Wednesday, May 30, 2012

ထယ်ရေးကိုင်ချိန်

လူလေး ငမင်း
ကန်သင်းဖော်ဖို့
ကျွဲရှဉ်းကူခေါ်
ငဇော် တို့ဆီ...။

ညကတည်းက

ထွန်သွားကိုချွန်
ထယ်ကိုပြင်လို့
လှည်းတွင်တင်နှင့်
အဆင်သင့်....။

တနေ့ကူးပြောင်း

ရွာဦးကျောင်းက
အုန်းမောင်းခေါက်သံ
ခွေးသံညံပေါ့....။

လူလေး င မင်း

ကြယ်နီလင်းပြီ
ချည်တိုင်ကနွား
သွားကျွေးထား ....။

ကြက်ဖလည်းတွန်

မိုးလင်းစင်ပေါ့
ဒေါ်မိုး ပဲပြုတ်
အမေသုတ်ပြီ...။

ပဲပြုတ်ဆီဆမ်း

ထမင်းကြမ်းနဲ့
ဗိုက်တင်းအောင်အုပ်
ကွမ်းထုပ် ထုပ်....။

ပုဆိုးစုတ်လဲ

ကွမ်းထုပ်ဆွဲနှင့်
နွားလှည်းကို က
အိမ်မှထွက်ပြီ ....။

ဝန်ရိုးသံအီ

နွားကချီ (ချေ)နှင့်
ဟဲ့ နှင်တံမြှောက်
တောကိုရောက်အောင်....။

လယ်ကွင်းအစပ်

လှည်းရပ်ထွန်ချ
ငန်း မစခင်
လယ်ဦးတင်...။

ညီနောင်ပုခုံး

ထမ်းးပိုးတုံးတင်
ထယ်မှာသပ်စွတ်
မြေတွင်နစ်ဖို့...။

တောက် တောက် တောက် တောက်

သွားစမ်းဖေ့သား
ထယ်သွားပြတ်ပြတ်
ထယ်စာညက်ဖို့...။

တောက် တောက် တောက် တောက်

သွားစမ်းဖေ့သား
သုံးဖဝါးတက်
ထယ်ရေးစပ်ဖို့ ....။

မောလားဖေ့သား

ခဏနားမည်
ဆယ့်တစ်ဖဝါးးခွဲ
နှင်းလဲကွဲပြီ ....။

မြောင်းရေငုံ့သောက်

ကွမ်းထုပ်ပျောက်ရှာ
ငဇော်လာခဲ့
ကွမ်းစားလှည့် ....။

မောပြေပြန်ထ

တငန်းစဖို့
ထယ်ကိုင်းဘယ်ကိုင်
နွားညာနိုင်စေ ...။

ပုဇဉ်းကမြည်

တောကဟီနှင့်
ဟဲ့ ညီစည်းဝါး
တို့တေးသွား ....။

တစ်ငန်းလည်းစပ်

တစ်ငန်းတက်ခဲ့
ရိပ်သုံးဖဝါး
လူအားလည်းကုန်....။

ဝမ်းကလည်းဟာ

နွားလည်နှာမှုတ်
ပုဆိုးစုတ်မ
ချွေးသုတ်ကြ ....။

လယ်ကိုပြန်ကြည့်

အစပ် စိနှင့်
ညှပ်အိထယ်စာ
ထွက်ကောင်းမှာ ...။

ပိတိအပြုံး

စိတ်နှလုံးရွှင်
လူလည်းသုတ်သုတ်
ထွန်လည်းဖြုတ်ပြီ ...။

တာရာဖိနပ်

နှစ်ဖက်ညှပ်ခါ
ထယ် မြေစာခြစ်
လှည်းပေါ်ပစ်တင်...။

ငရံ့ပလူ

ခူးယူမြောင်းက
ခါးပုံစ ထုပ်
အမေသုတ်ဖို့...။

ပြန်စို့ငဇော်

အမေမျှော်မယ်
တူရွင်းကိုချ
နွားကို က ....။

လေကနွေးနွေး

ချွေးအေးအေးနှင့်
ဆွေးသီချင်းအော်
ထန်းပင်ပေါ်က...။

လှည်းကလည်းအီ

ဗိုက်လည်းမြည်နှင့်
လှုပ်လီဖေ့သား
ကျောပြားယှက်တင်
နှင်တံကိုင်မြှောက်
နှုတ်ကငေါက်ပြီ
ရွာဆီမြန်မြန်
ပြန်ရောက်ဖို့ ....။

(ရုပ်ဆိုး)

ထယ်ရေးကိုင် = လယ်စိုက်ရန်အတွက် ထယ်ထိုး ၊ ထွန် ယက် ၊ ကန်သင်း ဖော်သည်။
ကျွဲရှဉ်း = နွားတစ်ရှဉ်း
လယ်ဦးတင် = လယ်နတ်တင်သည် ။
သုံးဖဝါးတက် = လယ်သမားသုံး အ ချိန်ခန့်မှန်းချက် (ကိုယ့်အရိပ် ကို ဖဝါးနှင့်တိုင်းကြည့်၍ ၃ ဖဝါးကျော်ကျော်ရှိလျှင် ၁၁ နာရီ ဝန်းကျင်)
ရိပ်ဆယ့်တစ်ဖွားခွဲ = လယ်သမားသုံး အချိန် ခန့်မှန်းချက် ( ကိုယ့်အရိပ်ကို ဖဝါးနှင့် တိုင်းကြည့်၍ ၁၁ ဖဝါးခွဲ ရှိလျှင် နံနက် ၇ ခွဲ ဝန်းကျင်)
ထယ်ရေးစပ် = ခရုပတ် ပုံ ထယ်ထိုး ပြီးအလယ်မှာ နေရာလွတ်မရှိသောအခါ တစ်စပ် ဟုခေါ်သည် ။
လယ်ကွက်တစ်ကွက်လုံး နေရာလွတ်မရှိသောခါ ထယ်ရေးစပ် သည်ဟုခေါ်သည် ။
တစ်ဧက ကို ၇ စပ် နှင့် ၈ စပ်အကြား ရှိသည် ။
တစ်ငန်း = ထယ်ရေးတစ်စပ် အတွက် သတ်မှတ်သော အကျယ် ။ ခြေလှမ်း ၇ လှမ်း ၊ ခြေလှမ်း ၈ လှမ်း စသဖြင့် ။
ထကိုင်း = ထယ်ကိုင်း ၊ ထယ်လက်ကိုင် ။
ထကိုင်းဘယ်ကိုင် = ထယ် မှာတပ်ထားသောလက်ကိုင်ကိုင်းကို
ဘယ်လက်နှင့်ကိုင်သည်။
ညာနိုင် = နွားကို ညာလက်နှင့် မောင်းမှ သာ နိုင်နိုင် နင်းနင်းရှိသည် ။
နွား ကသည် = နွားကိုလှည်းမှ တပ်သည် ။
ငရံ့ပလူ = လယ်ရေသွင်း သည့်မြောင်းဘေးမှာ ပေါက်လေ့ရှိသော အရွက်တစ်မျိုး ။

(ခက်ဆစ်လလေးတွေ ထည့်ပေးထားတာ ကြီးကျယ်တယ်လို့တော့ မထင်ကြပါနဲ့ဗျာ ။ တချို့ လယ်သမား ဓလေ့ လေးတွေ ကျတော့ လူတိုင်းနဲ့ မရင်းနှီး နိုင်ဘူးထင်လို့ ၊ ဗဟုသုတ အလို့ငှာထည့်ပေးထားခြင်းပါခင်ဗျာ )written by ရုပ်ဆိုး

Monday, May 28, 2012

facebook ပေါ်က အပြောင်းအလဲများ

အရင်တုန်းက facebook ကို တနေ့ကို ၁၂ နာရီ နီးပါးလောက် သုံးနေတတ်တဲ့ ကျမကို ခုတော့ ခင်ပွန်းသည်က မေးလာခဲ့တယ်။ facebookကို ဘာကြောင့် အရင်တုန်းကလို မသုံးတော့တာလဲတဲ့။

ကျမ ပြုံးရင်းသူ့ကို ပြောပြတယ်။ facebook သုံးရတာ အရင်ကလို မဟုတ်တော့ဘူး။ အရင်တုန်းကတော့ ၂၀၁၀၊ ၂၀၁၁ နဲ့ ၂၀၁၂ နှစ်ဆန်းပိုင်းလောက်တုန်းကထိ facebook ကသုံးလို့ကောင်းနေခဲ့တယ်။

သတင်းတွေက စက္ကန့်တိုင်း တက်နေတော့ သတင်းတွေက လတ်ဆတ်တယ်၊ သတင်းဝက်ဆိုဒ်တွေ ၀င်မကြည့်ခင် facebook ဖွင့်လိုက်ရင်ပဲ သတင်းတွေအကုန်လုံးနီးပါး ဖတ်ခွင့် မြင်ခွင့်ရတယ်။

ခုတော့ ဒီလို မဟုတ်တော့ဘူး။  facebook ကနေ မထိတထိတွေ ပြောကြ၊ ရန်ဖြစ်ကြ၊ ဆဲကြနဲ့ မြင်ရတာ စိတ်ဆင်းရဲဖို့ ကောင်းတယ်လို့ ကျမက ခင်ပွန်းကို ပြန်ပြောဖြစ်ပါတယ်။

ကျမက ရန်ဖြစ်ခြင်းနဲ့ မရင်းနှီးပါဘူး။ သူများကိုလည်း ရန်မလုပ်ပါဘူး၊ ကိုယ့်ကို လာပြီး ရန်လုပ်ရင်လည်း မသိချင်ယောင်ဆောင်နေခဲ့ပါတယ်။ ရန်ဖြစ်ခြင်းဟာ မရင့်ကျက်သူတွေမှာ ဖြစ်တာလို့ နားလည်မိတော့ ရန်ဖြစ်ခြင်းကိုလည်း အားမပေးခဲ့မိဘူး။ အားပေးနေတဲ့ သူတွေကိုလည်း မနှစ်သက်ပါဘူး။ရန်ဖြစ်တာထက်ပိုဆိုးတာက ဆဲကြတာပါ၊ တလောတုန်းကဆိုရင် တော်တော်ဆိုးပါတယ်။  facebook ကနေ ဆဲတာက facebook သုံးစွဲနေသူ အားလုံးကို ဆဲလိုက်သလိုပါပဲ။

ရန်ဖြစ်တာကို like လုပ်တဲ့ သူတွေကိုလည်း အံ့သြရ၊ ဆဲ တဲ့ အသုံးအနှုန်းတွေ မယဉ်ကျေးတာတွေကိုလည်း like လုပ်ထားတာတွေ တွေ့ရတော့ တော်တော်လေးလည်း အံ့သြရတယ်၊ စိတ်လည်း ပျက်ရပါတယ်။

ဘာမှ မဟုတ်သော အကြောင်းအရာတွေနဲ့ ရန်ဖြစ်ကြ ဆဲနေကြ မပြီးနိုင် မစီးနိုင်တွေ ဖြစ်နေကြတဲ့အတွက် အရင်ကလို facebook ဟာ လတ်ဆတ်သော သတင်းဖလှယ်ရာ လူမှုကွန်ယက်အသွင်ကနေ ရန်ဖြစ်ရာ ကွန်ယက်တခုလို ဖြစ်လာတော့တာပါပဲ။

ဒီကြားထဲမှာ သအရေဖျက်မှုနဲ့ ပတ်သက်တဲ့ ဥပဒေကြောင်းရာတွေကို ဖတ်မိ မှတ်မိနေတော့  facebook ပေါ်က မိတ်ဆွေများအတွက်လည်း စိတ်ပူမိပါတယ်။

facebook ပေါ်က မိတ်ဆွေများလို့ ပြောတာ အားလုံးကို ရည်ညွှန်းပါတယ်။ ကျမရဲ့မိတ်ဆွေ ၅ ထောင်ကျော်သာမက မိတ်တွေ ၅ ထောင်ကျော်ရဲ့ မိတ်ဆွေများလည်း ပါဝင်ပါတယ်။

facebook ပေါ်မှာ တစုံတယောက်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေခဲ့ရင် တရားဥပဒေအရ တရားစွဲလို့ရကြောင်း သိရပါတယ်။

တစုံတယောက်ရဲ့ ဂုဏ်သိက္ခာကို နှုတ်ဖြင့် ထိပါးပါက သွားပုပ်လေလွင့်ပြောဆိုခြင်း( Slander) လို့ ခေါ်ပါတယ်။ စာဖြင့် ရေးသားထိပါးပါက သိက္ခာချခြင်း (Libel) လို့ ခေါ်ပါတယ်။ မိမိအသရေဖျက်ခဲ့သူကို လျော်ကြေးအဖြစ် ငွေကြေး (Damages)လျော်ကြေးအဖြစ် ပေးရမဲ့ ငွေပမာဏက အသရေဖျက်ခံရသူရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှု အတိုင်းအတာပေါ်မှာ မူတည်ပါတယ်။

သတင်းဂျာနယ်မှာ မဟုတ်ဘဲ အင်တာနက်က လူမှုကွန်ယက်တွေမှာ ရေးသားတဲ့ အတွက် အသရေဖျက်မှုနဲ့ တရားစွဲဆိုခံရလိမ်မှာ မဟုတ်ဘူးလို့ မထင်လိုက်ပါနဲ့။အင်တာနက်နဲ့ လူမှုကွန်ယက်တွေက တကမ္ဘာလုံးကို ပျံ့နှံ့စေတဲ့အတွက် ပိုပြီး အန္တရာယ်ရှိပါတယ်။ ဂျာနယ်မဂ္ဂဇင်းတွေထက်ပိုပြီး ပျံ့နှံ့အားကောင်းခြင်း ဖတ်ရှု့သူအကန့်အသတ်မဲ့ခြင်းတွေကြောင့် လျော်ကြေးပေးရမဲ့ ပမာဏကလည်းပိုပြီး များနိုင်ပါတယ်။

နာမည်ရင်းနဲ့ မဟုတ်သော ပရိုင်ဖိုင်းအမှန်နဲ့ မဟုတ်သူများကိုလည်း ဘယ်သူ ဘယ်ဝါဆိုတာကို ရှာဖွေပြီး တရားစွဲဆိုလို့ရတဲ့အတွက် သုံးစွဲသူဟာ no profile နဲ့ မဟုတ်လို့ ဆိုပြီး အခြာသူ တဦးဦးကို မဆင်မခြင် လွန်လွန်ကျူးကျူးတွေ မပြောမိ၊ မရေးမိကြပါနဲ့ no profile တွေကိုလည်း ရှာဖွေပြီး တရားစွဲဆိုလို့ရပါတယ်။

ကျမအနေနဲ့ကတော့ facebook ထဲက မိတ်ဆွေတဦးဦးကနေ တဦး တယောက်ကို ပုဂ္ဂိုလ်ရေး ထိပါးရေးသားတာပဲဖြစ်ဖြစ် အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာတွေကိုပဲဖြစ်ဖြစ် လွန်လွန်ကျူးကျုးတွေ ရေးသားနေကြတာကို ဖတ်မိတဲ့အခါတိုင်း စိတ်နောက်မိတဲ့အပြင် စိုးရိမ်မိပါတယ်။  facebook ထဲမှာ ရေးသားမှုကြောင့် ဘယ်သူ့ဘယ်သူကိုမှတော့ တရားစွဲဆိုမှုတွေနဲ့ မကြုံကြရသေးပါဘူး။ ကြုံရတဲ့အခါမျိုး ရှိလာနိုင်ကြောင်းကိုလည်း စေတနာနဲ့သတိပေးပါရစေ။


ပြီးတော့ ခုလို facebook မှာ ရန်ဖြစ်နေတာတွေကို ဖတ်ရတဲ့ သူတွေအနေနဲကလည်း စိတ်ညစ်နှုးရပါတယ်။
ကိုယ့်ကြောင့် သူတပါး စိတ်အနှာက်အယှက်ဖြစ်စေခြင်းကို လူကြီးလူကောင်းတွေက ဆင်ခြင်ကြပါတယ်။

facebook မှာ အချင်းချင်း ခင်မင်နေကြရာကနေ ဘာကြောင့် ခုလို ဖြစ်နေကြတာလဲ ဆိုတာလည်း စဉ်းစားလို့မရဘူး။ အထူးသဖြင့် ကျမ လေးစားတဲ့ သူတွေ ချစ်ခင်တဲ့သူတွေကို ရန်ဖြစ်တဲ့ ထဲမှာ တွေ့နေရရင်လည်း စိတ်ထဲ တမျိုးခံစားရတယ်။ ရန်မဖြစ်စေချင်ဘူး။ အားလုံးကို ရင့်ကျက်စေချင်တယ်။

အရင်ကလိုပဲ facebook မှာ သတင်းဖလှယ်ကြရင်း အားလုံးချစ်ချစ်ခင်ခင် လေးလေးစားစားနဲ့ပဲ ရှိစေချင်ပါတယ်ရှင်။

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။
 မေသင်္ကြန်ဟိန်း

Friday, May 18, 2012

မာန်မထခင်



သယ်.......သနားလို့ထား မြေထိပါးတဲ့
ဘင်္ဂလီဖွား လူမျိးခြားတို့.....
ငါ့ပြည် ငါ့မြေ ငါတို့မြေအား
ထိခိုက်လိုလား အကြံထားသော်
နင့်ဇာတ် ငါ့ဓါးမိတ်ဆက်သွားမည်
နင့်အကြံယုတ် အစီစဉ်စုတ်အား
အခုစတင် ဖယ်ကာပြင်လော..
သမိုင်းစဉ်ဆက် တိ ခနဲပြတ်သည့်
ငှက်ကြီးတောင် ဓါး
မာန်မထခင်က ပြန်ဖို့ပြင်ကျ။
ငါ့ပြည် ငါ့မြေ ငါတို့မြေအား
လဘက်စားဇွန်း တဇွန်းမျှပင်
ထိခိုက်လာကား
 သင်၏ ခေါင်းဇတ်
အပိုင်းပိုင်း ပြတ်မည်မှတ်

Thursday, May 17, 2012

သမီးတို့မာန် သမီးတို့သတ္တိ

အမေ.....
သမီးတို့မာန် သမီးတို့သတ္တိဟာ
အမေ့လိုပဲ ရှိပါတယ်အမေ
ခွန်အားနဲ့ပညာ
ရိုးသားစွာနဲ့ရှာစားပါလည်း
ခေါင်းပုံဖြတ်တတ် လူညစ်ပတ်တို့
ပြု့တဲဒဏ်ကြောင့်
အမေ့သမီးတွေရဲ့ မာန်မာနက ထကြွလာတာပါအမေ။
အမေ.....
သူများတွေ အိပ်ရာမထခင် သမီးတို့ ဖယ်ရီစောင့်
သူများတွေ အိပ်ချိန် မှပြန်ရောက်တာ
ဝေေ၀ဆာဆာ ထွက်လာတဲ့
အမေ့ဓါတ်ပုံတွေတောင်
အားရပါးရမကြည့်နိုင်ပါဘူးအမေ..
သမီးတို့လုပ်ရပ် ကြောင့်
အမေ့ရဲ့ခြေလှမ်းမနှောင့်နှေးပါဘူးနော်အမေ
သမီးတို့မှာ ခါးလှဖို့အသာထား
ဝမ်းမျှပင်မ၀ တော့လို့ ပါအမေ......

Saturday, May 12, 2012

အအောင်မြင်ဆုံးစစ်တပ်အုပ်ချူပ်သူ(၅)ယောက်

5.Georgy Zhuko
 Georgy Zhukovသည်ဒုတ်ယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စု တပ်နီတော်( Red Army )ကို ဦးဆောင်ခဲပြီး ဥရောပအရှေ့ပိုင်းဘာလင်မြို့ထိ သိမ်းပိုက်နိုင်ခဲ့သည်။Georgy Zhukov သည် Soviet Unionနှင့်ရှရု သမိုင်းတွင်  အခြားသောသူရဲကောင်းများထက်တဦးတည်းသော တန်ဆာဆင်ခံရသော ပုဂ္ဂိုလ်ဖြစ်သည်။ဂျာမနီ ကျဆုံးပြီးနောက်တွင် Georgy Zhukov သည် ဗိုလ်မူးကြီးဖြစ်လာခဲ့သည်။သူ၏အမည်အပြည့်အစုံမှာGeorgy Konstantinovich Zhukovဖြစ်သည်။၁၈၉၆ဒီဇင်ဘာ၁ရက်နေ့မွေးဖွား၍ ၁၉၇၄ဇွန်လ၁၈ရက်ကွယ်လွန်သည်။englishလိုအပြည့်အစုံဖက်ရန် 

4.Attila the Hun

Attila the Hun သည် ဒဏ္ဍါရီသဖွယ် တွင်ရစ်လောက်အောင် ထင်ရှားကျော်ကြားသော ဟန်းနစ်အင်ပါယာ၏ ဘုရင်တပါး ဖြစ်ခဲ့သည်။သူအား ရောမအင်ပါယာ အရှေ့ခြမ်းနှင်အနောက်ခြမ်းမှ ရန်သူများက ကြောက်ရွံ ထိတ်လန့်ကျသည်။သူ့အား (SCOURGE OF GOD ) ဟုခေါ်ဆိုကျသည်။englishလိုအပြည့်အစုံဖက်ရန်
hunnic empire

 
3.William the Conqueror

William the Conqueror သည်၁၁ ရာစုနှစ်များက ဗြိတိန်နိုင်ငံ၏ အောင်နိုင်သူ တယောက်ဖြစ်သည်။၁၀၂၇ ခုနှစ်တွင်မွေးဖွားခဲ့သည်။၁၀၅၃ခုနှစ်တွင်Matilda of Flanders ဆိုသူနှင် လပ်ထပ်ခဲ့သည်။ ၁၀၈၇ခုနှစ်တွင် သေဆုံးခဲ့သည်။ အဓိကကျသော ပြုပြင်ပြောင်းလဲများကို ပြုလုပ်ခဲသူဖြစ်သည်။englishလိုအပြည့်အစုံဖက်ရန်

2.Adolf Hitler

Hitlerကို သြစတြီးယားနိုင်ငံ ဗရွန်းနောမြို့တွင်၁၈၈၉၌ မွေးဖွားသည်။၁၉၁၄တွင်ဂျာမနီတပ်မတော်တွင် အမှုထမ်းပြီး၁၉၃၉တွင် ဂျာမနီနိုင်ငံကို ဒုတိယကမ္ဘာစစ် အတွင်းသို့ ဦးဆောင် ခေါ်ယူသွားခဲ့သည် ဆိုဗီယက် တပ်နီတော်(red army) မှ ဘာလင်မြို့ကို သိမ်းပိုက်ရာ၁၉၄၅ခုတွင် မိမိကိုယ်မိမိ သတ်သေသွားခဲ့သည်။englishလိုအပြည့်အစုံဖက်ရန်
1.Ghengis Khan

Ghengis Khan သည် မွန်ဂိုအင်ပါယာကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။၁၁၆၂ခုနှစ်တွင်မွေးဖွားခဲ့သည်ဟု ခန့်မန်းရသည်။englishလိုအပြည့်အစုံဖက်ရန်
Mongol Empire



အမေနေ့














အမေနေ့ (Mother Day)သည် ကမ္ဘာပေါ်ရှိ အမေအားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေနေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြပါသည်။ မြန်မာနိုင်ငံတွင် အမေနေ့ကို နှစ်စဉ် ပြာသိုလပြည့်နေ့၌ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ပြောဆို ကြသည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အလိုက် မတူညီသော ရက်များတွင် အမေနေ့ကို ကျင်းပကြပါသည်။
Juila Ward Home (1819-1910)
ရှေးဟောင်း ဂရိ ရောမခေတ်မှ စတင်၍ ဒီနေ့ခေတ်အထိ အမေနေ့ကို ကျင်းပနေကြဆဲဖြစ်ပါသည်။ နောင်တွင်လဲ အမေ့ကျေးဇူး ထုတ်ဖော်သည့်နေ့ကို ဆက်လက်ကျင်းပ နေကြအုံးမှာ မလွဲပေ၊ Officially အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ Juila Ward Home (1819-1910) ဖြစ်သည်။ သူမသည် ကျော်ကြားသော စာရေးဆရာမကြီးတစ်ဦးဖြစ်ပြီး အမေနေ့ဖြစ်မြောက်ရန် ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူဖြစ်သည်။
အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သူ Juila Ward Home သမီး Anna Jarvis က အမေ့ အိပ်မက်ကို ဆက်လက်ပြီး ရှင်သန်စေခဲ့သူ ဖြစ်ပြီး သူမဟာလဲ မမေ့သင့်သော ကျေးဇူးရှင် တစ်ဦးဖြစ်ပါသည်။ Juil Ward Home နှင့် Anna Jarvis တို့၏ ကြိုးပမ်းမှုများကြောင့် နောက်ပိုင်းတွင် ကမ္ဘာနှင့် အ၀ှမ်း အမေနေ့ ကျင်းပနေခဲ့ကြတာဖြစ်ပါသည်။
အင်္ဂလန်နိုင်ငံတွင် မယ်တော်မယ်ရီကို ဂုဏ်ပြုသည့်အနေ့နှင့် ကျင်းပလေ့ရှိသည်။ ထိုနေ့မှာ အမေအားလုံးသည် တူညီဝတ်စုံများကို ၀တ်ဆင်ပြီး အခမ်းအနား ကျင်းပသောနေရာကို ရောက်လာသောအခါ သားသမီးများက အမေများ၏ ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြပါသည်။

အမေနေ့ ဖြစ်ပေါ်လာပုံ

မြန်မာပြည်တွင် စာရေးဆရာ ဒါရိုက်တာ ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလ်လပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး မြန်မာ့ ပြက္ခဒိန်တွင် ပြာသိုလ်လပြည့်အမေ့နေ့ အဖြစ် ကမ္ဗည်းတင်နိုင်ခဲ့ပေသည်။ မြန်မာ့ယဉ်ကျေးမှု့အရ အမေကို ဘုရားနှင့် တစ်ဂိုဏ်းတည်းထားပြီး မာတာပိတုဂုဏောအနန္တော ဆိုပြီး ပူဇော်ခဲ့ အရိုအသေ ပေးခဲ့ကြသည်။ ဆရာကြီး ဦးသုခက Officially ဖြစ်အောင် ကြိုးပမ်းပေးသူ ဖြစ်ပါသည်။ ၁၉၉၅-ခုနှစ်၊ ပြာသိုလ်လပြည့်နေ့၌ စာရေးဆရာ ဦးသုခ၏ တိုက်တွန်းပြောပြချက်အရ မန္တလေးတွင် အမေနေ့ကို ပထမဦးဆုံး စတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ မိဘကျေးဇူးဆပ်နည်း စသည့် ဗဟုသုတပညာပေးများ ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာဗဟုသုတ တိုးပွားစေလိုသည့် ဆန္ဒဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်။
  • “အမေဆိုသည့် စာကလေးနှစ်လုံးကို အသံထွက်အောင်ရွတ်ဆိုကြည့်လိုက်စမ်းပါ။ အလွန်ချိုမြိန်သော၊ သာယာသော၊ စိတ်ချမ်းသာသော၊ မေတ္တာနှင့်ထုန်မွှန်းသော အရသာကို ခံစားရပါလိမ့်မည်” (ဆရာကြီး ဦးသုခ၏ ပထမဆုံးအကြိမ် မန္တလေး အမေနေ့ ဟောပြောပွဲမှ) 
  • sites.google.com/site/myanmarsite1

Wednesday, May 9, 2012

ရွှေထီးဆောင်းခဲ့သော မြန်မာနိုင်ငံ

---ကျနော်တို့ အစွမ်းကုန် ကြိုးစားကြရင် မြန်မာနိုင်ငံကို ဆယ်နှစ် အတွင်းမှာ မှီစေရမယ်----
၁၉၅၉.ခုနှစ် စင်ကာပူ အကြိုလွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် ခေါင်းဆောင် လီကွမ်ယုပြောကြားချက်..။

၁၉၅၉-ခုနှစ် (ပါလီမန်ဒီမိုကရေစီခေတ်) ဖွင့်လှစ်ခဲ့သော ရန်ကုန်လေဆိပ်အား
ဖွင့်လှစ်သူ သမ္မတကြီးမန်းဝင်းမောင်မှ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီအချိန်က ရန်ကုန်လေဆိပ်ဟာ အာရှမှာ (ဂျပန်နဲ့ ဟောင်ကောင်မပါ)
အကြီးဆုံးလေဆ
ိပ်ကြီးဖြစ်ပါတယ်။ ထိုအချိန်က Thai Airways မပေါ်သေးသလို Singapore ချန်ဂီလေဆိပ် မရှိသေးပါ..။

အဲဒီအချိန်က မြန်မာပြည်မှာ UBA လေကြောင်း (ယခု မြန်မာ့လေကြောင်းတွင်) DC-3 ဒါကိုတာ လေယာဉ် (၁၈-စီး) ဗိုင်းကောင့်
(ပန်ကာ လေးလုံးတပ်) လေယာဉ်ကြီး (၄စီး) ရှိခဲ့သည်။ ဟောင်ကောင်လို ခရီးဝေးကို တိုက်ရိုက် ပျံသန်းခဲ့သည်။ Time Newsweek များတွင်
UBA လေကြောင်းလိုင်းကြော်ငြာမျာ
း မရိုးနိုင်အောင်တွေ့ရသည်..။

စီးပွားရေးနှင့် ငွေကြေးခိုင်မာမှု..။
ကမ္ဘာ့ဘဏ်နှင့် ဆွစ်ဘဏ်များတွင် ငွေကြေးကိုအာမခံထားရှိသည့်အတွက် ကမ္ဘာ့ထင်ရှားသောမြို့တော်များရှိ လေဆိပ်များတွင်
 မြန်မာ့ငွေကြေးကို ၁၉၆၂ မတိုင်မီအထိ ပေါက်ဈေးဖြင့်တိုက်ရိုက်လဲ
လှယ်ခွင့်ရှိ..။ မြန်မာငွေဖြင့် ပေးချေနိုင်..။
(ဦးနေ၀င်းခေတ်တွင် နိုင်ငံတကာတွင် ကျပ်ငွေအာမခံထားမှုဖျက်သိမ်း
ပြီး အာမခံ ဒေါ်လာသန်းပေါင်းများစွာ ပြန်လည်ထုတ်ယူ)

ဆက်သွယ်ရေးကဏ္ဍ
၁၉၆၀ ၀န်းကျင်တွင် အော်တို တိုက်ရိုက်လှည့်ပြီး ခေါ်ဆိုသောဖုန်းကို ဂျပန်နှင့်အပြိုင် အာရှတွင် ပထမဆုံးအဖြစ် တပ်ဆင်ခဲ့..။

ပညာရေး
ဆေးတက္ကသိုလ်များမှ ဆရာဝန်ဖြစ်လာသူများ နိုင်ငံတကာအသိအမှတ်ပြုဆရာဝန်ဖြစ်ချင်လျင်အင်္ဂလန်ဆေးကောင်စီကို ပေါင်စတာလင် ၃၅၀ သွင်းလျှင် မည်သည့်စာမေးပွဲမှ ဖြေစရာမလိုပဲ နိုင်ငံတကာအသိအမှတ်ပြု ဆရာဝန်ဖြစ်သည်..။ (ထိုစဉ်က နိုင်ငံတကာငွေလဲလှယ်နှုန်း တစ်ပေါင်- ဆယ့်ငါးကျပ်ခန့်) ဆေးတက္ကသိုလ်ပညာသင်များ..။ WHO / UNICEF / COLUMBO / ADB စသော scholarships များကို အလွယ်တကူဖြေဆိုနိုင်ကြသည်..။

(အတိတ်ကို ပြန်လွမ်းနေခြင်းမဟုတ်ပါ.။ ရွှေထီးဆောင်းခဲ့သော မြန်မာနိုင်ငံအား မခံချင်စိတ်ဖြင့် အားလုံး ပြန်လည်တူးဆွဖော်ထုတ်စေရန် ရည်ရွယ်ပါသည်..။)



Credit : Facebook user Yan Aung

Tuesday, May 8, 2012

ကျပ်တန်တစ်ရွက်နှင့် အင်တာဗျုးခြင်း



  “ကျပ်တန်နော်”
  “ဟုတ်ပါတယ် ပြားတစ်ရာကျပ်ပါ “
 “အခုနေတဲ့လိပ်စာက “ 
 “ မြောင်းတောင်းမှာပါ “
 “ဒေါင်းတောင်း မဟုတ်ဘူးလား“
 “မဟုတ်ဘူး။ လူစည်ကားရာမှာ မနေတာကြပြီ “
 “သြော်..သြော် လူတွေကြားမှာ ကျပ်မပြည့်ဘူး ပြောပြောနေတာ ခင်ဗျားနဲ့ ဘယ်လိုပတ်သက်နေလဲ “
  “ပြားတစ်ရာမပြည့်ဘူး လို့ပြောတာနေမှာပေါ့။ကျုပ်နဲ့ မပတ်သက်ပါဘူး။ကျုပ်က ကျပ်ပြည့်တာပဲ“
 “ခင်ဗျားနဲ့ ခေတ်ပြိုင် ငါးကျပ်တန် ဆယ်တန်တွေ ရှိသေးတယ် မဟုတ်လား။ သူတို့ဘာလုပ်နေကြလဲ“
  “ငါးကျပ်တန်က အလှူခံပုံးထဲမှာ။ဆယ်တန်က ဒလသင်္ဘောပေါ်မှာ ထိုင်ခုံရောင်းနေတယ်“
 “သူက အထက်ကအကြီးကောင်ကရော“
 “နှစ်ဆယ်တန်ကိုပြောတာလား။ဒီကောင်က ကိုးလို့ကန့်လန့်ကောင်“
  “ဘာဖြစ်လို့“ 
 “ရှစ်ဆယ်တန် ပစည်းက တစ်ရာဖြစ်ရတာ သူ့ကြောင့်။ နှစ်ဆယ်ဘယ်သူမှ မကိုင်ဘူး။ တစ်ရာယူလိုက်ကြတာ“
 “ဟုတ်သားပဲ ဒါနဲ့ ဟိုပါဝါကောင်ရော“
  “ခင်ဗျားကလည်း နတ်ခတ်တွေ ပါဝါတွေလုပ်နေပြန်ပြီ။ ခုထိခင်ဗျားတို့ဆီမှာ နှစ်လုံးသုံးလုံး မရှင်းသေးဘူးလား။ငါးဆယ်တန်လုပ်စမ်းပါ“
  “ဟုတ်ကဲ့ ငါးဆယ်တန် အကြောင်းမေးတာပါ“
 “လိုင်းကားစီးလို့ရသေးတယ်။ဒလသင်္ဘောစီးလို့ရသေးတယ်။တစ်ခါတစ်ခါ တစ်ရှုးထုပ်တွေ နဲ့လဲတာခံရတယ်။ဒါပေမယ့် အကြွေပေး အကြွေပေးလို့ စပယ်ယာတွေ နာနာအအော်ခံရရင် ဒီကောင်လည်း မလွယ်တော့ဘူး ကျုပ်ဆီေ၇ာက်ခါနီးပြီ“
 “ဒါနဲ့ အချို့အလုပ်တွေမှာ ရာနှုန်းအပြည့်ဘူးလို့ အော်အော်နေသံကြားတယ်။ ခင်ဗျားတို့ ဆီက တစ်ရာနဲ့များပတ်သက်နေမလား“
  “မဟုတ်တာ ကန်စွန်းရွက်နှစ်ပင်တစ်ရာတန်နေတာပဲ။မြို့ပတ်ရထားစီးလို့ရနေတာပဲ ။သူနဲ့ မဆိုင်ပါဘူး သူ့အလုပ်သမားတွေ အရည်အသွေးညံ့လို့နေမှာပါ“
  “ခင်ဗျားက တစ်ကျပ်တန်နော် ခင်ဗျားကို နှစ်ရာလို့ပြောရင် ခင်ဗျားရဲ့ သဘောက“
 “အဲဒီလို့ပြောရုံနဲ့ အထူးလိုင်းကားတိုးစီးလို့ မရဘူးလေ။ကိုယ့်တန်ဖိုးကိုယ် မသိရင် ကျပ်မပြည့်ရာကျမှာပေါ့။ ကျပ်ပြည့်ပြည့်နဲပပဲ မြောင်းတောင်းမှာ အေးအေးဆေးဆေးနေပါ ရစေ“
  “ဟိုထောင်ဝတ်ကောင်ကြီးရော“
 “အထူးလိုင်းကားစီးရင် ခဏစောင့်လို့ ဆောင်ကြီးအောင့်ကြီး အပြောခံရတဲ့ ကောင်ကြီးလား“
  “ဟုတ်တယ် ငါးရာတန်“
 “ဂိတ်သာဆုံးသွားတယ် တစ်ရာပြန်မလာလို့ လေးရာပဲ တန်တော့တယ်။ အခုတလော ဂျာနယ်အရောင်းသမားတွေ ဆီကိုတော့ များများစားစား လာကြသားပဲ။ဒါပေမယ့် ၀ယ်ဖတ်ရတာ မတန်ဘူးလို့ အပြောခံရရင်တော့ သူ့တန်ဖိုးတက်မယ့်ပုံပဲ။ ငါးရာဖိုးနှစ်စောင် ပေးလိုက်ပေါ့ များများဖတ်ပါစေ“
  “တစ်ပြားနှစ်ပြား လင်ဗန်းပြားတွေရော ခင်ဗျားဘယ်လိုပြောချင်လဲ“
 “လမ်းဘေးမှာ ဘိနပ်စုတ်ဖင်ခုထိုင်ရင်း ကွမ်းတံထွေး တစ်ဗျစ်ဗျစ်မလုပ်ရတော့ဘူး။ ကိုးဆယ့်ကိုးပြား န၀င်းကြေအောင် ကြိုးစားပါ။ အသိကလေး တစ်ပြားဖိုးလောက်ထည့်ရင် ကျပ်ပြည့်သွားမယ်။ ကျပ်စဉ်မီ သွားမယ်လို့ပြောချင်ပါတယ်“
 “ခင်ဗျားပဲ ကျပ်စဉ်မီမြောင်းတောင်းဆို“ 
 ဟုတ်ပါတယ် ဒါပေမယ့် အသိသတိ ကြေးသွန်းဘုရားကြီးရှေ့က အလှူခံပုံးထဲများ တစ်စုတစ် ဝေးရောက်ခဲ့ရင် တန်ဖိုးရှိသွားနိုင်တယ်လေ။ ဘ၀ပြောင်း သွားနိုင်သေးတယ်မို့လား“  


“ဒါဆိုကျပ်တန်တစ်ရွက်ရဲ့ မျှော်လင့်ချက်လို့ပြောနိုင်တာပေါ့“
 ““မြောင်းတောင်းသမားတွေအားလုံးနဲ့ ဆိုင်ပါတယ်။ ဒါနဲ့ ခင်ဗျားမေးတာတွေကြည့် ကျုပ်ဖြေနေရတယ်။ ခင်ဗျားက ဘယ် မီဒီယာကလည်း“
 “ မီဒီယာ တစ်ထောင်တန်ကပါ“
  “သြော်.. သြော် ငါးထောင်တန် ခိုင်းလိုက်တာနဲ့ တူတယ်။ အခုလို ကျပ်ရာလာသွင်းတာ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါဗျာ......“