Wednesday, March 27, 2013
မျက်လုံးထဲ တက်တူးထိုးခြင်း
မျက်လုံးထဲ တက်တူးထိုးတဲ့ ယဉ်ကျေးမှုက ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ရှိခဲ့တာလို့ လေ့လာရပါတယ်။
ရည်ရွယ်ချက်က နှစ်မျိုးပဲ ရှိပါတယ်။ အလှအပ နဲ့ ကျန်းမာရေး အတွက် ဖြစ်ပါတယ်။ အလှအပအနေနဲ့ ရည်ရွယ်ချက်နဲ့ မျက်လုံးထဲ တက်တူးထိုးတာတော့ ၂၁ ရာစုမှာ အတော်လေးနည်းသွားပါပြီ။ မျက်ကပ်မှန် ယဉ်ကျေးမှု ထွန်းကားလာလို့ ဖြစ်ပါတယ်။
မျက်လုံးထဲမှာ တက်တူးထိုးစရာ နှစ်နေရာ ရှိပါတယ်။ Cornea လို့ခေါ်တဲ့ မျက်ကြည်လွှာနဲ့ Sclera လို့ခေါ်တဲ့ မျက်ဖြူသား ဖြစ်ပါတယ်။ ဒါကြောင် မြန်လာလို လိုရင်းခေါ်မယ်ဆိုရင် မျက်စံတက်တူးနဲ့ မျက်ဖြူသား တက်တူး ဖြစ်ပါတယ်။
မျက်ကြည်လွှာ တက်တူးထိုးခြင်း
မျက်စံ အနက်တည့်တည့်မှာ ထိုးတဲ့ တက်တူးက Corneal tattooing ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်ကျော်ကတည်းက ရှိတာ ဖြစ်ပါတယ်။ အများစု ကတော့ ကျန်းမာရေး ကုထုံးအတွက် အသုံးပြုတာ လေဆာမင်တံ နဲ့ ဖောက်ပြီး ထိုးပါတယ်။ မျက်ကြည်လွာမှာ တိမ်ဖုံးနေမှုများ၊ အဆင်းထင်နေမှုများ၊ ပုံပျက်နေမှုများကို ပြင်ဆင်ပေးတယ်လို့ ဆိုပါတယ်။ အခြားသော ကျန်းမာရေးရည်ရွယ်ချက်များနဲ့လည်း ထိုးပါတယ်။ မျက်လုံးနဲ့ ပက်သက်လို့ ဖြစ်ပွားတဲ့ ရောဂါတွေကို ကုဖို့အတွက် ဖြစ်ပြီး အမြင်ပြန်ကောင်း လာတဲ့ အကျိုးကျေးဇူးတွေ ရတယ်လို့ ဆိုပါတယ်။
နောက်ထပ်ရည်ရွယ်ချက်က အလှအပအတွက် ဖြစ်ပါတယ်။ အပြာရောင် လဲ့လဲ့သန်းတဲ့ မျက်ကြည်လွှာ ပိုင်ဆိုင်ရရှိဖို့အတွက် အပြာရောင် ဆေး တက်တူးထိုးကြပါတယ်။ အမြင်အာရုံကို မထိခိုက်ဘူးလို့ ဆိုပါတယ်။ အလှအပ အတွက် မျက်ကြည်လွှာ-မျက်စံအနက်မှာ တက်တူးထိုးတဲ့ အလေ့အထလည်း ရှိနေပါသေးတယ်။
Corneal tattooing မှာ အက်ဆီးဒန့် ဖြစ်တတ်ပါတယ်။ ဖြစ် လည်း ဖြစ် တတ်ကြပါတယ်။ အဆိုးဆုံး အက်ဆီးဒန့်ကတော့ အမြင်အာရုံ ဆုံးရှုံးရတဲ့ အဆင့်အထိ ဖြစ်ပါတယ်။ ဒါကြောင့် မျက်လုံးထဲ တက်တူးထိုးခြင်းကို ကျန်းမာရေးအတွက် ဆိုရင် မျက်စိအထူးကု ဆရာဝန်တွေသာ နိုင်ငံတကာမှ ခွင့်ပြုချက်ရပြီး အလှအပအတွက်ကတော့ သာမန် တက်တူးဆရာများကို လိုင်စင်နဲ့ ခွင့်ပြုပေးထားတာ ရှိတယ်လို့ ဆိုပါတယ်။
မျက်ဖြူသားပေါ် တက်တူးထိုးခြင်း
Eyeball Tattoo
နောက်ထပ် မျက်လုံးထဲ တက်တူးထိုးနည်းကတော့ မျက်ဖြူသားကို တက်တူးထိုးတဲ့ Scleral tattooing ဖြစ်ပါတယ်။ ဒါကတော့ Extreme Practice လို့ သတ်မှတ်ထားပါတယ်။ တရားဝင်ခွင့်ပြုထားမှု နည်းပါတယ်။ မျက်ဖြူသားတစ်ခုလုံးကို အပြာရောင်ခြယ်တာမျိုး၊ အနီရောင် ခြယ် တာမျိုးတို့ ဖြစ်ပါတယ်။  သူက မျက်လုံးနဲ့ တိုက်ရိုက်ဆက်ထားတဲ့ အာရုံကြောများကို ထိခိုက်လွယ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မျက်ဖြူသားပေါ် တက်တူးထိုးတဲ့ အလေ့အထကတော့ နည်းပါတယ်။ သို့ပေမယ့် တက်တူးရူးသွတ်သူများအတွက်ကတော့ မျက်ဖြူသားပေါ် တက်တူးထိုးခြင်းဟာလည်း အလှအပတစ်ခုလို့ပဲ မှတ်ယူပါတယ်။ အသဲပုံ ပုံစံ၊ နှင်းဆီပုံစံ၊ စာရေးထိုးခြင်း အစရှိသဖြင့်တို့ကို ပြုလုပ်ပါတယ်။
Eyeball Tattoo
----
----
မျက်လုံးထဲ တက်တူးထူးခြင်းက ကျန်းမာရေး လိုအပ်ချက်အတွက် ပြုလုပ်တာပဲ ကောင်းတယ်လို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ ဒါတောင် အပြည့်အဝ ကောင်းမွန်လာနိုင်တယ်လို့ ဆရာဝန်များ အာမ မခံထားပါဘူး။ ကံမကောင်းရင် အမြင်အာရုံ ဆုံးရှုံး ရနိုင်ပါတယ်။ မျက်ကပ်မှန် ရေပန်းစားလာတဲ့ ခေတ်ကြီးမှာ မျက်လုံးထဲ တက်တူးထိုးတဲ့ ယဉ်ကျေးမှုကတော့ အတွေ့နည်းလာပါတယ်။ လုံးဝပျောက်ကွယ်သွားတာမျိုးတော့ မဖြစ်နိုင်သေးပါဘူး။ တက်တူး ထိုးတဲ့ ယဉ်ကျေးမှု ရှိနေသရွေ့ မျက်လုံးထဲ တက်တူးထိုးခြင်းကလည်း ဆက်လက် တည်ရှိနေအုံးမှာ ဖြစ်တယ်လို့ cosmetic ပညာရှင်တို့ ခန့်မှန်းထားပါတယ်။
------
Ref:wiki
အောင်ခမ်း (TSJ team)
Sunday, March 24, 2013
သင်္ကြန်ဆိုတာ..
-------- သင်္ကြန်ဆိုတာ..
သင်္ကြန် သည် သင်္ကန္တ ဆိုတဲ့ ပါဠိစကားမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ရွတ်ဆိုသည့် အခါမှာ သင်ကန်တ အရ ရရစ်သံနဲ့ ရွတ်ရာကနေ သင်္ကြန်ဖြစ်လာတယ်ဟု ဆိုကြပါသည်။ အဓိပ္ပါယ်က ကူးပြောင်းခြင်းပါ။
သင်္ကြန်ပုံပြင်
သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂ ယောက် စကားပြောရာမှ ကဿပ ဘုရားရှင် လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပါတ်လျှင် ၈ ရက်ရှိ ခဲ့ပါသည်။ ယခုအခါ ၇ ရက်သို့ ပြောင်းသွားပြီ ဖြစ်ကြောင်း သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံ ကြပါသည်။ ထို့နောက် ရှုံးတဲ့လူက ခေါင်းဖြတ်ကြေး ဟု သတ်မှတ်ကာ လူပြည်သို့ ဆင်းပြီ ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူပါသည်။ အဘိဥာဏ်ရ ရသေ့က ယခုအခါတွင် လူပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇ ရက်သာ ရှိတော့သည်ဟုပြောလေသည်။ ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း ဦးခေါင်းကို အဓိဌာန်ဖြင့် ဖြတ်လိုက်ပါသည်။ ထို ဗြဟ္မာခေါင်းပြတ်ကြီး သိကြားမင်း လက်ထက်တွင် ရောက်သည့်အခါ သိကြားမင်းမှာ စဉ်းစာပါသည်။ မြေပေါ်ထားလျှင် ၇ နှစ် ကမ္ဘာမီးလောင် ပြီး မိုးခေါင်ပါမည်၊ ရေတွင် ထားပါက သမုဒ္ဒရာ ၇ စင်းမှ ရေများ ခန်းခြောက်မည် ဖြစ်သဖြင့် နတ်သမီး ၇ ယောက်မှ တစ်နှစ်လျှင် တစ်ယောက်ကြ ဗြဟ္မဦးခေါင်း ကိုင်ရန် တာဝန်ကျပါသည်။ ထို နတ်သမီး တစ်ဦးနှင့်တစ်ဦး ဦးခေါင်းကိုင်ရန် အလွှဲအပြောင်းတွင် သင်္ကြန်ကျပါသည်။ ထိုအကူအပြောင်းအခါကို တွက်၍ ဘယ်နေ့တွင် ကူးပြောင်မည်ဟု သတ်မှတ်ကြပါသည်။  အဲဒါကို သင်္ကန္တ အခါလို့ ဆိုကြတယ်။နှစ်တစ်နှစ်ပြည့်တယ်လို့လဲ သတ်မှတ်ပါသည်။ ဒီကာလမှာ သိကြားက လူ့ပြည်မှာ ကောင်းမှု ထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် လူ့ပြည်ကို ဆင်းပြီး ဆောင်ရွက်ဖို့ ကြိုးစားတယ် ။ မှတ်တမ်းများမှတ်သားတယ်လို့ ဆိုပါတယ်။ ကောင်းသူကို ရွှေပေလွှာမှာရေးပြီး ၊ မကောင်းသူကို ခွေးသားရေမှာ ရေးပါသည်။ ထိုကာ ရှေးဟောင်း ပုံပြင် ဖြစ်ပါသည်။
ဗေဒင်ကျမ်းများအရ
လူမျိုးတော်တော်များများတွင် ရိုးရာ ပြက္ခဒိန်မျာရှိကြပါသည်။ မြန်မာတို့၏ ရိုးရာပြက္ခဒိန်သည် သူရိယမာသခေါ် နေသွားလမ်းကြောင်းကို မူတည်ပြီတွက်ခဲ့ကြပါ သည်။ ကမ္ဘာကြီးက နေကို လှည့်နေတာဟာ မိဿရာသီက စတင်ပြီးကြည့်ရင် ပြိဿ ၊မေထုန်……..မိန် ရာသီကိုရောက်တဲ့ အခါ သူရိယသိဒ္ဓ န္တကျမ်းအရ (၃၆၅)ရက် ၊ (၆) နာရီ ၊ (၁၂)မိနစ် ၊ (၃၇)စက္ကန့် ပြည့်ပြီး တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် ကနေ မိဿရာသီအစ သုညအင်္သာ ကို ၀င်တယ်လို့ သတ်မှတ်ပါသည်။ အဲဒီဝင်စအချိန်မှ ကူးပြောင်းခြင်း စ ပါသည်။ ဆိုလိုတာက သင်္ကြန်ကျတယ်။ ဒါပေမယ့် တကယ်တမ်း နှစ်သစ်ကို မကူး သေးပါ။ နောက် ထပ် (၂)ရက်၊ (၄) နာရီ၊ (၄) မိနစ် ၊ (၄၀)စက္ကန့်ကြာမှ နှစ်သစ် ကူးပါတယ်။ ဒီတော့ နေသွားလမ်းကို (၁၂) ရာသီခွင်နဲ့ ညှိပြီး လသွားလမ်းနဲ့ ပြက္ခဒိန် ရေးထားတဲ့ မြန်မာတွေ အတွက် တန်ခူးလမှာ နှစ်သစ်ကို ကျရောက်လေ့ရှိပါသည်။ ကြွင်းကျန် ၂ ရက်နှင့် ၄ နာရီကို ပြန်ဖြည့်သည့်အနေဖြင့် ၀ါထပ်နှစ်များထည့်တွင်းကာ ရက်များ ထပ်တိုးပြီး အမှား အယွင်းကင်းစွာ ပြက္ခဒိန်များရေးဆွဲခဲ့ကြသည်။ ထို့အပြင် ကျန်နေသေးသည့် မိနစ်နှင့် စက္ကန့်များအားလုံးကို ပေါင်းကာ ရက် အစားထိုး သည့်အနေနှင့် အချို့ နှစ်များတွင် ကဆုန်လတွင် သင်္ကြန်ကြပါသည်။ ထိုသည်ကို သိသာစေရန်အတွက် သင်္ကြန်စာများတွင် တနင်္ဂနွေ ဂြိုဟ်မင်း ဆင်းသည်ဟု ရေးသားခဲ့ကြပါသည်။ သင်္ကြန်းကျသည့် နေ့အပေါ် မူတည်ကာ တနင်္ဂနွေဂြိုဟ်မင်း လက်ကိုင်သည့် ပစ္စည်း ကွဲသွားပါသည်။ စီးသည့် ယဉ် ကွဲပါသည်။ ဗေဒင်ကျမ်းများတွင် သင်္ကြန်အခါ သိကြားမင်း ဆင်းသည်ဟု လုံးဝ မရေးထားပါ။
သိကြားမင်းဆင်းသည်ဟု ပြောနေကြသည်မှာ မှားယွင်းစွာ ပြောနေကြခြင်းဖြစ်ပါသည်။
ပွဲတော်ဖြစ်လာပုံ
သင်္ကြန်ပွဲတော် သည် မှတ်တမ်းများအရ ပုဂံခေတ်မှ စတင်ပါသည်။ နှစ်ဟောင်းမှ အညစ်အကျေးများ နှစ်သစ်သို့ မပါစေရန် ရေသဘင်ပွဲ ကျင်းပ ခဲ့ခြင်းမဟုတ်ဘဲ နှစ်ဟောင်းတွင် ပြုလုပ်ခဲ့မိသည့် အကုသိုလ်များ ပြေပျောက်စေရန်အတွက် နှစ်ကူးခါနီး တွင် ဘိုးဘွားမိဘဆရာသမားများကို ခေါင်းလျှော်ပေးခြင်း၊ ရေချိုးပေးခြင်း၊ ခြေသည်း၊ လက်သည်းလှီးပေးခြင်း၊ သီလစောင့်ခြင်း၊ တရားနာခြင်း၊ ကုသိုလ်ရေးအတါက် ဘေးမဲ့ လွှတ်ခြင်း၊ စတုဒီသာ မုန့်များပြုလုပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြသည်။ ထိုနေ့များတွင် ကလေးသူငယ်များမှ အချင်းချင်း ရေပတ်ကစားခဲ့ကြသည်။ ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး  စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်တွင် စတင်ပါသည်။ ထိုမင်းလက်ထက်တွင် သင်္ကြန်ကို ရက် ၄၀ ကျခဲ့သည်ဟု မှတ်တမ်းများအရ သိရပါသည်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံ ကို အရှက်ကွဲအောင် စနောက်မိခဲ့သဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံ သည်အထိ ဖြစ်ခဲ့သည်။ သင်္ကြန်၏ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုပါ။
-------
မူရင်း-အလင်းစေတမန်(MULTIPLY)
သမိုင်းထဲက ဒရယ်ကူလာ
သမိုင်းထဲက ဒရယ်ကူလာ 
ဒရယ်ကူလာ မြို့ စားမ သို့မဟုတ် လူသတ်သမား မြို့ စားမ လို့လည်း ခေါ်ဆို တဲ့ 
Elizabeth Bathory de Ecsed အမည်ရ အမျိုးသမီး တစ်ဦးဟာ သမိုင်း ထဲက 
လူအများဆုံး သတ်တဲ့ လူသတ်သမားအဖြစ် စံချိန်တင်ထား ပါတယ်။ 
ဥရောပ ဟန်ဂေရီနိုင်ငံက ဖြစ်ပြီး သက္ကရာဇ် ၁၆၁၀ ခုနှစ် ကာလက ဖြစ် ပါတယ်။ မြို
တာဝန်ထမ်းဆောင်ရပြီး သူမရဲ့  လူသတ်တဲ့ အစီအစဉ်ကို စတင်ပါတော့ တယ်။ 
အပျိုစင်အမျိုးသမီးပေါင်း အယောက် ၆၅၀ သတ်တယ်လို့ လူအများ ယုံကြည်ထားပြီး 
တရားဝင်ထွက်ဆိုချက်မှာတော့ အယောက် ၈၀ ပဲ ရှိပါ တယ်။ 
သူမအနေနဲ့ ထာဝရ နုပျိုနိုင်ဖို့အတွက် အပျိုစင်တို့ကို သတ်ပြီးရတဲ့သွေး ကို 
သောက်ခြင်း ဖြစ်ပြီး ယင်းအယူအဆကြောင့် သူမကို ဒရက်ကူလာ လို့လည်း 
လူသိများလာပါတယ်။ နောက်ပိုင်းကျတော့ အစိုးရမှ သိရှိပြီး ဖမ်းဆီးလို့ 
ထောင်ချခဲ့ပါတယ်။ သူမကို ယနေ့တိုင် သမိုင်းထဲက ကမ္ဘာ့ လူအများဆုံး 
သတ်ဖြတ်သော လူသတ်သမား ၊ ဒရက်ကူလာအဖြစ် မှတ်တမ်းတင်စေခဲ့ကြောင်း သိရပါတယ်။ 
--
Ref: wiki
ရိုးရာလေး ဗဟုသုတ
--
http://www.yoyarlay.com/international-news/europe/34783-woman-serial-killer
--
ဒရယ်ကူလာ မြို့ စားမ သို့မဟုတ် လူသတ်သမား မြို့ စားမ လို့လည်း ခေါ်ဆို တဲ့ Elizabeth Bathory de Ecsed အမည်ရ အမျိုးသမီး တစ်ဦးဟာ သမိုင်း ထဲက လူအများဆုံး သတ်တဲ့ လူသတ်သမားအဖြစ် စံချိန်တင်ထား ပါတယ်။
ဥရောပ ဟန်ဂေရီနိုင်ငံက ဖြစ်ပြီး သက္ကရာဇ် ၁၆၁၀ ခုနှစ် ကာလက ဖြစ် ပါတယ်။ မြို့ ဝန် (ခင်ပွန်း) ဖြစ်သူ ကွယ်လွန်ပြီးနောက် မြို့ စား ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရပြီး သူမရဲ့  လူသတ်တဲ့ အစီအစဉ်ကို စတင်ပါတော့ တယ်။ အပျိုစင်အမျိုးသမီးပေါင်း အယောက် ၆၅၀ သတ်တယ်လို့ လူအများ ယုံကြည်ထားပြီး တရားဝင်ထွက်ဆိုချက်မှာတော့ အယောက် ၈၀ ပဲ ရှိပါ တယ်။
သူမအနေနဲ့ ထာဝရ နုပျိုနိုင်ဖို့အတွက် အပျိုစင်တို့ကို သတ်ပြီးရတဲ့သွေး ကို သောက်ခြင်း ဖြစ်ပြီး ယင်းအယူအဆကြောင့် သူမကို ဒရက်ကူလာ လို့လည်း လူသိများလာပါတယ်။ နောက်ပိုင်းကျတော့ အစိုးရမှ သိရှိပြီး ဖမ်းဆီးလို့ ထောင်ချခဲ့ပါတယ်။ သူမကို ယနေ့တိုင် သမိုင်းထဲက ကမ္ဘာ့ လူအများဆုံး သတ်ဖြတ်သော လူသတ်သမား ၊ ဒရက်ကူလာအဖြစ် မှတ်တမ်းတင်စေခဲ့ကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး ဗဟုသုတ
Sunday, March 10, 2013
" FACE BOOK ပေါ် မှ ဗုဒ္ဓပုံတော် ဟုပြောဆိုနေကြသောကိစ္စ အဖြစ်မှန် "
အခုပုံကတော့ "တိဘက်"က "ဗုဒ္ဓဘာသာ ဂိုဏ်းကွဲ"တစ်ခုဖြစ်တဲ့ "ဝဇီရာယနဂိုဏ်း"ရဲ့ "တန်ထရာဗုဒ္ဓ "ရုပ်ပုံပါ။" မြတ်ဗုဒ္ဓရဲ့ပုံတော် အစစ်မဟုတ်"တဲ့ အတွက် "ရုပ်ပွါးတော်"လို့ ခေါ်လို့မရပါဘူး။ ပုံကတော့ သူတို့ရဲ့ ယောဂကျင့်စဉ်တွေထဲက ကာမဂုဏ်ခံစားတဲ့ ကျင့်စဉ်တစ်ခုကို ပုံဖော်ထားတဲ့ "ကာမမုဒြာ ပုံ"ပါ။
"တိဘက်ထုံးစံ" အရ "ဇနီးမောင်နှံ နှစ်ဦးစလုံး အတွက် အသုံးဝင်တဲ့ ကျင့်စဉ်"လို့ ဆိုပါတယ်။ အမျိုးသားနဲ့အမျိုးသမီး ပူးတွဲလေ့ကျင့်လို့ ရသလို တစ်ဦးထဲလည်း လေ့ကျင့်လို့ရပါတယ်တဲ့။
"ဝဇီရာယန" ဆိုတာ လက်ရှိ "ဒလိုင်းလားမား" ယုံကြည်လက်ခံ ကျင့်သုံးနေတဲ့ ဝါဒလည်းဖြစ်ပါတယ်။ သူကိုယ်တိုင် "တန်ထရာယောဂ"ကို ကျင့်ကြံလား ဆိုတာတော့ သူကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။ မြန်မာပြည်မှာ အသံထွက်လာတဲ့ "ကာမကို အလှူခံလို့ရတယ်" ဆိုတဲ့ ဝါဒနဲ့တော့ မသက်ဆိုင်ဘူးထင်ပါတယ်။
ကျွန်တော်တို့ရဲ့" ထေရဝါဒ"နဲ့ "မဟာယန" မတူသလို" ထေရဝါဒ"နဲ့ "ဝဇီရာယန" ဟာလည်း လားလားမှ မဆိုင်ပါဘူး။ တင်တဲ့သူတွေကတော့ ဘာရည်ရွယ်ချက်နဲ့ တင်ကြလည်းမသိပါ။ ဒီကျင့်စဉ်တွေဟာ မနေ့တနေ့ကမှ ပေါ်လာတာမဟုတ်ဘဲ နှစ်ပေါင်းရာပေါင်း များစွာကတည်းက တစ်ခြားအယူဝါဒ ကျင့်စဉ်တွေနဲ့ ရောပြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်လည်း ကျွန်တော်တို့ကျင့်သုံးတဲ့ ထေရဝါဒ (မဟာယနတွေအခေါ် ဟိနယန ) ပိဋကတ်တော်တွေကို ရှေးမူအတိုင်း မပျောက်မပျက် စင်ကြယ် အောင် သံဃာယနာ ၆ ကြိမ်တိုင်တင်ခဲ့ရတာ ဝိနယတော်တွေကို အစဉ်အဆက် ထိန်းသိမ်းလာခဲ့ ကြရတာ ဖြစ်ပါတယ်။
"ဝဇီရာယန"နဲ့ "တန်ထရာယောဂ" အကြောင်း အသေးစိတ်သိလို သူများ အောက်ပါလင့်ခ်များမှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။
http://en.wikipedia.org/wiki/Tantra_techniques_(Vajrayana)
http://en.wikipedia.org/wiki/Karmamudrā
http://tantrismuskritik.blogspot.com.au/2011/01/true-face-of-dalai-lama-playing-around_21.html
ဒီနေရာမှ မျှဝေပါသည်
Friday, March 8, 2013
"ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ"
by Ter Tee on Saturday, March 2, 2013 at 12:25am ·
တောင်အမေရိကတိုက်မှာ ဒုတိယအသေးဆုံးနိုင်ငံလေးဖြစ်ပေမယ့် အဖွံ့ဖြိုးဆုံး တိုင်းပြည်တစ်ပြည်အဖြစ် ရပ်တည်နေနိုင်တဲ့ ဥရုဂွေးနိုင်ငံရဲ့ လက်ရှိသမ္မတကတော့ အသက် ၇၇ နှစ်အရွယ် Jose Alberto Mujica Cardano ဖြစ်ပါတယ်။ သူ့ကို ကမ္ဘာ့အရက်ရောဆုံးနဲ့ အဆင်းရဲဆုံးသမ္မတအဖြစ် လူသိများထင်ရှားပါတယ်။
အဲဒီလို နာမည်ကျော်ကြားရတဲ့ အကြောင်းရင်းကတော့ သမ္မတ Mujica ဟာ သူရတဲ့လစာရဲ့ ၉၀ ရာခိုင်နှုန်းကို လစဉ်လှုဒါန်းလေ့ရှိတာကြောင့်ဖြစ်ပါတယ်။
Mujica ကို ၁၉၃၅ ခုနှစ် ၊ မေလက ဥရုဂွေးနိုင်ငံမြို့တော် Montevideo မှာ မွေးဖွားခဲ့ပါတယ်။ သူ့အသက် ငါးနှစ်အရွယ်မှာ လူမွဲစာရင်းခံယူခဲ့တဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာကြောင့် ဘ၀ကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ Mujica ဟာ အရွယ်ရောက်လာချိန်မှာတော့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ၀န်ကြီးတစ်ယောက်ဖြစ်ခဲ့သလို လွှတ်တော်အမတ်တစ်ယောက်လည်း ဖြစ်ခဲ့တဲ့ Mujica ဟာ ၂၀၀၉ ခုနှစ် သမ္မတရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီး ၂၀၁၀ပြည့်နှစ် ၊ မတ်လ ၁ ရက်နေ့မှာတော့ ဥရုဂွေး သမ္မတဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အထိ သမ္မတ တာဝန်ကို ထမ်းဆောင်မှာဖြစ်တဲ့ Mujica ဟာ သူ့လိုပဲ လွှတ်တော်အမတ်တစ်ယောက်ဖြစ်တဲ့ Lucia Topolansky နဲ့ ၂၀၀၅ ခုနှစ်ကတည်းက လက်ထပ် ထိမ်းမြားခဲ့ပေမယ့် သားသမီးတော့ မထွန်းကားခဲ့ပါဘူး။
ဥရုဂွေး သမ္မတကြီး Jose Mujica နှင့်သူ၏ ဇနီး
သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအပြီးမိန့်ခွန်းပြောစဉ်
သမ္မတ Jose Mujica ၏ ဇနီး လွှတ်တော်အမတ် Lucia Topolansky
ရက်ရောစွန့်ကြဲမှုကြောင့် နာမည်ကျော်ကြားတဲ့ Mujica ဟာ သူ့ရဲ့လခ အမေရိကန်ဒေါ်လာ ၁၂၅၀၀ ထဲက သူ တစ်လတာသုံးစွဲဖို့ ဒေါ်လာ ၁၂၅၀ ကိုသာချန်ထားပြီး ကျန်ငွေအားလုံးကို လှုဒါန်းပစ်သူဖြစ်ပါတယ်။ အလှုအတန်းရက်ရောသူဖြစ်ပေမယ့် Mujica ဟာ ဘာသာတရားကို ယုံကြည်သက်ဝင်သူ တစ်ယောက်တော့ မဟုတ်ပါဘူး။ Mujica ရဲ့ ဘ၀ကြင်ဖော် ဇနီးသည်ဟာလည်း သူ့လိုပဲ လစာရဲ့ တစ်စိတ်တစ်ပိုင်းကို လှုဒါန်းလေ့ရှိသူဖြစ်ပြီး အသွင်တူတဲ့ သူတို့ဇနီးမောင်နှံဟာ နိုင်ငံတော်ကပေးတဲ့ သမ္မတအိမ်တော်မှာမနေဘဲ ဇနီးသည် အမည်ပေါက်တဲ့ Montevideo မြို့စွန်က လယ်တောအိမ်လေးမှာပဲ ခွေးကလေးတစ်ကောင်နဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပန်းတွေစိုက်ရင်း နေထိုင်ကြပါတယ်။
သမ္မတကြီး နေထိုင်သော ယာတောအိမ်ကလေး
 Mujica ဟာ ငွေအိပ်နှံထားတဲ့ ဘဏ်စာရင်းလည်းမရှိ ၊ အကြွေးလည်းမရှိရုံမက ပိုင်ဆိုင်မှုအဖြစ် Volkswagen Beetle ကားဟောင်းလေးတစ်စီးသာ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာမှာ ရှာမှရှားတဲ့ လေးစား အတုယူဖွယ် သမ္မတကြီးလို့ ဆိုနိုင်ပါတယ်။ by Ter Tee
 ပုတက် ဂျာနယ်
အတွဲ ၂ အမှတ် ၄၀
၁၈ အောက်တိုဘာ ၂၀၁၂
Wednesday, March 6, 2013
အလျှင်
သေဆုံးတယ်ဆိုတာမရှိဘူး၊
သေတယ်မဆုံးဘူး၊
မဆုံးအောင်သေတယ်၊
သေပြီးသားလူတွေထပ်သေတယ်၊
သေရမဲ့လူတွေအသက်ဆက်တယ်၊
မသေမရှင်တွေကမရှင်မသေ၊
သေခြင်းနဲ့ရှင်ခြင်းဟာသိတ်မကွဲပြားတော့ဘူး။
ဟိုနားမှာမွေးပြီး၊ဒီနားမှာသေတယ်၊
... စောစောကမွေးပြီးခုလေးတင်သေတယ်၊
မွေးကတည်းကသေပြီးသားလည်းဖြစ်မယ်
အသေ၊
အရှင်၊
မသေမရှင်၊
အဲဒီကြားမှာအပျောက်ရှိတယ်။
အသေလည်းပျောက်တယ်၊
အရှင်လည်းပျောက်တယ်၊
မသေမရှင်တွေလည်းပျောက်တယ်။
အရှင်ဖြစ်ဖြစ်၊
အသေဖြစ်ဖြစ်ဖြစ်၊
မသေမရှင်ဖြစ်ဖြစ်၊
အပျောက်ဖြစ်ဖြစ်၊
ဖက်နဲ့ထုတ်ထားရတဲ့အသက်ဟာဘယ်တော့မှအသေမဖြောင့်ဘူး။
အသက်ငင်နေတဲ့
စားစရာ၊
သောက်စရာ၊
ဝတ်စရာ၊
နေစရာ၊
သေငယ်ဇောနဲ့မြောနေတဲ့
သေစရာနဲ့ရှင်စရာ။
မသေမချင်းတော့ရှင်လိမ့်မယ်
ရှင်ပေမဲ့လည်းဆုံးနေပါပြီ။
(မင်းကိုနိုင်)