတ္တရား (ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘ၀တွင် ရေးသားခဲ့သောဆောင်းပါး)

  အင်္ဂလိပ်စာရေးဆရာကြီး ရှိတ်စပီးယားက "ကမ္ဘာအလုံးစုံသည် ဇာတ်ခုံမျှသာတည်း"ဟု မိန့်မြွက်ဖူး၏။ ထိုကမ္ဘာ့ဇာတ်ခုံတွင် လူအမျိုးမျိုး၊အရွယ်အမျိုးမျိုး
၊ အတန်းအစားအမျိုးမျိုးတို့သည် ကိုယ့်အခန်းကို ကိုယ်ကိုင်၍ ဇာတ်နိုင်အောင် ခင်းသွားရလေသည်။သို့ဖြစ်ရာ လူတိုင်းလူတိုင်းမှာ သိကြားတတ်သောအချိန် အရွယ်မှစ၍သေသည်ထိအောင် မိမိ၏ အလုပ်ဝတ္တရားအဖြစ်ရှိ၏။ ထိုဝတ္တရားကို ကျေပွန်မှသာလျှင် လောက၌ လူဖြစ်ကျိုးနပ်ပေမည်။ ကမ္ဘာ၏နောက်ခေတ် အမွေခံဖြစ်သော ကျွန်တော်တို့ကျောင်းသားတို့မှာလည်း အထူးသဖြင့်အသက် ၁၆နှစ် ၊ ၁၇ နှစ်မှ အထက်သို့ရှိသော ကျောင်းသားများမှာလည်း အဆိုပါဝတ္တရားဥပဒေမှ မကင်းလွတ်ကြချေ။ ယင်းဖြစ်လျှင် ကျောင်းသားဝတ္တရားသည် အဘယ်နည်း။                  အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသော သူတို့သည်  ကျောင်းသားဆိုသည်မှာ အတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှ ဟူသော အများအယူအဆ တိမ်းခြင်းအဖြစ်ကို သိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်အောက်ကျသည့် အယူအဆမျှသာဖြစ်ပေသည်။
                  ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့သည် လောကရေး ၊ ဓမ္မရေး ပြဿနာအရပ်ရပ်တို့ကို စိစစ်ဝေဖန်ဖြေရှင်းတတ်သောပညာမှ စာအုတ်ပေစာကို အံ၍ရသော အမှတ်သညာနှစ်ရပ်ကို ခွဲခြားထားလေသည်။ စာမေးပွဲကိုအောင်မြင်သူသည် လောကစစ်ပွဲတွင်လည်း အောင်မြင်နိုင်သည့် အရည်အချင်းရှိသည်ဟု မုချဆက်ဆက် မဆိုသာချေ။ ဤသို့လျှင် စာမေးပွဲ အကြောင်းသနစ်ကို ဖော်ထုတ်လာကြသည်။
                 An Examination of Examination စာမေးပွဲများ၏ အကျိုး-အပြစ် စစ်ဆေးချက်ဆိုသော စာအုပ်တွင် ဤအချက်ကို ရှင်းလင်းပြထားပေ၏။ စာမေးပွဲတစ်ခု၏ အဖြေစာရွက်များကို စာစစ်သူအမျိုးမျိုးစစ်ဆေးရာ အဖြေတစ်ခုတည်းကိုပင် အမှတ်ပေးပုံချင်းမတူသည်ကို တွေ့ရပေသည်။ တစ်ဖန် စာစစ်သူတစ်တည်း ၄င်းတစ်နှစ်က ဖျက်ခဲ့သောအဖြေကို နောက်ထပ် စစ်ဆေးသောအခါ ပထမ အမှတ်ပေးပုံနှင့် နောက်တစ်ခါ အမှတ်ပေးပုံချင်း ကွာခြားသည်ကို တွေ့ရလေသည်။ ကမ္ဘာကျော် ပြဇာတ်ရေးဆရာ ဘားနတ်ရှောကလည်း ထိပ်ကျသော ကျောင်းသားသည် လောကတွင် အောက်ဆုံးထစ်ရောက်တတ်သည်ဟု မိန့်ဆိုဖူး၏။
                 ဤတွင် ကမ္ဘာကျော်စာရေးဆရာ၏ အရေးအသားကို ၄င်းရေးသားသဖြင့် ယုံကြည်ရမည်ဟု မဆိုလို ။ သို့ရာတွင် ၄င်းကား အကြောင်းမဲ့ မရေးသားရာ ။ ယင်းသို့ဖြစ်ရကား ကျွနိုပ်တို့သည် ကမ္ဘာရာဇ၀င်သာမက အထောက်အထားများကို ကြည့်မည်ဆိုလျှင် ကမ္ဘာထိပ်တန်း ကျရောက်သော ပုဂ္ဂိုလ်တို့သည် စာမေးပွဲများတွင် ထိပ်တန်းကျသူချည်း မဟုတ်ပေ။
                  ဥပမာ အနည်းငယ် ထုတ်ပြရသော် ယခုခေတ် ထိပ်တန်းသမားများတွင် ဟစ်တလာမူဆိုလိုနီသည် ကျောင်းမှပင် ကောင်းစွာမနေခဲ့ကြရပေ။ မဟတ္တမဂန္ဒီသည်လည်း ကောလိပ်ကျောင်းတွင် ရောက်ဖူးရုံမျှသာရှိ၍ ကျောင်းသားအဖြစ် နေစဉ်အခါက ထူးထူးချွန်ချွန်မရှိချေ ။ ပဏ္ဍစ် ဂျဝါဟာလာနေရူးသည်လည်း အင်္ဂလန်ပြည်ရှိ နာမည်ကျော် ကျောင်းနှင့် တက္ကသိုလ်တို့မှ အောင်မြင်လင့်ကစား ကျောင်းသားအဖြစ်များစွာမထူးချွန်လှချေ ။ ဘီအေဂုဏ်ထူးတန်းတွင် ဒုတိယတန်းမျှသာ ရလေသည်။ သို့ရာတွင် ထိုအခါက ၄င်းအထက်ပထမရခဲ့သူတစ်ဦးမှာ ရန်ကုန်တွင် ပါမောက္ခတစ်ဦးအဖြစ် ၄င်းကဲ့သို့ ကျော်ကြားခြင်းမရှိချေ။ အင်္ဂလိပ်စာရေးဆရာကြီးများဖြစ်ကြသော ၀ိုးလ်စမစ် ဆာဝါလတာစကော့စသော ပုဂ္ဂိုလ်များမှာလည်း ကျောင်းနေစဉ်က ထူးချွန်ခြင်းမရှိပေ။
                  ဆာဝါလတာစကော့မှာမူ လူ့ငနွား ဟုပင်ဆရာ၏အဝေဖန်ခံရလေသည်။ ဤကား ဥဒါဟရုဏ်ကို အကျဉ်းမျှ သရုပ်ပေါ်အောင် ပြလိုက်ခြင်းပေတည်း။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းကိုစစ်ရလျှင် လူတစ်ဦးတစ်ယောက်၏ တန်ဖိုးကို မည်မျှရှိသည်ဟုချိန်ဆရန် သတ်မှတ်ထားသောနည်းလမ်း မရှိသောကြောင့် ဖြစ်လေသည် ။
                  စင်စစ်သော်ကား ကျောင်းတွင် တစ်ခါမျှမနေဘူး၍ စာတစ်လုံးမျှ မသင်ဖူးသူပင် ပညာရှိဖြစ်နိုင်၏ ။ ဤကားဖြစ်နိုင်သည့်အကြောင်းကို ကျွန်ုပ်ဆိုခြင်း ဖြစ်ပေသည် ။ ယခု ကမ္ဘာပေါ်ရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောကအကြောင်းကို အမျိုးမျိုးမှတ်သားချက်များသာဖြစ်ပေသည်။ ထိုမှတ်သားချက်များကိုရေးသူများ၏အာဘော် ၊ ၄င်းတို့ရေးရာဒေသ၊ ရေးသည့်အချိန်ကာလစသည်တို့ကိုကြည့်၍ ဝေဖန်ပြီးလျှင် လောကအလုပ်ဝတ္တရားတွင် သုံးစွဲတတ်မှသာ စာတတ်အမှန်ဖြစ်ပေသည်။
                 အကယ်၍ စာမတတ်သူသည် လောကအမှတ်သားကောင်းမွန်၍ နေရာချတတ်ပါလျှင် စာတတ်နေရန် မလိုချေ ။ ထို့ကြောင့်ပင် မူဆိုလိုနီက ၄င်း၏အတ္ထုပ္ပတ္တိတွင် ကျွနိုပ်ဖတ်ခဲ့သော အကြီးဆုံးသောစာအုပ်ကား ၊ ကျွန်ုပ်နေခဲ့သော လောကကြီးပင်တည်း ဟု ရေးထား၏။ ထိုကဲ့သို့ စာအုပ်စာပေမှ ကျော်လွန်သောပညာကို အဘယ်သို့ရအံ့နည်း။
                 ထိုပညာစစ်ကို ရရန်လွတ်လပ်စွာ တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသောစိတ် မွေးရန်လို၏ ။ဤအချက်ကို ပညာရေးကျွမ်းကျင်သူ ပဂ္ဂိုလ်တို့က (Academic Freedom ) ပညာသင်ကြားရေးလွတ်လပ်ခွင့်ဟု ခေါ်ကြ၏ ။ ဤအချက်ကား ကမ္ဘာရာဇ၀င်ကို တစ်မျိုးတစ်မည် ပြောင်းလွဲစေသည့် ရီနေဆန် နှင့် ရီဖောင်မေးရှင်းခေါ် ခေတ်သစ်ဝါဒ လောကဓာတ်ပညာ ပြန့်ပွားရာ အကြောင်းအရင်းတည်း။ ဤအချက်ကားကျွန်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကာလမသုတ္တန် သဘောအရပင်တည်း။
                 ထိုလွတ်လပ်စွာတွေးတော ပြောဆိုဆွေးနွေး လုပ်ကိုင်လိုသော စိတ်ရှိရမည်ဆိုရာတွင် ကျွန်ုပ်တို့သည် မိမိထင်ရာတွေးတောပြောဆို လုပ်ကိုင်ခြင်းမဟုတ်ပေ ။ လောကရှိ လူအပေါင်းတို့သည် ရေတွင်းတစ်တွင်းရှိ ဖားသူငယ်ကဲ့သို့နေ၍မဖြစ်ပေ ။ တစ်ဦးနှင့်တစ်ဦး ကူးလူးဆက်ဆံရလေသည် ။ယခုခေတ်အခါတွင် ဤသို့ကူးလူးဆက်ဆံခြင်းမှာ ပိုမို၍ပင်ကျယ်ပြန့်လာလေသည်။ ယခု အတိုင်းတိုင်း အပြည်ပြည်တွင် ကြုံတွေ့နေရသော ရှားပါးရေးခေတ်သည် ထိုဥပဒေကို လွန်ဆန်၍ ကိုယ်ဘက်ကိုယ့်သဘောကိုသာမြင်သော ၀ါဒကြောင့် ဖြစ်သော ကမ္ဘာစစ်ကြီး၏ ပဲ့တင်သံဖြစ်လေသည် ။
ထိုသို့ဖြစ်ရာ လူတိုင်းလူတိုင်း တစ်ဦးနှင့်တစ်ဦး အပေါင်းအသင်းသမဂ္ဂရှမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမို အမြင်ကျယ်လာနိုင်သည်။ သို့အမြင်ကျယ်မှ တစ်ဦးကိုတစ်ဦး အနာခံတက်ခြင်း၊ စောင်မကူညီခြင်း၊ အပြောအဆိုအနေအထိုင် ပြုပြင်လာခြင်း စသည်ဖြင့် လောက၌ လူလုပ်တတ်သည့် အရည်အချင်းများ ရနိုင်လေသည်။
                    ထို့ကြောင့် ထိုကူးလူးဆက်ဆံရေး အမြင်သန်အောင် ကျောင်းများ၊ တက္ကသိုလ်များတွင် ကျောင်းအိပ် ၊ကျောင်းစားထားခြင်း ၊အသင်းအပင်းများထောင်ခြင်း စသည်တို့ ပြုလုပ်ကြရလေသည်။ သို့ရာတွင် အပေါင်းအသင်း သမဂ္ဂ အတွက် ပြုလုပ်ရာတွင် လွတ်လပ်စွာ မပြောရ၊ မဆိုရ ၊ မလုပ်ရ၊ မဆွေးနွေးရ လျှင် မျက်စိပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ နှစ်ဖက်နှစ်ချက်စုံမှ ပညာရေးအစစ် မည်လေသည်။
                   တစ်ဖန် ယနေ့ဖြစ်သော ကျောင်းသားများသည် နက်ဖြန်ပြည်ကြီးသားများဖြစ်ကြ၏ဟု ဆိုရိုးစကားရှိ၏။ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခစာတို့နှင့်ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ်နည်း၊ ကိုယ်လက်ကျန်းမာရေးစသည်ဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ၊ ကစားနည်းများကို ထွင်ကြ၏။ ဤသို့မျှမက ယခုအခါ တစ်နိုင်ငံနှင့် တစ်နိုင်ငံမှာခွဲစိတ်၍မဖြစ်နိုင် ။ တရုတ်ပြည် ၊စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည် ဤတိုင်းပြည်ကိုလည်းကောင်း၊ ကမ္ဘာ့ယဉ်ကျေးခြင်းကိုလည်းကောင်း၊ မည်သို့မည်ပုံ ထိခိုက်မည်ဟု သိနိုင်အောင် ကမ္ဘာအခြေအနေကို မိမိရရ သိရန်လို၏။
                  ဤသည်ကိုကား အကြမ်းမျှ ကျောင်းသားများပြုလုပ်ရမည့် ၀တ္တရားများဖြစ်ကြ၏။ထို့ကြောင့် ကမ္ဘာရှိကျောင်းသားအပေါင်းတို့သည် လှုပ်လှုပ်ရွရွဖြစ်၍ စစ်မက်တားမြစ်ရေး ၊အလုပ်လက်မဲ့ ပပျောက်ရေး ၊အကြောင်းစနစ်များ ရှာဖွေနေကြ၏၊ အခြေမထူးခြားလှသော စပိန်ပြည် နှင့်တရုတ်ပြည်တို့တွင် ကျောင်းသားတို့မှာ ကိုယ်ထိလက်ရောက်တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်နှင့် အခါအလျောက်လည်း ကျောင်းသား၏ ၀တ္တရားလည်းကွဲလာ၏ ။ ဤပြဆိုပြီးသော ကျောင်းသားဝတ္တရား အားလုံးကို သည့်မြင်သည်နှင့်အညီ နောင်သော် ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခုအခါ လူများကဲ့သို့ မညီမညွတ် ၊ မလုပ်တက်မကိုင်တက် မကိုင်တတ်မဖြစ်ရအောင် ကျွန်ုပ်တို့သည် ယခုအခါ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်းကြီးကို အထင်အရှား တည်ထောင်ထား၏။
                     ထိုအသင်းသို့ ၀င်ရောက် အားပေး၇န်မှာ ကျောင်းသားတိုင်း၊ တိုင်းပြည်ချစ်စိတ်ရှိသောသူတိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်း။ ။
ဒီလှိုင်းစာစောင် အတွဲ(၁) အမှတ်(၁၃)  အင်္ဂါနေ့ ၁၀-၄-၂၀၁၂ တွင်ပါသောဆောင်းပါးအားကူးယူဖော်ပြပါသည်။

Inline image 1

Monday, April 9, 2012

မြွေဥ မှပေါက်ဖွားပုံ

B1336
က နေတင်ထိုးထွက်လာပုံ

B1336
ကြည့်တာပြင်ပလောကအားစူးစမ်းနေတယ်ထင်ပါတယ်

B1336
ညီတော်များအား စိတ်ချရပြီဟု သတင်းပို့နေလေသလားမသိ

B1336
ညီတော်များကလဲ အလျှိုလျှို ထွက်ကျကုန်လေသည်


B1336

B1336

B1336

B1336

B1336
ဥကနေ ထိုးဖောက်ထွက်လာတဲ့ပုံအဆင့်ဆင့်ပါခင်ဗျာ

Friday, April 6, 2012

မန္တလေးက နွေမိုးသီး

Inline image 1
မိုးရွာရင်အားလုံးပျော်မပျော်တော့မသိဘူး ကျနော်တော့ပျော်ပါတယ် အခုမြင်နေရတဲပုံတွေကတော့ နွေခေါင်ခေါင် မန်းလေးမှာ ရွာတဲမိုးမှာ မိုးသီးကြွေလိုကောက်နေကျတဲပုံပါ။
Inline image 2
မိုးသီးတွေက သင်္ကြန်ကို ကြိုတာလေလားမသိ မုန်လုံးရေပေါ်နဲ့ တူသလိုပဲဟု ကိုယ့်ဘာသာ လိုရာဆွဲတွေး မိပါသေးသည်။
Inline image 1
မည်သိုပင် ဖြစ်စေကာမူ မိုးရွာသွန်းမူ့ကြောင့် ပျော်ရွင်ရသလို မိုးသီးလိုက်ကောက်လို့ပျော်ရတဲ့ အပျော်ကလဲ ပိုက်ဆံနဲ့ ၀ယ်ယူလို့မရပါဘူး။ငယ်ငယ်က မိုးသီးကောက်ပျော်စရာအမှတ်တရပါခင်ဗျာ
--
Inline image 3 
photo by cJ myanmar

Thursday, April 5, 2012

သုံးခွမြို့နယ် ပိုက်စီးကျေးရွာတွင် အလျား ၄၇ ပေ၊ လုံးပတ် ၁၅ ပေခွဲရှိသည့် ဝေလငါးကြီးတစ်ကောင် အသက်ရှင်လျက် သောင်ပေါ်တင်နေ



သောင်တင်နေသော ဝေလငါးကြီးကို ပင်လယ်အတွင်း ပြန်လည်ရောက်ရှိရန် ကြိုးပမ်းနေကြစဉ်
အလျား ၄၇ ပေရှည်လျားပြီး လုံးပတ် ၁၅ ပေ ခွဲရှိသည့် ဝေလငါးကြီးတစ်ကောင် သုံးခွမြို့နယ် ပိုက်စီးကျေးရွာတွင် ဧပြီလ ၂ ရက်နေ့မှစ၍ သောင်ပေါ်တင်နေပြီး ပင်လယ်အတွင်း ပြန်လည်ရောက်ရှိရန် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသခံများ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဝေလငါးကြီးသည် ပိုက်စီးကျေးရွာ၏ ခြောက်မိုင်ခန့် ကွာဝေးသောနေရာတွင် သောင်တင်နေလျက်ရှိပြီး ရေလုပ်သားများက ဧပြီလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။


သောင်တင်နေသော ဝေလငါးကြီး

''အဲဒီ ဝေလငါးကြီးကို ရေလုပ်သားတွေက ဧပြီလ ၂ ရက်နေ့ မွန်း တည့် ၁၂ နာရီမှာ စတွေ့ခဲ့တယ်။ တွေ့ပြီးတော့ အဲဒီရေလုပ်သားတွေက ကျေးရွာအုပ်ချုပ်ရေးမှူးဆီကို အကြောင်းကြားတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးက ဝေလငါးကြီး ကို ဓာတ်ပုံရိုက်ပြီး မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနကို ပေးပို့ခဲ့ပါတယ်။ အဲဒါနဲ့ ဦးတို့ငါးလုပ်ငန်း ဦးစီးဌာနက အဖွဲ့တွေ သွားရောက်ကြည့်ရှုခဲ့တယ်။ ရေတက်ချိန်နဲ့ကြုံလို့ လှိုင်းတွေပုတ်တဲ့အခါမှာ ကမ်းခြေဘက် ပိုရောက်လာတယ်။ လူ ၄၀ လောက်နဲ့ ၀ိုင်းတွန်းကြပေမယ့် ဝေလငါးကြီးက လုံးဝမရွေ့သွားပါဘူး။ ဒီနေ့ ညနေပိုင်းမှာတော့ မော်တော်စက်လှေတွေနဲ့ ဆွဲဖို့ စီစဉ်နေပါတယ်။ ဦးတို့အနေနဲ့ကတော့ ဝေလငါးကြီးအသက်ရှင်ရေးအတွက်ပဲ ကြိုးစားဆောင်ရွက်သွားမှာပါ''ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။elevenmediagroup