အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို ဂဠုန်ဦးစော၏
စေခိုင်းချက်အရ လုပ်ကြံသတ်ဖြတ်ခဲ့ သော လူသတ်တရားခံများအား စစ်ဆေးရန်
အထူးခုံရုံးကို ဘုရင်ခံဆာဟူဘတ်ရန့်က ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင်
အမိန့်ထုတ်ပြန်၍ ဖွဲ့စည်းပေးခဲ့သည်။ အထူးခုံရုံးသည် စက်တင်ဘာလ ၂၄
ရက်နေ့တွင် စတင်ရုံးထိုင်၍ တရားခံများကို (၃)လ တိုင်တိုင် စစ်ဆေး၍
ရှေ့နေချုပ်ဦးထွန်းဖြူက အထူးခုံရုံးသို့ အပြီးသတ်လျှောက်လဲတင်ပြခဲ့သည်။
က်
ရန်ကုန်မြို့
အင်းစိန်ဗဟိုစံပြအကျဉ်းထောင်ကြီ
း၌ ဖွင့်လှစ်ထားသော အထူးရာဇဝတ်ခုံရုံး၌
၁၉၄၇
ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ခုံရုံးနာယကဦးကျော်မြင့်က စီရင်ချက်ဖတ်ပြ၍
လူသတ်တရားခံ (၉) ဦး (ဂဠုန်ဦးစော၊ မောင်စိုး၊ သက်နှင်း၊ မောင်နီ(ခ)
ဂနီ၊စိန်ကြီး(ခ)မောင်စိန်၊ မှုံကြီး (ခ) မောင်မှုံ တို့ကို ပြစ်ဒဏ်အသီးသီး
ချမှတ်ခဲ့သည်။
လုပ်ကြံမှုတွင်ပါဝင်ခဲ့သော ဘညွန့်သည်
အစိုးရသက်သေ (ဖော်ကောင်) ဖြစ်သွားသောကြောင့်
ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့
်ရရှိသွား သည်။ (ဖော်ကောင် ဘညွန့် (ခ)
ဦးလှမင်းသည် ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် စမ်းချောင်းမြို့နယ်
ညောင်ကုန်းလမ်း၊ အိမ်အမှတ် (၁၅) တွင် ကွယ်လွန်သွားခဲ့သည်။)
ကြိုးဒဏ်ချမှတ်တော့မည့်အချိန်တွ
င်
နိုင်ငံတော်လုပ်ကြံမှုတရားခံ ရန်ကြီးအောင်မှာ အသက် (၁၆) နှစ်သာ
ရှိသေးသည်ဟုဖခင်ဖြစ်သူက ဇာတာအသစ်ဖွဲံ့ကာ သက်သေအဖြစ်ရုံးတော်သို့ 
တင်ပြခဲ့သည်။ ထို့ကြောင့် စီရင်ချက်မချမီ အသင့်ခေါ်ထားသော
အကျဉ်းထောင်ဆရာဝန် ဒေါက်တာထွန်းဝင်းအား ခုံရုံးအဖွဲ့ဝင်တရားသူကြီးများက
ရန်ကြီးအောင်ကို စစ်ဆေးစေရာ ဒေါက်တာထွန်းဝင်းက စစ်ဆေးပြီးနောက်
ရန်ကြီးအောင်တွင် အထက်အံသွားပေါက်နေပါပြီ။ အမွှေးအမျှင်များလည်း
စုံနေပါပြီ။ အင်္ဂါများလည်း ဖွံ့ဖြိုးနေပြီဖြစ်၍ အသက် (၁၇) နှစ် မှ (၁၈)
နှစ် အကြား၌ ရှိပါလိမ့်မည်ဟု မှတ်ချက်ချပေးသည်။ ဤသို့ အရွယ်ရောက်နေပြီ
ဆိုလျှင် သူ့အား တရားဝင်သေဒဏ်ပေးနိုင်ပြီဟု ဆို၏။
ထို့ကြောင့်
အထူးခုံရုံးက မောင်စိုး၊ သက်နှင်း၊ မောင်စိန်(ခ)စိန်ကြီး(ခ)လှအောင်
တို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) အရ ပြစ်ဒဏ်ထိုက်သင့်သောအကြံတူ၊
ဥာဏ်တူ ပူးပေါင်းကျူးလွန်သည့် လူသတ်မှုအတွက် အပြစ်ရှိကြောင်း
စီရင်ဆုံးဖြတ်ပြီးလျှင် အောက်ပါ တရားခံများပေါ် ကြိုးဒဏ်ချမှတ်လိုက်လေသည်။
ဦးစော၊
သုခ၊ ခင်မောင်ရင်၊ မောင်နီ (ခ) ကိုနီ (ခ) ဂနီ၊ မှုံကြီး (ခ) မောင်မှုန်
တို့အပေါ် ရာဇသတ်ကြီး ပုဒ်မ ၁ဝ၉ ယှဉ်တွဲသော ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ (၁) (ခ)
အရ ရာဇ၀တ်ပြစ်မှုများ ကျူးလွန်ရန် အားပေးကူညီမှုအတွက် အပြစ်ရှိကြောင်း
အခိုင်အမာတွေ့ရှိရသဖြင့် တရားခံအားလုံးကို ကြိုးဒဏ်ချမှတ်လိုက်သည်။
ထို့နောက် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်မှစ၍ (၇) ရက်အတွင်း
အယူခံဝင်နိုင်ကြောင်း အထူးခုံရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
သို့သော်
တရားခံများ၏ အယူခံလျှောက်ထားမှုများကို တရားလွှတ်တော်က ၁၉၄၈ ခုနှစ် မတ်လ ၈
ရက်နေ့တွင် စာမျက်နှာ (၅၇) မျက်နှာရှိသော စီရင်ချက်ဖြင့် ပယ်ချလိုက်လေသည်။
သေဒဏ်ပေးခြင်းနှင့် ပတ်သက်၍ ပြစ်မှု၏ ပမာဏနှင့်
နှိုင်းယှဉ်လျှင်သော်လည်းကောင်း၊ အယူခံတင်တရားခံများအပါအ၀င် ကျူးလွန်မှုနှင့်
နှိုင်းယှဉ်လျှင်သော်လည်းကောင်း၊ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးရန်မဖြစ်ပေ။
နိုင်ငံတော်သမ္မတကသာလျှင် ကရုဏာရှေးရှု၍ လျှော့ပေါ့ပေးလိုလျှင်
ပေးပိုင်ခွင့်ရှိသည်ဟု မှတ်ချက်ပြုထားသည်။
ယင်းနောက် ဦးစော၊
မောင်စိုး၊ သက်နှင်း၊ ရန်ကြီးအောင် နှင့် မှုံကြီးတို့က
အခွင့်ထူးအယူခံဝင်ရန် လျှောက်ထားကြလေသည်။ ၁၉၄၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင်
တရားလွှတ်တော်ချုပ်က ဦးစောနှင့် အပေါင်းပါတို့၏ လျှောက်လွှာများကို
ပယ်ချလိုက်လေသည်။
ထို့နောက် လုပ်ထုံးလုပ်နည်းအရ
ဦးစောနှင့်လေးဦးတို့၏ အမှုများကိုလည်းကောင်း၊ အသနားခံစာတင်ကြသော
တရားခံများ၏ အမှုများကိုလည်းကောင်း တရားရေးဌာနက စိစစ်၍ သမ္မတ စ၀်ရွှေသိုက်ထံ
နောက်ဆုံးတင်ပြခဲ့လေသည်။
အယူခံများကို သမ္မတက စိစစ်၍ ၁၉၄၈
ခုနှစ် မေလ ၅ ရက်နေ့ ရက်စွဲပါ တရားရေးဌာနအတွင်းဝန် ဦးစံညွန့်၏ အမိန့်ဖြင့်
ခင်မောင်ရင်အပေါ် ချမှတ်ထားသော သေဒဏ်ကို တစ်သက်တစ်ကျွန်းသို့
နိုင်ငံတော်သမ္မတကြီးက ပြောင်းလဲလျှော့ပေါ့ပေးခဲ့သည်။ ထို့နည်းတူစွာ မေလ ၆
ရက်နေ့တွင်လည်း သုခနှင့် မောင်နီ တို့ကို သေဒဏ်အစား
တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲကျခံစေရန် အမိန့်ချမှတ်လိုက်လေသည်။
ကျန်တရားခံများအား မူလအထူးရာဇ၀တ်ခုံရုံးမှ ချမှတ်ခဲ့သော
စီရင်ချက်အတိုင်းသေဒဏ်ကို အတည်ပြုပေးခဲ့သည်။ တရားခံများအား
ကြိုးပေးမည့်နေ့ကိုလည်း ၁၉၄၈ ခုနှစ် မေလ ၈ ရက် စနေနေ့ကို
အတည်ပြုပေးခဲ့သည်။
ဤသို့ဖြင့် ကြိုးပေးရန် နီးကပ်လာပြီဖြစ်၍
ရန်ကုန်ဗဟိုအကျဉ်းထောင်၌ ကြိုးတိုက်တွင် ထည့်သွင်းထားသော မောင်နီ၊ သုခ၊
စိန်ကြီးနှင့် ရန်ကြီးအောင်တို့အတွက် သံဃာတော်များပင့်ဖိတ်၍
တရားနာစေခဲ့သည်။ ပြီးလျှင် သရဏဂုံတင် ပေးသည်။
စိန်ကြီးက
အခုမှ မထူးတော့ပြီဆို၍ သရဏဂုံအတင်မခံခဲ့ဟု နောင်တွင် သုခက
ပြန်လည်ပြောခဲ့သည်။ သရဏဂုံတင်သောနေ့ ညနေစောင်းမှာပင် သုခ နှင့် မောင်နီ
တို့ သေဒဏ်မှ လွတ်၍ တစ်သက်တစ်ကျွန်းပြောင်းကြောင်း အမိန့်စာရောက်လာ၍
သက်ဆိုင်ရာက အမိန့်ကို ဖတ်ပြပြီး ယင်းတို့အား ကြိုးတိုက်မှ
နှစ်ကြီးပြစ်ဒဏ်အဆောင်သို့ ပြောင်းရွှေ့လိုက်လေသည်။
၁၉၄၈
ခုနှစ် မေလ ၈ ရက်နေ့ စနေနေ့ နံနက် ၅း၃၀ နာရီတွင် ရန်ကုန်ထောင်ကြီး
(ယခုသူနာပြုတက္ကသိုလ်ဝင်း နေရာ) တွင် ၄င်းတို့ နှစ်ဦးအား ကြိုးပေးမည်ဖြစ်ရာ
ကြိုးမပေးမီ အချိန်ကလေးတွင် စိန်ကြီး(ခ)မောင်စိန်က မိမိနှင့်အပေါင်းပါ
တို့ ဦးစော၏ စကားကို နားထောင်မိရင် ယခုကဲ့သို့ မလုပ်သင့် မလုပ်ထိုက်သည်ကို
လုပ်ခဲ့မိကြောင်း ၄င်းအနေနှင့် ဘဝဆက်တိုင်း ဦးစောလိုလူမျိုးနှင့် မတွေ့ရ
မဆုံရပါစေနှင့်ဟု တိုင်တည်သွားပြီး ´လုပ်ရဲရင် ခံရဲရမည်´ ဟု ဆိုက
ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီးများအား သတ်သည်မှာ မှန်ကြောင်း၊
ထိုသို့သတ်ရခြင်းမှာလည်း ဂဠုန်ဦးစော၏ စေခိုင်းချက်အရ သတ်ခဲ့ရကြောင်း
သက်ဆိုင်ရာပုဂ္ဂိုလ်များကို ပြောဆိုပြီးနောက် `အသက်ရေ ငါပြောတဲ့အတိုင်း
လုပ်ထားဟေ့၊ ငါလာခဲ့ပြီ´ ဟု အော်ဟစ်သွားလေသည်။
စိန်ကြီး၏
လုပ်ကြံမှုကြောင့် ပြောသွားသည့်ကိစ္စကို လူတိုင်းနားလည်နိုင်ကြသော်လည်း `
အသက်ရေ ငါပြောတဲ့အတိုင်း လုပ်ထားဟေ့ ငါလာခဲ့ပြီ´ ဆိုသည့်
စကားအဓိပ္ပါယ်တို့ကို လူအများနားလည်ချင်မှ နားလည်ပေလိမ့်မည်။
လိမ့်ပတ်လည်အောင် ရှင်းပြမှသာ ဇာတ်ရည်လည်ပေလိမ့်မည် ဖြစ်သည်။
မောင်စိန်
ခေါ် စိန်ကြီး၏ ဖခင်မှာ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင်
လူသိထင်ရှားသော ဦးမောင်ကြီး၏ တစ်ဦးတည်းသော သားဖြစ်ပြီး အင်္ဂလိပ်ခေတ်က ၁ဝ
တန်း အထိ ကျောင်းနေခဲ့ဖူးသည်။ စိန်ကြီးနှင့် ဂဠုန်ဦးစောတို့သည်
အလွန်ရင်းနှီးသည့် မိတ်ဆွေရင်းခြာများဖြစ်ကြသည်။ ဦးမောင်ကြီးမှာ
လူသတ်ခံရပြီးနောက် မိခင်ဖြစ်သူက သားဖြစ်သူ စိန်ကြီးကို တချိန်က ဦးစော၏
ကျေးဇူးရှိခဲ့ဖူးသောကြောင့် သားဖြစ်သူအား
အစစအရာရာလိမ္မာရေးခြားရှိစေရန်နှ
င့် လိုအပ်သလို ခိုင်းစေရန်
ဦးစောထံအပ်နှံခဲ့သည်။ ဦးစောက ၄င်း၏ အိမ်ဝင်းသို့ ရောက်လျှင် ရောက်ချင်း
စိန်ကြီးကို သစ္စာရေသောက်ခိုင်းပြီး လုပ်ကြံမှုထဲတွင် ပါဝင်ခိုင်းသည်။
လူငယ်ဘာသာဘာဝ
စိန်ကြီးမှာ မိမိဇာတိ ကြို့ပင်ကောက်မြို့၌ ငယ်ရည်းစားရှိသည်။ စိန်ကြီးသည်
အယူခံပယ်ချခံရပြီးနောက် ကြိုးပေးရန် ရက်နီးလာခါနီး၌ သက်ဆိုင်ရာ
အကျဉ်းဦးစီးဝန်ထမ်းများကို ၄င်း၏ ငယ်ရည်းစားနှင့် တွေ့ဆုံလိုကြောင်း
ပြောပြသည်။ သက်ဆိုင်ရာ နောက်ဆုံး အခွင့်အရေးပေးသည့်အနေဖြင့်
အထက်အာဏာပိုင်များထံ ခွင့်ပန်၍ တွေ့ဆုံခွင့်ပေးခဲ့သည်။ ဤသို့ဖြင့်
စိန်ကြီး၏ ရည်းစားသည် ရန်ကုန်ထောင်ကြီးသို့ ရောက်လာသောအခါ
ထောင်ပိုင်ကြီးနှင့် အကျဉ်းဝန်ထမ်းများရှေ့တွင် ၄င်းတို့နှစ်ဦးအား
လွတ်လပ်စွာ စကားပြောခွင့်ပြုခဲ့သည်။
ထိုစဉ်အတွင်း
စိန်ကြီးသည် ထောင်ပိုင်ကြီးနှင့် ဝန်ထမ်းများရှေ့တွင် ၄င်း၏ ရည်းစားအား
လင်မရှိလျှင် လူစော်ကားလိမ့်မည်ဖြစ်ရာ ၄င်းကြိုးပေးခံရပြီးနောက်
သင့်တော်သည့် တစ်ယောက်ယောက်ကို အမြန်ဆုံးလက်ထပ်ယူရန် ပြောကြားသည်။
၎င်း၏ရည်းစားဖြစ်သူက သူ့ဘဝတစ်သက်တွင် ယောက်ျားမယူလိုတော့ကြောင့် ပြောခဲ့ရာ
စိန်ကြီးကလည်း ၄င်း၏ စကားကို နားထောင်ရန်တွင်တွင်မှာကြားေ
နသည်။
ထို့နောက်
စိန်ကြီးက မိမိသည် သူနှင့်သမီးရည်းစားဖြစ်ခဲ့သည်မှ
ာ (၄)နှစ်တိုင်
ရှိခဲ့ပြီဖြစ်သော်လည်း မိမိရည်းစားကို တခါမျှမနမ်းခဲ့ဖူးကြောင်း နှင့်
ကြိုးပေးခါနီး၌ တစ်ကြိမ်တစ်ခါ ပါးကို နမ်းသွားလိုကြောင်းပြောပြရာ
သက်ဆိုင်ရာ အကျဉ်းဝန်ထမ်းတို့က မိန်းကလေးသဘောတူလျှင် နမ်းနိုင်ကြောင်း
ပြောပြသည်။ မိန်းကလေးက ခွင့်ပြုသဖြင့် စိန်ကြီးပါးနှစ်ဖက်စလုံးကို မနမ်းဘဲ
သစ္စာရှိစွာဖြင့် ၁၅ဝဝ မေတ္တာဖြင့် တဖက်သာ နမ်းပြီး၊ ကျန်ပါးတဖက်ကို
၎င်းယူမည့် ခင်ပွန်းလောင်းအတွက် သန့်သန့်ရှင်းရှင်းထားခဲ့ကြောင်
း
ထောင်ပိုင်ကြီးနှင့် အကျဉ်းဝန်ထမ်းများရှေ့တွင် ချစ်သက်သေ ထူသွားခဲ့လေသည်။
ထို့နောက်
ကြိုးစင်တက်သွားသည့်နေ့၌ ကြိုးပေးမည့်အချိန်လောက်တွင် ၄င်း၏
ရည်းစားဖြစ်သူသည် ရန်ကုန်ထောင်တွင်းရှိ ၀န်ထမ်းအိမ်တစ်နေရာ၌
အရက်တစ်ခွက်နှင့် မီးညှိထားသော စီးကရက်တလိပ်ကို ပန်းကန်ပြား၌
စိန်ကြီးမှာထားသည့်အတိုင်း ပြုလုပ်ထားခဲ့သည်။ စိန်ကြီးသည် ကြိုးစင်ပေါ်၌
ဒေါက်မဖြုတ်ခင်အတွင်းမှာပင် `အသက်ရေ… ငါပြောထားတဲ့အတိုင်း လုပ်ထားဟေ့….
ငါလာခဲ့ပြီ´ ဟူသော အော်ဟစ်သံနှင့်အတူ အရက်ခွက်ထဲမှ အရက်များလှိုင်းထသကဲ့သို့
သိသိသာသာ လှုပ်ခတ်လာပြီး စီးကရက်မှာလည်း လူတစ်ယောက် ဝင်ဖွာနေသည့်အလား
မီးခိုးများ တထောင်းထောင်းထနေသည်ကို တွေ့ရလေသည်။ စိန်ကြီးကိုယ်တိုင်
အရက်နှင့်စီးကရက်ကို သောက်နေသကဲ့သို့ အားလုံးက မြင်တွေ့ရလေသည်။
မောင်စိန်
(ခ) စိန်ကြီးသည် အရက်ကိုလည်း ကြိုက်၊ စီးကရက်ကိုလည်း တလိပ်ပြီး တစ်လိပ်
မီးခိုးမပြတ်အောင် သောက်တတ်သော Chain Smoker တစ်ဦးဖြစ်လေသည်။ စိန်ကြီး၏
အဆိုပါ ငယ်ရည်းစားဆိုသူမှာ နောင်တွင် နအဖ စစ်အစိုးရလက်ထက်မှ ယနေ့တိုင်
ဘီလီယျံနှင့်ချီ၍ ချမ်းသာကြွယ်ဝနေသော စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ (ငြိမ်း) နှင့် အလွန်ရင်းနှီးသည့် ခေတ်ပျက်သူဌေးကြီး လက်နက်ပွဲစား
ဦးတေဇ၏ ယောက္ခမ (Parents in law) ဒေါ်ထူးဖြစ်နေလေသည်။ ဦးတေဇသည်
ဦးဇော်နှင့်ဒေါ်ထူးတို့ ၏သမီးသီတာဇော်နှင့်လက်ထပ်ခဲံ့
သည်။ တေဇ၏ `ထူး´
ကုမ္ပဏီ သည် ယောက္ခမနာမည်ကို ဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်သည်
ဟု ဆိုသည်။
လုပ်ကြံမှုတွင်
ကိုယ်တိုင်စတင်းကိုင်ပြီး ကျူးလွန်ခဲ့သော ရန်ကြီးအောင်၏ ဖခင်မှာ
ဦးလှထွန်းဖြစ်ပြီး ဦးစော နှင့် ဆွေမျိုးတော်စပ်လေသည်။ ဦးစောသည်
ရန်ကြီးအောင်အား တူသားကဲ့သို့ပင် ၄င်းအိမ်၌ ခေါ်ယူမွေးစားထားသည်။ အသက် ၁၆၊
၁၇ အရွယ်သာရှိပြီး နှစ်လုံးပြူးသေနတ်ကို ပစ်ဖို့ ဝေးစွ၊ ကိုင်တွယ်၍ပင်
မကြည့်ဘူးချေ။ သို့သော် ဦးစောကိုယ်တိုင် ရန်ကြီးအောင်ကို အင်းလျားကန်ထဲရှိ
လူသူအရောက်အပေါက်နည်းလှသည့် ကျွန်းတစ်ကျွန်းတွင် သေနတ်မျိုးစုံပစ်နည်းကို
လက်ထပ်သင်ပေးခဲ့သည်။ လုပ်ကြံမှုတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
ဝန်ကြီးများအား
စက်တင်းသေနတ်ကိုလက်သံပြောင်စွာ
ကျည်ကပ်လေးခုကုန်အောင်ပစ်ခဲ့သည့
်အပြင်အတွင်းဝန်ရုံးအောက်ထပ်
အဆင်း
တွင် လှေကားထိပ်၌ ဆရာကြီး ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေးကို
စတင်းသေနတ်ဖြင့် ပြစ်ခတ်သွားသည့်အထိ သေနတ်ပစ်ကျွမ်းကျင်သွားလေသည်။
ရန်ကြီးအောင်မှာ
လုပ်ကြံမှုကြီးနှင့် ပတ်သက်၍ ပထမတွင် ဟုတ်တိုင်းမှန်ရာများကိုပင်
ဖြောင့်ချက်ပေးပြီးမှ နောက်ပိုင်း၌ ဘူးကွယ်ပစ်ခဲ့သည်။
၎င်းတို့အား
ကြိုးမပေးမီ ရန်ကုန်ထောင်ကြီး ကြိုးတိုက်၌ မောင်စိန် (ခ)
စိန်ကြီးနှင့်အတူ အခန်းချင်းကပ်၍ ထားခဲ့သည်။ စိန်ကြီးမှာ ကြိုးပေးမခံမီ
မဂ္ဂဇင်းစာအုပ်များ တောင်း၊ စီးကရက် တောင်း၊ နောက်ဆုံး ၄င်းရည်းစားကိုပင်
တွေ့ခွင့်တောင်းကာ အခွင့်အရေးမျိုးစုံ တောင်းဆိုသွားသည်။
ရန်ကြီးအောင်မှာ
ဘာမျှမတောင်းသည့်အပြင် အေးဆေးစွာ ဘုရားအာရုံပြုကာ
ပုတီးစိပ်ဘာဝနာပွားများရင်း နေထိုင်သွားခဲ့လေသည်။ နောက်ဆုံး ကြိုးပေးမည့်
နံနက် ဝေလီဝေလင်း ၅ နာရီအချိန်၌ ၄င်းအိပ်သော သံကုတင်ထိပ်ဘောင်ပေါ်တွင်
ဘုရားဆီမီးများ ထွန်းညှိ၍ ကျုံ့ကျုံ့လေးဘုရားဝတ်ပြုနေသည်
ကို
ဝန်ထမ်းများ
တွေ့ရှိရလေသည်။ ကြိုးပေးရန် နီးလာ၍ ၄င်းအား ခေါ်ထုတ်သည့်အခါ၌လည်း
ငြိမ်ငြိမ်သက်သက်အေးချမ်းစွာ လိုက်ပါသွားသည်။
ထောင်ဝန်ထမ်းနှင့်ထောင်မှူးတို
့အား
၎င်းစိပ်ခဲ့သော စိပ်ပုတီးနှင့် စာကလေးတစ်စောင်ကို ပေးအပ်ကာ
၎င်းနောက်ဆုံးဝတ်သွားသော ရှပ်အင်္ကျီနှင့်လုံချည်တပတ်နွမ်း
ကလေးကို
ဖခင်ဖြစ်သူထံ ဆက်ဆက်ပို့ပေးရန် သက်ဆိုင်ရာသို့ မှာကြားသွားခဲ့လေသည်။
၎င်းသည်
လုပ်ကြံမှုကြီးတွင် ပါဝင်ကျူးလွန်ကြောင်း ဝန်ခံသွားရှာသည်။
ကြိုးပေးပြီးနောက် ဝန်ထမ်းများက ၄င်း အခန်းဘေးမှ ဖြတ်လျှောက်သွားရာ
ဘုရားဆီမီးများမှာ အချို့မှာ ငြိမ်း၍ အချို့မှာ ငြိမ်းလုငြိမ်းခင်
မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကို တွေ့ရလေသည်။ ဆီမီးအားလုံး
မငြိမ်းခင်မှာပင် ရန်ကြီးအောင်၏ ဇီဝိန်ကား ချုပ်ငြိမ်းသွားသည်မှာ
သင်္ခါရတရားသဘောအရ `ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်´ ဟူသည်ကို
လှစ်ဟနေပေသည်။
ရန်ကြီးအောင်က သူ့ဖခင်ထံပေးခဲ့သောမှာတမ်းစာလေး
မှာ-
`အဖေရေ
အဖေ့အနေနဲ့တော့ သားအတွက် မချိမဆန့်ပဋိဒေဝမီးတွေ တောက်လောင်နေပါလိမ့်မယ်။
ကျနော်ဟာ ကြိုးမိန့်ချခံရပြီး အယူခံပယ်လိုက်ပြီဆိုတဲ့သတင်း ကြားရကတည်းက
နေ့စဉ်ပုတီးစိပ်၊ တရားထိုင်ခဲ့ရာ သားတရားရခဲ့ပါပြီအဖေ။ သေခြင်းတရားကို
လူတိုင်းကြုံရမယ်ဆိုပေမယ့် ဒီလိုအဖြစ်ဆိုးမျိုးနဲ့တော့ သားမသေချင်တာတော့
အမှန်ပါပဲအဖေ။ ဒါပေမယ့် ကိုယ်ပြုခဲ့တဲ့အမှုအတွက် တစ်နေ့
ကိုယ်ပြန်ခံရမယ်ဆိုတာကို သားတရား ရခဲ့ပါပြီ။
သားကိုယ့်အပြစ်ကြောင့်
သေရမှာကို တစ်စက်မှ မကြောက်ပါဘူး။ ကျနော်နေ့တိုင်း စိပ်ခဲ့တဲ့ ပုတီး၊
မသေခင် ဝတ်ထားတဲ့ အင်္ကျီနဲ့ လုံချည် လေးကို ယခုစာနဲ့အတူ
အဖေ့ထံအပ်နှံခဲ့ပါတယ်။ ညီလေးတွေကြီးလာတဲ့တစ်နေ့ ကျနော်ပေးခဲ့တဲ့ ပုတီး၊
အဝတ်အစားနဲ့ စာကိုပြပြီး ကျနော့်လို မမိုက်ဖို့ ဆုံးမပေးရန်
အဖေ့ကိုမှာရင်း သား ရိုသေလေးမြတ်စွာကန်တော့ခဲ့ပါတယ်။
သားရန်ကြီးအောင်
ရန်ကြီးအောင်၏
မှာတမ်းစာလေးကို သေသေချာချာဖတ်ကြည့်ပါက စေ့စေ့တွေးလျှင် ရေးရေးပေါ်ဆိုသလို
သံဝေဂတရားများရပြီးရင်း ရခဲ့ပါသည်။ လောက၌
လုပ်သင့်လုပ်ထိုက်သည့်ကိစ္စများ
ကို မလုပ်ခဲ့သော် သို့မဟုတ်
မလုပ်သင့်မလုပ်ထိုက်သည်ကို လုပ်မိခဲ့ပါက နောင် တချိန် တွင် ပူပန်နေရမည်မှာ
မလွဲဧကန်ပင် ဖြစ်သည်။ ယင်းသည်ပင်လျှင် နောင်တတရားများပင် မဟုတ်ပါလော။
(သန်းဝင်းလှိုင်)